မားကတ်တင်းဂုရု၏အမေးအဖြေများ

( 0 မှတ်ချက်)

20000 (ကျပ်)

“Marketing ပညာ လေ့လာလိုက်စားသူတွေ၊ Marketing နယ်ပယ်နဲ့ ဆက်နွှယ်နေသူတွေ၊
Marketing နယ်ပယ်ထဲသို့ ဝင်လိုသူတွေ၊ Marketing Professional တွေ၊ ကျောင်းသားကျောင်းသူတွေ အားလုံးအတွက် ရည်ရွယ် ရေးသားထားတဲ့ စာအုပ်”

American Marketing Association က မဲပေးရွေးချယ်ခဲ့တဲ့ ဈေးကွက်ရှာဖွေခြင်း အတွေးအမြင်ကဏ္ကရဲ့ ကမ္ဘာ့ပထမဆုံးခေါင်းဆောင်တစ်ဦးဖြစ်သူ . . . ကမ္ဘာ့ကနဦးဆုံး ဈေးကွက်ရှာဖွေခြင်း လက်တွေ့အသုံးကျနည်းဗျူဟာကျွမ်းကျင်ပညာရှင်တွေထဲက တစ်ဦးလည်းဖြစ်သူ . . .“ဈေးကွက်ရှာဖွေခြင်းစီမံခန့်ခွဲမှု” စာအုပ်နဲ့ ဈေးကွက်မြှင့်တင်ခြင်းအပေါ် Kotler အမြင်” စာအုပ်တွေအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စာအုပ်အမြောက်အမြားကို ရေးသားခဲ့သူ . . .  အမေရိကန်လူမျိုး ဈေးကွက်ရှာဖွေခြင်းဆိုင်ရာ စာရေးဆရာ၊ အကြံပေး၊ ဂုဏ်ထူးဆောင်ပါမောက္ခ တစ်ဦးဖြစ်သူ မားကတ်တင်းဂုရုကြီး Philip Kotler ရဲ့ “Philip Kotler နှင့် Marketing : မားကတ်တင်းဂုရု၏ အမေးအဖြေများ” စာအုပ် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်က ရေးသားခဲ့တဲ့ ယခုစာအုပ်မှာ လက်ရှိ မျက်မှောက်ကာလ ဈေးကွက်ရှာဖွေ ဖော်ဆောင်ရေးနယ်ပယ်အတွင်း ဖြစ်ပွားနေတဲ့ အပြောင်းအလဲတွေကို ထင်ဟပ်စေနိုင်မယ့် အချက်များစွာ ပါဝင်ပါတယ်။

မိမိကုမ္ပဏီ၊ လုပ်ငန်းနဲ့ ဈေးဆိုင်၊ Online အရောင်းအဝယ် . . . စသဖြင့် ဘယ်လို နယ်ပယ်ကဏ္ဍမှဖြစ်ပါစေ ယခုစာအုပ်က‌နေ မိမိတို့လိုချင်၊ လိုအပ်တဲ့ မေးခွန်းတွေရဲ့အဖြေကို တွေ့နိုင်ပါမယ်။

ကုမ္ပဏီကြီးတွေမှာ ဈေးကွက်ရှာဖွေဖော်ဆောင်ရေး၊ ကုန်အမှတ်တံဆိပ်တည်ဆောက်ရေး နယ်ပယ်အတွင်း လုပ်ကိုင်နေတဲ့ ပရော်ဖက်ရှင်နယ် ဝန်ထမ်းတွေ အနေနဲ့လည်း ဈေးကွက်ရှာဖွေခြင်းဆိုင်ရာကြုံတွေ့ရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေရဲ့အဖြေနဲ့ အကြောင်းရင်းတွေကို ယခုစာအုပ် ဖတ်ရှုခြင်းအားဖြင့် သုံးသပ်ဆင်ခြင် ပြင်ဆင်အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။
===
မားကတ်တင်းဂုရု၏ အမေးအဖြေများ” စာအုပ်မှာ Marketing ကို လေ့လာနေသူမှစ၍ လုပ်ငန်းရှင်၊ Professional၊ Online Seller နှင့် ဈေးကွက်ရှာဖွေခြင်းနဲ့ ဆက်နွယ်နေတဲ့ လူတိုင်းအတွက် အသုံးချနိုင်သော လက်တွေ့ဉာဏ်ပညာများကို တစ်နေရာတည်း တင်ပြထားတဲ့ အရေးပါဆုံးစာအုပ်တစ်အုပ်ပါ။ Marketing ကို သင်ကြားလိုသူ၊ လုပ်ငန်းတိုးချဲ့ချင်သူ၊ Strategy တည်ဆောက်ချင်သူတိုင်း မဖတ်မနေဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

203 (Woodfree paper)

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.3 inches

ပုံနှိပ်မှတ်တမ်း

တူဒေးစာပေ၊ 2025 ဒီဇင်ဘာလ (ပထမအကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မားကတ်တင်းဂုရု၏အမေးအဖြေများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာသာထွန်းဦး စာအုပ်များ