


ကိုယ့်ရပ်ဌာနေ
6800 (ကျပ်)
အမေရိကန်တောင်ပိုင်းပြည်နယ်တွေအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်ကားတွေကြည့်ပြီး တောင်ပိုင်းကို ငယ်စဉ်ကပင် စိတ်ဝင်စားခဲ့ပါသတဲ့။ရှုမဆုံးတော့သည့် စိုက်ခင်းတွေ၊ ကြီးကျယ်ခမ်းနားလှသည့် ယာတောအိမ်ကြီးတွေ၊ နူးညံ့လျှင် သူတို့ပြည်နယ်ထွက် ဝါဂွမ်းတွေလိုနူးညံ့ပြီး ကြမ်းပြီဟေ့ ဆိုလျှင်လည်း မစ္စစ္စပီမြစ်ကြီး အမောက်ထောင်လာသလို ကြောက်မက်ဖွယ်ကောင်းတဲ့ တောင်ပိုင်းသား တောင်ပိုင်းသူတွေ … 🇺🇸 ဆရာကြီးက သူအားကျ နှစ်သက်တဲ့ အမေရိကန်တောင်ပိုင်း အခြေပြု ဇာတ်လမ်းတွေကို ဘာသာပြန်ရေးသားခဲ့ပြီး စာဖတ်ပရိသတ်တို့ကလည်း နှစ်ခြိုက်ခဲ့ကြပါတယ်။ ခုလည်း အမေရိကန် တောင်ပိုင်းပြည်နယ်နောက်ခံ အချစ်ဝတ္ထုလေးတစ်ပုဒ် ဘာသာပြန်လိုက်ပါပြီ။ စာရေးဆရာမ“Deborah Smith ရဲ့ A Place to Call Home” မူရင်းဝတ္ထုဟာ ၁၉၉၇ ခုနှစ်မှာ ထွက်ခဲ့တယ်။ Goodreads မှာ 5 star ပေးကြသူတွေ ရှိတဲ့အထိ လူကြိုက်များသလို Total Rating 4.1 Star အထိ ရေပန်းစားတယ်။ ဦးတင်မောင်မြင့်က ‘ ကိုယ့်ရပ်ဌာနေ ‘ အမည်နဲ့ ဘာသာပြန်တယ်။ Deborah Smith ရေးခဲ့ပြီးတဲ့ စာအုပ်ပေါင်း ၃၅ အုပ်မှာ A Place to Call Home က နာမည်ကြီးစာအုပ်တစ်အုပ်ပဲ။‘ကိုယ့်ရပ်ဌာနေ’ဟာ လူ့အသိုင်းအဝိုင်းရဲ့ အပယ်ခံလူငယ်လေးတစ်ယောက်နဲ့ ဂုဏ်မြင့်လှတဲ့ အိမ်ထောင်စုကြီး ၂ ခုက ဆင်းသက်လာတဲ့ မိန်းမငယ်လေး တို့ရဲ့ အချစ်ဇာတ်လမ်းလေး စာပေ ဝေဖန်အကဲဖြတ်သူတစ်ဦးကတော့ ‘ ဂျော်ဂျီယာပြည်နယ် မြို့ငယ်ကလေး၏ ရိုမီယိုနှင့်ဂျူးလိယက် ဇာတ်လမ်းတစ်ပုဒ်ပါပဲ ‘ တဲ့ .. ။ဘာသာပြန်သူ ဆရာကြီး ဦးတင်မောင်မြင့် က သူနှစ်ခြိုက်လှတဲ့ တောင်ပိုင်းဒေသရဲ့ အချစ်ဝတ္ထုလေးကို ဘယ်လိုများ ခြယ်မှုန်းမလဲ…။
| စာမျက်နှာ | 227 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2023 ဇန်နဝါရီလ (ပထမအကြိမ်) |
Out of stock
တင်မောင်မြင့် စာအုပ်များ
-
တင်မောင်မြင့်ပြစ်မှုနှင့်ပြစ်ဒဏ်
42000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
တင်မောင်မြင့်တောင်ပံမဲ့သင်းကွဲတေးဆိုဌက်
18000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
တင်မောင်မြင့်မိစ္ဆာဝင်္ကပါ
29000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
တင်မောင်မြင့်သမ္မာန်စာ
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
တင်မောင်မြင့်ပါရီရုပ်ပုံလွှာများ
14000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
တင်မောင်မြင့်သံယောဇဉ်ကမ်းခြေ
13000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
တင်မောင်မြင့်ပင်ကိုယ်ရေးစာများ
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


Aeri Myat –
တင်မောင်မြင့်- ကိုယ့်ရပ်ဌာနေ
အမေရိကန် တောင်ပိုင်းရဲ့အလှအပတွေကြားက မိသားစု၊အချစ်ဇာတ်လမ်းလေး။
ယာတောအိမ်ကြီးရဲ့ သမီးလေး “ကလျာ”နဲ့ သူဆင်းရဲလေး “ရော်နီ”
တို့ကတော့ ဒီဇာတ်လမ်းရဲ့ အဓိကပါပဲ။
ငယ်ငယ်လေးကတည်းက ရော်နီ့အပေါ်
စေတနာရှိတဲ့ “ကလျာလေး”၊ ခရစ်စမတ်လက်ဆောင်ပေးချင်ရတာ၊ မုန့်ကလေး ကျွေးချင်ရတာမျိုးပေါ့…..ကလေးဘဝတည်းက ရော်နီ့ကို မေတ္တာရှိခဲ့တာရယ်။
“ကလျာ”နဲ့ပက်သတ်လာရင် ဖခင်ဖြစ်သူ ကိုတောင် ခွင့်မလွှတ်ပေးနိုင်တဲ့”ရော်နီ”
နှစ်တွေအကြာကြီး ဝေးသွားကြလည်း
အဝေးကနေ တစ်ရက်မပျက် ကလျာ့သတင်း နားစွင့်ရင်း သူ့ဘဝအတွက်လည်း ကြိုးစားရုန်းကန်နေခဲ့သူ “ရော်နီ”
ယာတောအိမ်ကြီးမှာ နှစ်ဖက်ဆွေမျိုးတွေ ပြန်ဆုံကြတဲ့ အခိုက်အတန့်
“ခြေဆယ်လမ်း” အပန်းဖြေစခန်း၊ အမြဲတမ်း စိမ်းလန်းနေတဲ့ “ဒူရှင်နော့တောင်တန်းကြီး” စတဲ့နေရာတွေကလည်း ဖတ်ရင်း စိတ်မှန်းနဲ့ လွမ်းရ၊
သဘောကျရတဲ့ နေရာလေးတွေရယ်ပေါ့…။
မိသားစုတွေကြားက ဖြစ်ပျက်ခဲ့သမျှအတိတ်ဖြစ်စဥ်တွေကို သင်ပုန်းချေပြီး လက်ရှိ ပစ္စုပ္ပန်မှာ တစ်ဦးနဲ့ တစ်ဦးနားလည်ခွင့်လွှတ်ပေးကြတာကတော့ အကြည်နူးရဆုံး အပိုင်းလေးပါ🥰💚
ဘာသာပြန်စာအုပ်ကိုမှ ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ နွေးထွေးမှုကို ခံစားရစေမယ့် စာအုပ်လေးပါ။