မက္ကဇင်ပါပီရဲ့ထရော်မာများ

( 3 မှတ်ချက်)

10000 (ကျပ်)

ဘဝမှာ စာပို့သမားတစ်ယောက် ဖြစ်ချင်ခဲ့ဖူးတယ်။ လူတစ်ယောက် ရဲ့ နှလုံးသားထဲက ယိုစီးကျလာတဲ့ စကားလုံးတွေကို သူရည်ရွယ်ရာ တခြားတစ်ယောက်ဆီ သယ်ဆောင်ပေးရတဲ့ အသက်မွေးမှုဟာ အင်မတန် လှပနေမှာပဲလို့ တွေးကြည့်ခဲ့ဖူးတယ်။ “ပိုင်’ရဲ့ “စာပို့သမား” ကဗျာကို ကိုယ့်အိပ်ခန်းနံရံမှာ မြေဖြူခဲနဲ့ ရေးခြစ်ထားဖူးတယ်။ Recital တီးတဲ့ ကလပ်စစ်ကယ် ဂစ်တာသမားတစ်ယောက် ဖြစ်ချင်ခဲ့ဖူးတယ်။ ညီပုလေးရဲ့ “လမင်းရဲ့ ချိုသာသော လက်ခုပ်သံ”ဝတ္ထုထဲက ဇာတ်လိုက်ဂစ်တာသမား ကို ချစ်တယ်။ သူ့ဇာတ်လိုက်ထက် သာအောင် တစ်ရက် ၁၂ နာရီ၊ တစ်ခါတလေ ၁၆ နာရီ၊ နှစ်တွေ ချီတဲ့အထိ ဂစ်တာကျင့်ခဲ့တယ်။ Isaac Albeniz ရဲ့ Asturias သီချင်းကို တစ်နှစ်တိတိ၊ နံပါတ်လေး ဂစ်တာကြိုး ခဏခဏ ပေါက်ထွက်တဲ့အထိ နေ့စဉ်ကျင့်ခဲ့တယ်။ “လွမ်းမောရသော တက္ကသိုလ်နွေညများ” ဝတ္ထုကို ဖတ်ပြီး အိုင်ဗီလိဂ် မဟုတ်တောင် အလယ်တန်း တက္ကသီလာတစ်ခုက ဘွဲ့တစ်ခုလောက် လိုချင်ခဲ့ဖူးတယ်။ ဒါနဲ့ပဲ ကိုယ်ဟာ သင့်အား တက္ကသိုလ်မှ ဘွဲ့ချီးမြှင့်လိုက်သည် ဆိုတဲ့ စက္ကူတစ်ရွက်လိုချင်မှု သက်သက်အတွက် ညနက်သန်းခေါင်အထိ ပန်းကန်ဆေးခဲ့တယ်။ တစ်ခါတစ်ခါ ကူလီထမ်းတယ်။ အိမ်ပြန်နောက်ကျ တဲ့ ဆောင်းညတွေမှာ ရထားမလာတော့တဲ့ ဘူတာရုံခပ်စုတ်စုတ်တစ်ခုမှာ သတင်းစာခြုံအိပ်ခဲ့ဖူးတယ်။ ကိုယ်အခု ဘာဖြစ်ချင်သေးလဲလို့ ကိုယ့်ဖာသာ ပြန်မေးကြည့်တဲ့အခါ အံ့ဩစရာကောင်းတဲ့ အဖြေကို ရလိုက်တယ်။ ကိုယ့်မြို့လေးဆီ ပြန်ပြီး မြင်းလှည်းသမားတစ်ယောက် လုပ်ချင်နေတယ်။ ကိုယ့်လှည်းကို ဆွဲမယ့် မြင်းမလေးကို ‘မေရီမြင့်”လို့ အမည်ပေးထားမယ်။ လှည်းသိမ်းတဲ့ ညနေစောင်းမှာ မြင်းလှည်းဆရာနဲ့ မြင်းမလေး အရက် တစ်ဝိုင်းစီ သောက်၊ ယိုင်နဲ့နဲ့နဲ့ အိမ်ကို ပြန်လာကြ။ ဘယ်လောက် အေးချမ်းလိုက်မလဲလို့ …။
===

ပါပီယွန် ရဲ့ “မက္ကဇင်ပါပီ၏ ထရော်မာများ” စာအုပ်ဟာ ဝမ်းနည်းစရာ၊ ရင်နာစရာတွေ၊ ပျော်စရာ၊ ဟာသ၊ အချစ် ဇာတ်လမ်းတွေရော ကချော်ကချွတ်တွေ ပါဝင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရတာ တော်တော်လေး ရသအစုံပေးနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်

စာမျက်နှာ

279 (Woodfree Paper)

စာအုပ်အရွယ်အစား

5.7 x 0.5 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ဝိုင်းမော်၊ 2025 အောက်တိုဘာလ (ဒုတိယအကြိမ်)

10 in stock

မက္ကဇင်ပါပီရဲ့ထရော်မာများ အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. May Myat Thu –

    #ပါပီယွန်
    ဒီစာအုပ်ရော ပါပီယွန် နာမည်ရော ကိုယ့်အတွက် စစိမ်းနေခဲ့တယ်
    ဖတ်နေကျမဟုတ်တဲ့ အရေးအသားမို့ စာအုပ်ကို မာတိကာ ြကည့်လိုက် စာရွက်တွေ ဟိုလှန် ဒီလှန် လှန်လိုက်နဲ့….

    စာအုပ်က ၂အုပ်ပေါင်းထားတာ
    ကိုယ်တော့ ပါပီယွန် နဲ့ ဒီစာအုပ်ကျမှရင်းနှီးဖူးတယ်
    အခန်းတို ဇာတ်လမ်းတိုလေးတွေ ပါပြီး တခန်းနဲ့ တခန်း ရသ မတူဘူး

    တချို့အခန်းတွေ ဖတ်ရင်း ရယ်ရမလို ငိုရမလို ?
    တချို့ဇာတ်လမ်းတွေကျတော့လည်း ဇာတ်နာပြီး သနားဖို့ကောင်းတယ်
    ဇာတ်လမ်းတချို့မှာ တွဲဖက်ဇာတ်လိုက် နာမည်တွေက အဆန်းတွေ (ဖက်တီးတို့ ၊ မာလကာသီး တို့)

    ကိုယ် ဖတ်ရင်း နားမလည်လို့ ၂ ခေါက်ပြန်ဖတ်ခဲ့ရတာ‌ေတွ ၊ တချို့အခန်းတွေဆို ဖတ်ရင်း ဟာတာတာ ြဖစ်သွားတာမျိုး

    ကိုယ့်အတွက်တော့တခါမှ မရဖူးတဲ့ ရသတချို့ ၊ ခံစားမှု တချို့ ရခဲ့တယ်

    ကိုယ်သတ်မှတ်ချင်တဲ့ ပါပီဇာတ်ကောင်ဟာ အမြဲတမ်း ဇာတ်လမ်းတွေမှာ ဟာတာတာရသတွေ ပေးစွမ်းပြီး ရင်ထဲမှာ ဟာတာတာ ကွက်လပ်တခု ဖြစ်စေသူပါ …..

    ကိုယ့်အတွက် စာအုပ်အစိမ်း စကားလုံးအစိမ်း အရေးအသား အစိမ်းတွေ ဖြစ်ခဲ့ပေမယ့် ပေးတဲ့ရသကတော့ တမူထူးလို့ လှပခဲ့ပါပြီလေ …?

  2. Aye Thiri Nyein –

    မက္ကဇင်ပါပီရဲ့ထရော်မာများ

    ပါပီယွန်စာအုပ်ကို ပထမဆုံးဖတ်ဖူးတာ
    ထရော်မာများဆိုတဲ့ နာမည်ကြောင့် ဖတ်ဖြစ်တာ..

    နပိုလေယွန်ပါပီဘတ်တဲ့
    နပိုလီယန်အချင်းချင်း ရင်ဘတ်ချင်းတော့ တူခဲ့တယ်..

    ဝယ်လင်တန်ကိုလည်း သတိရမိပါရဲ့..။

    ပြီးတော့ #ဆွမ္မားဆက်မောန်ကိုမုန်းတယ် တဲ့

    ကိုယ်လည်း မုန်းမိပါတယ်..

    မမျှော်လင့်သင့်တာကို မျှော်လင့်မိတဲ့ ကိုယ့်ကိုလည်းမုန်းမိပါတယ်..

    အဲဒါဖတ်ပီးတော့ အကြာကြီးငြိမ်သွားတယ်..
    ဘာဆက်တွေးရမှန်းမသိပဲနဲ့ပေါ့..

    ပါပီယွန်က အတွေ့အကြုံများတဲ့သူငယ်ချင်းလိုပဲ..
    သူငယ်ချင်းရဲ့ဘဝထဲမှာ အံ့အားသင့်ရ တိုက်ဆိုင်တာရှိရင်ဝမ်းနည်းလိုက်ရ ပျော်လိုက်ရ

    ကိုပါပီတွေးချင်ရာတွေးပြီး ဝေးပစ်ခဲ့လို့ ဆွေးနေရတာ နန်းမေမေကြည်မဟုတ်ပဲ ကိုယ်ပဲဖြစ်နေတယ်ကွယ်..

  3. Kyaw Zin Aung –

    ပါပီယွန်ရဲ့ထရော်မာများစာအုပ်ကိုသူငယ်ချင်းတစ်ယောက် ဖတ်ကြည့်ပါလားဆိုလို့ဖတ်ကြည့်တာ။ အခန်းတစ်ခန်းမှာ ရီလိုက်ရ။ နောက်တစ်ခန်းကြေကွဲရ။ နာကြည်းလိုက်ရ။ ဝမ်းသာလိုက်ရ။ စုံနေတာပဲ။ “…….ဘဝမှာအများကြီးသိဖို့ မလိုဘူး ကိုယ်သိတာလေးကို များများခံစားတတ်ဖို့လိုတယ်……”

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ပါပီယွန် စာအုပ်များ