သက်တံရောင် နှလုံးသား (သို့မဟုတ်) ရွှေပန်းကန်ပေါ် ကျတဲ့မျက်ရည်

( 0 မှတ်ချက်)

16000 (ကျပ်)

ဒီဝတ္ထုက ဖခင်တစ်ယောက်ရဲ့သမီးအ‌ပေါ်ထားတဲ့မေတ္တာနဲ့ ဘကြီးဖြစ်သူ လူပျိုကြီးက တူမအပေါ်ထားတဲ့ မေတ္တာကို လှပစွာ ဖော်ကျူးထားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။

ဒီဝတ္ထုနဲ့ ပတ်သက်ပြီးစာရေးသူ ဆရာကြီး သန်လျင်မောင်မောင်ဦးက အခုလိုပဲ စာအုပ်ရဲ့ အမှာစာမှာ စာဖတ်သူတွေအတွက် အမှာပါးထားပါတယ်။

အမှန်ကတော့ ‘ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် ‘ ဟူသည့်အမည်သည် အကယ်ဒမီမြတ်လေးကပေးသော နာမည်ဖြစ်လေသည်။ ကျွန်တော့်မူရင်းဝတ္ထုနာမည်က ‘ ဘဝမလှတဲ့အညတရ ငါ ‘ ဖြစ်ပါသည်။ရုပ်ရှင်ရိုက်မည်ဆိုတော့ ရုပ်ရှင်နှင့်လိုက်ဖက်မည့် နာမည်လှလှလေးကို မြတ်လေး က ပေးလိုက်ခြင်းဖြစ်သည်။ယင်းနာမည်နှင့်ပင် ရုပ်ရှင်ရိုက်ခဲ့ခြင်းဖြစ်ပါသည်။ဟော..၊ ကျွန်တော်က စာအုပ်ပြန်ထုတ်ချင်တော့ ထို ‘ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် ‘ အမည်ဖြင့်ပင်ထုတ်လိုသဖြင့် ဆရာမြတ်လေးထံ ခွင့်ပြုချက်သွားတောင်းသည်။ ရသည်…သို့သော် တစ်ခွန်းတော့ ပြောပြသည်။

” တစ်ခုတော့ရှိတယ်၊ ငါ့ခေါင်းစည်းဆိုတာလေး ပရိသတ်သိရအောင် မင်းက စာအုပ်မှာ အမှာလေးရေးရင်း ငါ့နာမည်လေးကို နည်းနည်း တို့..လိုက်ပေါ့ကွာ ”
သည့်နှယ် မှာလေသည်။
သည့်ကြောင့် ‘ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည်’ သည်
‘ မြတ်လေး ‘..။
‘ မြတ်လေး ‘ ၏ ‘ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် ‘ ဆိုသည့်အကြောင်း နည်းနည်း ‘ တို့ ‘ လိုက်ရပါကြောင်း။

အနုပညာ ပုံသဏ္ဍာန်အမျိုးမျိုး၊ ဇာတ်ဆောင် အသီးသီးဖြင့် ရိုက်ကူးပုံဖော်ခဲ့ရသော  ‘ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် ‘ မူရင်းအတိုင်း ဝတ္ထုအနေဖြင့် ပြန်လည်ခံစားနိုင်စေရန်အတွက် နောက်ထပ်တစ်ကြိမ် ထပ်မံထုတ်ဝေထားခြင်းဖြစ်ပါတယ်။

စာမျက်နှာ

238 (Woodfree Paper)

စာအုပ်အရွယ်အစား

5.7 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ကောင်းဆုသာစာပေ၊ 2026 စက်တင်ဘာလ (တတိယအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သက်တံရောင် နှလုံးသား (သို့မဟုတ်) ရွှေပန်းကန်ပေါ် ကျတဲ့မျက်ရည်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သန်လျင်မောင်မောင်ဦး စာအုပ်များ