
နေ့စဉ်အသက်တာ
15000 (ကျပ်)
နေ့စဉ်အသက်တာ(ဘီလီဂရေဟမ်၏ ဆုတောင်းချက်)စာအုပ်သည် ၂၀ရာစု၏ လွှမ်းမိုးမှုအရှိဆုံး ခရစ်ယာန်ခေါင်းဆောင်များထဲမှ တစ်ဦးအဖြစ်တင်စားခံရသူ Billy Graham ၏ဘာသာရေးနှင့်ဆိုင်သော ရောင်းအားအကောင်းဆုံးစာအုပ်များထဲမှ တစ်အုပ်ဖြစ်သည့် Day by Day with Billy Graham: 366 Daily Meditations စာအုပ်အား Billy Graham ၏ Evangelistic Association (BGEA)၏ တရားဝင် ခွင့်ပြုချက်ဖြင့် ဘာသာပြန်ဆိုရေးသားထုတ်ဝေသည့်စာအုပ်ဖြစ်သည်။ မူလက ပထမအကြိမ်ထုတ်စာအုပ်သည် ၁၉၇၆ ခုနှစ်တွင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ထိုစာအုပ်ကိုပင် ၂၀၁၁ ခုနှစ်တွင် Billy Graham Evangelistic Association (BGEA)က ပြန်လည်မွမ်းမံထုတ်ဝေခဲ့သည်။
နေ့စဉ်အသက်တာ(ဘီလီဂရေဟမ်၏ ဆုတောင်းချက်)စာအုပ်တွင် လူသားအချင်းချင်းကြားထားရှိအပ်သောမေတ္တာ၊ အထီးကျန်မှု၊ ပျော်ရွှင်မှု၊ စိတ်ဓာတ်ကျခြင်း၊ အပြစ်စိတ်၊ အောင်မြင်သောနေမှုဘ၀ … စသည့်အကြောင်းအရာအမျိုးမျိုးကဲ့သို့ မိမိတို့၏ ဘ၀အပေါ် အကျိုးသက်ရောက်မှုရှိစေသော အကြောင်းအရာများကို သမ္မာကျမ်းစာထဲမှ ကောက်နုတ်ချက်များ၊ ဆုတောင်းချက်များဖြင့် နေ့စဉ်ကိုးကွယ်ဆည်းကပ်ဆင်ခြင်နိုင်ရန် လွယ်ကူစေဖို့ရာ ထိမိရှင်းလင်းသောရေးသားဟန်ဖြင့် တင်ဆက်ရေးသားထားခြင်းဖြစ်ပါသည်။
| စာမျက်နှာ | 377(Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 6 x 0.7 x 8.9 inches |
| ပုံနှိပ်မှတ်တမ်း | တူဒေးစာပေ၊ 2025 ဇန်နဝါရီလ၊ (ပ-ကြိမ်) |
5 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ