မြင့်မြတ်ခေါင်းဆောင်
15000 (ကျပ်)
“ခေါင်းဆောင်မှုခရီးလမ်းကိုလျှောက်တဲ့အခါ မြင့်မြတ်တဲ့ခြေတစ်လှမ်းဖြစ်ပါလိမ့်မယ်။ အမြင့်လမ်းကို ရွေးချယ်မယ်ဆိုရင် အောင်မြင်မှုအစစ်မှန်ကိုရှာတွေ့ပါလိမ့်မယ်”
ယခုစာအုပ်မှာ အမေရိကန်စာရေးဆရာ John C. Maxwell ရေးသားထားတဲ့ ‘High-road leadership’ စာအုပ်ကို ဆရာကောင်းလွန်းက စာဖတ်သူများလွယ်ကူရှင်းလင်းအောင်ဘာသာပြန်ထားတဲ့စာအုပ်ပဲ ဖြစ်ပါတယ်။ ကိန်းဘရစ်ချ် အဘိဓာန်မှာ take the high road ဆိုတာ “အခြားသူများ ကိုယ်ကျင့်တရားမဲ့စွာပြုမူ နေစဉ် ကိုယ်ကကိုယ်ကျင့်တရားနှင့်အညီနေထိုင်ခြင်း” ဖြစ်တယ်လို့ဖွင့်ဆို ထားတာနဲ့ပတ်သက်ပြီး အမြင့်လမ်း၊ အလယ်လမ်း၊ အနိမ့်လမ်းခေါင်းဆောင်များ နှိုင်းယှဉ်ချက်ဆိုပြီး ပြန်လည်ရှင်းလင်း ဆွေးနွေးထားသလို စာအုပ်မှာ အခန်းပေါင်း (၁၂) ခန်းပါဝင်ပါတယ်။
“ကမ္ဘာပေါ်မှာခေါင်းဆောင်မှုဆိုတာ ပုံစံအမျိုးမျိုးနဲ့ရှိနေတတ်တယ်။ တချို့ကကိုယ့်အကျိုးရှိဖို့ အတွက်ပဲဦးဆောင်တယ်။ တချို့ကအခြေအနေအရဦးဆောင်တယ်။ ထူးခြားအထင်ရှားဆုံးကတော့ အများအတွက်အကောင်းဆုံးဖြစ်အောင်ကြိုးစားတဲ့ခေါင်းဆောင်ပါ။
ယခုစာအုပ်ကိုဖတ်ပြီးပါက
– ကိုယ့်ကိုယ်ကိုယ် ရှင်းရှင်းလင်းလင်း သိမြင်နားလည်လာစေမယ်။
– လူမှုဆက်ဆံရေးမှာ အသွင်သစ်၊ အမြင်သစ်နဲ့ သွားလာဆက်ဆံနိုင်စေမယ်။
– သင့်မှာရှိနှင့်ပြီးသားမူလတန်ဖိုးထဲကို ထပ်ပိုးတန်ဖိုးတွေထပ်ဖြည့်ပေးနိုင်မယ့် ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့လမ်းပြပါလိမ့်မှာပဲ ဖြစ်ပါတယ်။
| စာမျက်နှာ | 267 (woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4× 0.5 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဂျာနယ်လစ်စာပေ၊ 2025 ဇူလိုင်လ (ပထမအကြိမ်) |
12 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ