ရာဇကုမာရ

( 1 မှတ်ချက်)

12000 (ကျပ်)

…

စာမျက်နှာ

251

စာအုပ်အရွယ်အစား

5.4 x 0.5 x 8.0 inches

ပုံနှိပ်မှတ်တမ်း

လင်္ကာဒီပစာပေ၊ 2024 ဇူလိုင်လ၊ (စတုတ္ထအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

17.9.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ်12000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

5 in stock

ရာဇကုမာရ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Yaminn –

    သမိုင်းဆိုတဲ့ အာဟာရကို ရသဆိုတဲ့ သကာနဲ့ အုပ်ပြီး အာဟာရ၊ အရသာ မျှတအောင် ဖန်တီးတတ်တဲ့ ဆရာကြီး ချစ်ဦးညိုရဲ့ အကောင်းဆုံးစာအုပ်တစ်အုပ်ပါပဲ။
    ခံစားသက်ဝင်မှုကလည်း အားကောင်းချင်တယ်။ သမိုင်းကိုလည်း ကျေချင်တယ် ဆိုရင် ဒီလိုစာအုပ်တွေဖတ်ပါ။

    သားငယ်လေးကို လက်ဆွဲပြီး ပုဂံနန်းတော်ကိုလာတဲ့ သမ္ဘူလအကြောင်း ဖတ်ဖူးတယ်။
    မြေးကားအရင်း၊ သားကား အဖျား ဖြစ်ရပြီ ဆိုတဲ့ ကျန်စစ်သားမင်းကြီးရဲ့စကားကို စာအုပ်ထဲမှာဖတ်ဖူးတယ်။
    မိဘုရားခင်ဦး၊ သမီးတော်ရွှေအိမ်စည်၊ မြေးတော်အလောင်းစည်သူ သူတို့တွေကို အကုန်ရင်းနှီးပြီးသားမို့ သူတို့ရဲ့ဘဝအကြောင်းတွေကို အကုန်သိကြတယ်။
    ဒါပေမယ့် ဒီစာအုပ်ကို ဖတ်ရင်းနဲ့ သမိုင်းထဲကလူတွေဟာလည်း လူတွေပါလားဆိုတာကို သုံးသပ်မိတယ်၊ ကိုယ်ချင်းစာမိတယ်၊ သူတို့နဲ့အတူ ကြေကွဲတယ်၊ သူတို့နဲ့အတူ လွမ်းရတယ်။
    ဒီလိုအဖြစ်တွေကြုံရင် ဒီလိုခံစားရတာ သဘာဝပါလား။ ဖြစ်လာတဲ့အကြောင်းအပေါ် မူတည်ပြီး သမိုင်းထဲကလူတွေ ဘာလုပ်ကြလဲ။ သူတို့ဘာဖြစ်သွားလဲ ဆိုတာကို ဒီစာအုပ်ထဲကနေတစ်ဆင့် လေ့လာခွင့်ရခဲ့ပါတယ်။

    ဒီသမိုင်းကြောင်းက ငါသိပြီးသားပါကွာ လို့ သဘောမထားဘဲနဲ့၊ အော် ဒီအဖြစ်အပျက်တွေ ဖြစ်တုန်းက သူတို့ဒီလိုကြုံခဲ့ကြရတာပါလား ဆိုတာမျိုး ခံစားသက်ဝင်နိုင်ဖို့အတွက် အကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်တာမို့ ဖတ်ဖို့စိတ်ကူးလိုက်မိတာနဲ့ ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်လို့ ညွှန်းပေးချင်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ချစ်ဦးညို စာအုပ်များ