


စိတ်စေတနာနဲ့ တန်တဲ့ဘဝ
12000 (ကျပ်)
လူတစ်ယောက်ရဲ့ စိတ်စေတနာဟာ သိပ်ကို အရေးကြီးပါတယ်..။ ကိုယ် ဘာလေးပဲတွေးတွေး…ဘာလေးပဲပြောပြော.. ဘာလေးပဲလုပ်လုပ်… အဲ့ဒီအတွေးအပြော.. အလုပ်တွေရဲ့တွန်းအားဟာ ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ စေတနာပဲဖြစ်ပါတယ်..။
ကောင်းတဲ့စိတ်စေတနာလေးတွေနဲ့ တွေးလိုက် ပြောလိုက် လုပ်လိုက်တဲ့ ရလဒ်တိုင်းဟာ ကိုယ့်ဆီကို ကောင်းမွန်လှပတဲ့ ကံတရားပုံစံလေးတွေနဲ့ ပြန်ရောက်လာတတ်ပါတယ်..။
မကောင်းတဲ့စိတ်စေတနာဆိုးနဲ့ ဒီလူတစ်ယောက်ကို နှိမ်လိုက်မယ်.. ဝေဖန်အပြစ်တင်လိုက်မယ်ဆိုရင်လည်း… အဲ့ဒိဝေဖန်ပြစ်တင်ခံရခြင်းတွေက ကိုယ့်ဆီအချိန်မရွေး ပြန်ရောက်လာတတ်ပါတယ်..။
ဒါကြောင့် စကားလေးတစ်ခွန်းပြောတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်မှန်ထဲမှာ အရင်ကြည့်ပြီး ကိုယ့်ကိုအရင်ပြောကြည့်လိုက်ပါ..။ ဒီစကားကို ကိုယ်သာပြောခံရရင် ဘယ်လိုခံစားရမလဲဆိုတဲ့ အတွေးလေးနဲ့ ကိုယ်ချင်းစာနာတတ်တဲ့စိတ်ကလေး ထည့်လိုက်တဲ့အခါ… လူတစ်ယောက်အပေါ် မညှာမတာပြောဖို့ နှုတ်ဆွံ့ဝန်လေးလာပါတယ်…။
လူတစ်ယောက်ကံကောင်းတယ်ဆိုတာ… သူ့ရဲ့ကာယကံ..ဝစီကံ..မနောကံသုံးပါးစလုံးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်တတ်လို့ဖြစ်ပါတယ်..။ လူတစ်ယောက် ကံဆိုးတယ်ဆိုတာ မကောင်းတဲ့စိတ်စေတနာဆိုးနဲ့ တွေးကြံပြောဆိုလုပ်ကိုင် နေတတ်လို့ဖြစ်ပါတယ်..။
ကိုယ်ပေးလိုက်တဲ့စိတ်စေတနာရဲ့တန်ဖိုးနဲ့ ထိုက်တန်တဲ့ဘဝမျိုးကိုပဲ ပိုင်ဆိုင်ခွင့်ရကြတာမို့ စိတ်စေတနာကောင်းလေးတွေထားဖို့လိုပါတယ်..။ မကောင်းတဲ့စိတ်စေတနာဆိုးတစ်ခု ကိုယ့်အတွေးထဲ ဝင်လာပြီဆို တခြားသူတွေမသိနိုင်ပေမယ့် ကိုယ်တိုင်သိနေပါတယ်..။ ကိုယ့်စိတ်ကို ကောင်းတဲ့ဖက်ဆီ ချက်ချင်းပြောင်းလဲယူလို့ရပါတယ်..။ စိတ်စေတနာလေးတွေ ကောင်းမွန်လှပလာတာနဲ့အမျှ ကိုယ့်ဘဝကလည်း လှပကောင်းမွန်လာမှာ သေချာပါတယ်..။
ကျွန်မချစ်ရတဲ့အန်တီတစ်ယောက်ရှိပါတယ်…။ သူ့ရဲ့စိတ်စေတနာကောင်းလွန်းတာကြောင့် သူ့မှာ သူများကိုပေးစရာတွေ အမြဲပြည့်နေတတ်ပါတယ်..။ တစ်ယောက်ယောက်ကို ပေးလိုက်တိုင်းလည်း သူ့ဆီမှာ လျော့နည်းမသွားဘဲ ပြန်ပြန်ပြည့်လာတတ်တယ်လို့ဆိုပါတယ်…။ ပေးချင်ကမ်းချင်တဲ့ စိတ်စေတနာကြောင့်ပဲ..ပေးစရာကမ်းစရာက သူ့မှာ အမြဲရှိနေတတ်ပါတယ်…။ ဘယ်သူ့ကို ဘာပေးရမလဲ ဆိုတာပဲ တွေးနေတတ်သူဖြစ်ပါတယ်..။ တကယ်တော့ သူတစ်ပါးကို ပေးလိုက်ရတယ်ဆိုတာ..ကိုယ့်ရဲ့ကြည်နူးပီတိလေးနဲ့ ချမ်းသာသုခကို ခံစားရတဲ့စိတ်ကြောင့် လူက လွတ်မြောက်ပေါ့ပါးသွားရတာဖြစ်ပါတယ်…။
သူများဆီက ရယူလိုချင်တဲ့စိတ်နဲ့ မျှော်လင့်တကြီးရှိနေတတ်တဲ့သူတွေမှာတော့…အဲ့ဒိမျှော်လင့်ချက်တွေနဲ့ပဲ လေးလံပြီး…မျှော်လင့်သလိုမရတဲ့အခါ..စိတ်ဆိုးဝမ်းနည်းရ..နာကျင်ခံစားရပြန်ပါတယ်…။ ရယူလိုချင်တဲ့ သူ့ရဲ့စိတ်စေတနာကြောင့်ပဲ…သူဟာ သူများဆီကနေ ဘာများရနိုင်မလဲ..ဆိုတဲ့ မျှော်လင့်နေရတဲ့ဘဝထဲမှာပဲ သံသရာလည်နေတော့မှာပါပဲ…။
ဒါကြောင့် ဘာလေးပဲလုပ်လုပ် စိတ်ကောင်းစေတနာကောင်းလေးနဲ့…ထက်ထက်သန်သန်လေး လုပ်စေချင်ပါတယ်…။ အလှုဒါနလေးပြုတဲ့နေရာမှာတောင်..ကိုယ်ထားလိုက်တဲ့စိတ်စေတနာအတိုင်း အကျိုးပေးတတ်တာဖြစ်ပါတယ်…။ မြတ်စွာဘုရားရှင်ကို ပန်းလေးတွေလှုတာ..ဆွမ်း..ရေချမ်း…အလင်းလေးတွေလှုတာကအစ…ပြီးစလွယ် ပေါ့ပေါ့လေးမလှုဘဲ..ဝမ်းမြောက်ဝမ်းသာ စိတ်အားထက်ထက်သန်သန်လေးနဲ့ လှုရင်..အကျိုးပေးကလည်း သာမန်လေးမဟုတ်ဘဲ ထူးထူးခြားခြား အကျိုးပေးတတ်ပါတယ်..။
မြတ်စွာဘုရားရှင်ကို ရှိခိုးဦးချတာကအစ…သာမန်လက်စုံမိုးရှိခိုးဦးချတာမျိုးမဟုတ်ဘဲ…မြတ်စွာဘုရားရှင်ရဲ့ ခြေဖမိုးတော်အစုံကို ကိုယ့်နဖူးနဲ့ထိပြီး ရိုရိုသေသေမြတ်မြတ်နိုးနိုး ရှိခိုးဦးခိုက်တဲ့အခါ…ရင်ထဲမှာ ခံစားရတဲ့ကြည်ကြည်နူးနူးပီတိအဟုန်က သာမန်ဘုရားရှိခိုးရတဲ့ ကုသိုလ်တွေထက်ထူးခြားကြောင်း ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောခဲ့ဖူးပါတယ်…။
| စာမျက်နှာ | 144 |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.5 x 8.4 inches (Hard Cover) |
| ပုံနှိပ်မှတ်တမ်း | အောင်မြင်စာပေ၊ 2024 ဒီဇင်ဘာလ(ပထမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 3.11.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 12000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
6 in stock
လွန်းထားထား(ဆေးတက္ကသိုလ်) စာအုပ်များ
-
လွန်းထားထား(ဆေးတက္ကသိုလ်)ဒီနေ့ပျော်ပါ
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)သောကနဲ့ဝေးရာဆီ
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)ပိုအေးချမ်းတဲ့ကိုယ်
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာ
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)နောင်တရဲ့ အဝေးမှာ
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)အချစ်ရဆုံး သမီးလေးထံသို့
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)နှလုံးသားကိုဖွင့်တဲ့သော့
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)စိတ်စေတနာနဲ့ တန်တဲ့ဘဝ
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)စိတ်ရှင်းရင် ဘဝရှင်းပါတယ်
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)ပိုကောင်းဖို့ဖြစ်တာပါ
11000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)စိတ်ချမ်းသာစွာနေထိုင်ခြင်း
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)တန်ဖိုးရှိတဲ့ဘဝ
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ