ပထမဆုံး လက်ကိုင်ဖုန်း

( 0 မှတ်ချက်)

7000 (ကျပ်)

ဤစာအုပ်သည် နားလည်မှုရှိသော
မိဘများအတွက် သူတို့၏ရင်သွေးများကို ယုံကြည်မှုရှိစွာ
ဟန်းဖုန်းပေးအပ်လိုက်ပြီး ဒစ်ဂျစ်တယ်လောကထဲ
ခရီးစတင်လျှောက်လှမ်းချိန်မတိုင်မီ
ဖတ်ရှုစေသင့်သော စာအုပ်ဖြစ်သည်။

ဤစာအုပ်တွင် လိုင်စင်ရ
ဆေးဘက်ဆိုင်ရာ လူမှုရေးပညာရှင်၊ အုပ်ထိန်းမှုကျွမ်းကျင်ပညာရှင်ဖြစ်သူ ကက်သရင်းပါးလ်မင်းသည်
အသက်ရှစ်နှစ်မှ ဆယ့်နှစ်နှစ်အရွယ် ကလေးငယ်များအတွက် အသက်အရွယ်နှင့် ကိုက်ညီသည့်နည်းလမ်းဖြင့်
ပျော်ရွှင်စရာကောင်းပြီး ရင်းနှီးဖော်ရွေစွာ တိုက်ရိုက်စကားပြောသည့်ပုံစံ တင်ပြထားသည်။

ကိုယ်ရေးကိုယ်တာ (ပရိုက်ဗေစီ)စည်းဘောင်များ၊
ဆိုရှယ်မီဒီယာများတွင် လိင်မှုကိစ္စပြောဆိုခြင်းများနှင့် ပတ်သက်သည့် ကာကွယ်ရန် လမ်းညွှန်ချက်များ၊
အကောင်းဆုံး ဒစ်ဂျစ်တယ်ကိရိယာ အသုံးပြုပုံနည်းများ၊
မိမိကိုယ်ကို ဂရုစိုက်ရမည့် စည်းကမ်းများနှင့်
ဒစ်ဂျစ်တယ်လောကတွင် ကြင်နာတတ်ပြီး မဟုတ်မခံ
မှန်ကန်သောစိတ်ထားရှိသူတစ်ဦးဖြစ်စေရန်
တင်ပြထားသည်။

ကလေးများအတွက် ပထမဆုံး လက်ကိုင်ဖုန်းကို
လက်ခံရရှိသည့်အချိန်တွင် လိုအပ်သော
သတင်းအချက်အလက်များနှင့် ဆောင်ရန်ရှောင်ရန်များကို ပံ့ပိုးကူညီပေးနိုင်မည့် မိဘများအတွက် စိတ်အေးစရာ၊ ကလေးများအတွက် မရှိမဖြစ် အဖော်ပြုပေးမည့်
စာအုပ်ဖြစ်သည်။

စာမျက်နှာ

128( Woodfree Paper)

စာအုပ်အရွယ်အစား

5.4 ×0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာပေ 2025 ဧပြီလ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပထမဆုံး လက်ကိုင်ဖုန်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာအောင်(ဆေး-၂) စာအုပ်များ