သောကကင်းသော ပျော်ရွှင်ခြင်းခရီးသည်

( 0 မှတ်ချက်)

5000 (ကျပ်)

ဒီစာအုပ်ဟာ လူ့ဘဝလူ့လောကမှာ ရှင်သန်နေထိုင်ရာမှာ ပျော်ရွှင်မှုဟာ အင်မတန်အရေးကြီးသလို အင်မတန်မှ တန်ဖိုးကြီးတဲ့ ရတနာဖြစ်ကြောင်းကို ရေးသားတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ သောကကင်းကွာမှ ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်လို့ရတာမို့ သောကဖြေနည်းနဲ့ ပတ်သက်ပြီး အခြေခံမတူတဲ့ ဇာတ်၀တ္ထု (၁၅)ပုဒ်ကို အခြေခံ ကြောရိုးယူပြီး ရေးသားထားပါတယ်။

လူတွေဟာ သောကကင်းဝေးစွာ နေထိုင်ချင်ကြပါတယ်။ အပူအပင်ကင်းတဲ့၊ သောကကင်းတဲ့ဘဝအခြေအနေနဲ့ ရှင်သန်ရတဲ့သူဟာ ဆုလာဘ်ကြီးတစ်ခုကိုရရှိတယ်လို့ ဆိုရမှာပါ။ အချစ်ကြောင့်၊ အမုန်းကြောင့်၊ အချစ်ခံရချင်မှုကြောင့်၊ အမုန်းခံရမှုကြောင့်၊ အထင်အမြင်လွဲမှားမှုကြောင့်၊ မသိနားမလည်မှုကြောင့်၊ သောကဖြစ်ရသလို စွဲမက်မှုကြောင့်၊ ရလိုမှုကြောင့်၊ ဆုံးရှုံးမှုကြောင့်၊ ကိုယ်ထက်သာလွန်မှုကြောင့် စသဖြင့် သောကဖြစ်စရာတွေက အများကြီးပါ။ သောကဖြစ်နေပြီဆိုရင် ပျော်ရွှင်မှုကတော့ ဝေးကွာစေပါတယ်။ သောကကင်းပြီး ပျော်ရွှင်မှုတွေကိုရရှိဖို့ အကောင်းဆုံးစာအုပ်လေးတစ်ဖြစ်တယ်လို့ ဆိုရမှာပါ။

စာမျက်နှာ

118

စာအုပ်အရွယ်အစား

5.4 x 0.3x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဆောင်းစုရတီစာပေ၊ 2024 ဖေဖော်ဝါရီလ(တတိယအကြိမ်)

19 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သောကကင်းသော ပျော်ရွှင်ခြင်းခရီးသည်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကောင်းပြည့်သော် စာအုပ်များ