ညီမလေး ပြည့်စုံကြွယ်ရဲ့ ဝတ္ထုတို စုစည်းမှု စာအုပ်လေး။ ဒီစာအုပ်လေးထဲမှာ ပင်ကိုယ်ရေး ဝတ္ထုတို(၇)ပုဒ်ပါဝင်ပါတယ်။ပုံမှန်ထက် ထူးခြားတာတစ်ခုကတော့ ဝတ္ထု၇ပုဒ်လုံးကို ကိုရီးယားဘာသာနဲ့ပါ ထည့်ပြီး ရေးသားပေးထားတဲ့အချက်ပါပဲ။ဘာသာပြန်မဟုတ်ဘဲနဲ့
မြန်မာဝတ္ထုရသကို ကိုရီးယားလိုပါ ဖတ်ခွင့်ရတဲ့ ခံစားချက်လေးက ဆန်းသစ်နေတဲ့အပြင် ကျေနပ်စရာကောင်းပါတယ်🥰

ဆယ်ကျော်သက် ညီမလေးရဲ့ အတွေး၊ခံစားချက်၊ ဖတ်ခဲ့တဲ့ စာတွေ၊ ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင်က အဖြစ်အပျက်လေးတွေကို ခံစားရေးဖွဲ့ထားတာမို့ ရိုးရိုးလေးနဲ့ ချစ်စရာလည်း ကောင်းနေတာပေါ့ကွယ်🤎

"မျက်နှာဖုံး" ဆိုတဲ့ ဝတ္ထုတိုလေးမှာ လူ့စိတ် လူ့မနောတွေကို သတိထားဂရုပြုမိအောင် ရေးဖွဲ့ထားတာမို့ သဘောကျရတယ်။

"ဒံပေါက်" ဆိုတဲ့ အပုဒ်လေးမှာတော့ ဖခင်မေတ္တာရယ်၊ အစားကောင်း စားဖူးချင်တဲ့ ကလေးသဘာဝကို မြင်သာစေပြန်တယ်။

သားသမီးဘက်ကို နားလည်ပေးဖို့၊ ခံစားချက်ကို နားထောင်ပေးဖို့ မတွေးဘဲ ကိုယ်ထိလက်ရောက် ဆုံးမတတ်တဲ့ ဖခင်အကြောင်းကို "အနှင်း" ဆိုတဲ့ အပုဒ်မှာ စိတ်မကောင်းဖြစ်စွာ ဖတ်လိုက်ရပါတယ်။

ကျန်တဲ့ ဝတ္ထုတိုလေးတွေကလည်း တွေးစရာလေးတွေ ရစေတာပါပဲ။

အတွေးကောင်းပြီး အရေးတော်တဲ့ညီမလေးကို အသိအမှတ်ပြုအားပေးတဲ့အနေနဲ့ ဖတ်ဖြစ်တဲ့ စာအုပ်လေးပါ။

နောက်ပိုင်းလည်း ဝတ္ထုတို၊ဝတ္ထုရှည်၊ရသလုံးချင်း၊ဘာသာပြန်စာအုပ်ကောင်း များစွာကို ဆက်လက် ရေးသားမျှဝေနိုင်ပါစေ ညီမလေး 🤎🤎🤎 지금도 잘하고있어요!🥰