နှင်းဆီခြေသံဆိုတဲ့ ဝတ္ထုစာအုပ် လေးကိုဖတ်ရတာ..ဘယ်တော့မှ မရိုးတဲ့.. တက္ကသိုလ်နောက်ခံရုပ်ရှင်ကားတစ်ကားကို
ကြည့်နေရသလိုပါပဲ..

ဒီစာအုပ်ထဲမှာ သမိုင်းဝင်းထဲက နှင်းဆီ အဆောင်သူကလေးတွေ... အဲဒီထဲကမှ ပိုပြီးချစ်ကြတဲ့ မော်..မိုး..ခမ်း..မေ.. ဆိုတဲ့ သူငယ်ချင်း လေးယောက် ..

သူတို့ရဲ့နောက်ခံဘဝတွေ.. အချစ်နဲ့ပတ်သက်တဲ့ အယူအဆဒဿနမျိုးစုံ... ကျွန်မတို့လုံးဝမ မှီခဲ့တဲ့.. ခုနှစ်သက္ကရာဇ်တွေဆီက လွမ်းမောဖွယ်ရာ တက္ကသိုလ်ရဲ့ပုံရိပ်တွေ...

အဆောင်နေကျောင်းသူတွေရဲ့ ပျော်စရာ..အမှတ်ရစရာအကြောင်းတွေကို ဝေ (စီးပွားရေးတက္ကသိုလ်)ရဲ့ နှင်းဆီခြေသံစာအုပ်ထဲမှာ အရသာရှိရှိဖတ်ခွင့်ရတဲ့အတွက် ဆရာမကို ကျေးဇူးတင်ပါတယ်

..ဒီလို စာအုပ်မျိုးက ကျွန်မတို့ရဲ့ Memory တွေကို ပြန်ခေါ်ပေးတဲ့..
..Memory Flashback ဖြစ်စေတဲ့.. စာအုပ်မျိုးဆိုတော့ ကိုယ်တက္ကသိုလ်တက်တုန်းက ရွာသာကြီး..အကြောင်းတွေကို Review ရေးရင်း
မရေးမိအောင် အတော်ဘရိတ်အုပ်ထားလိုက်ရပါတယ် ..

.. အဆောင်နေ တက္တသိုလ် ကျောင်းသူလေးတွေရဲ့ ဘဝကိုပေါ့ပေါ့ပါးပါး ရေးထားသလို ထင်ရပေမဲ့..
ဘဝဒဿနအမြင်တွေလည်း အများကြီးပါတယ် ..

အမိတက္ကသိုလ်ရင်ခွင်ကြီးထဲမှ လိမ့် ထွက်သွားရသော ရောင်စုံ ဘောလုံးလေးတွေလိုပင်.. ကြည့်နေရင်း..ကြည့်နေရင်း..နေရာအနှံ့ ပြန့်ကြဲ..လိမ့်ထွက်သွားရာ အမိရင်ခွင်ကြီးတစ်ခုလုံး..ဗလာကျင်းကာကျန်ခဲ့တော့သည်..

နေမင်းကြီးနဲ့ လွဲတာကိုငိုကြွေးနေရင်လမင်းကြီးနဲ့လည်း လွဲသွားနိုင်တယ် ..

ခါးတော့မှအချိုရဲ့တန်ဖိုးကို..ပိုသိနိုင်မယ် ..

အချစ်စစ်ဟာခါးရင်လည်း..သည်းခံပြီး ဆက်ဝါးနိုင်ရမယ်.. ခါးရင် ကိုယ်ကဉာဏ်သုံးပြီး..ခပ်ဖွဖွဝါးပေါ့.. ခဏငုံထားသင့်ရင်လည်းငုံထားပေါ့...အခါးကုန်တော့ပြန်ပြီးချိုလာပါလိမ့်မယ်ကွယ် ..

ဘဝဆိုတာ ရုန်းကန်ခြင်းဖြစ်ပြီး အိမ်ထောင်ရေးဆိုတာ ညှိနှိုင်းရခြင်းပေါ့..

ရှေ့ပိုင်းမှာပျော်စရာတွေနဲ့ စခဲ့တဲ့ ဝတ္ထုစာအုပ် ကလေးဟာဇာတ်ကောင်တွေ..အသက်ကြီး..ရင့်ကျက်..ဘဝ အတွေ့အကြုံတွေစုံလာသလို.. နောက်ပိုင်းမှာ..အတွေးအခေါ်လေးတွေနဲ့..
စာဖတ်သူတွေအတွက်..တွေးစရာတွေ ကိုလည်း ချန်ထားရစ်ခဲ့တယ် ..ဒီစာအုပ်ကလေးက ကျွန်မတို့ နှလုံးသားကို နူးညံ့စေတယ်..လွမ်းမောစေတယ်..

နှင်းဆီခြေသံနောက်ကို..လိုက်သွားတယ်ဆိုရင်ပဲ..ကျွန်မတို့က မကြုံဖူးခဲ့တဲ့..အတိတ်က..အရိပ်တွေကိုလည်း ပြန်မြင်ရမှာပဲဖြစ်တယ် ..

ကိုယ်ကြုံခဲ့ရတာလေးတွေကလည်း..အမှတ်တရ ပြန်ပေါ်လာပြီးMemory Flashback ဖြစ်စေမဲ့..
စာအုပ်တစ်အုပ်ဖြစ်ပါတယ်..

#နှင်းဆီခြေသံ
#ဝေ
#စီးပွားရေးတက္ကသိုလ်
#bookreview
#monhalsey
#MemoryFlashback