" ရွှေမန်းက သန်းနှစ်သန်း "
ဒီစာအုပ်ကို ဖတ်ချင်လွန်းလို့ ပန်းဆက်လမ်းကနေ Pre order တင်လို့ရတဲ့ October 2 ကတည်းက
Pre order တင်ပြီး မှာခဲ့တာ
ဒီနေ့မှပဲ ရောက်လာတော့တယ်.....
လက်ထဲကို စာအုပ်ရောက်ကတည်းက မနေနိုင်လို့
တစ်နေ့တည်း အပြီးဖတ်လိုက်တယ်.....
တစ်ခေတ်တစ်ခါက မန္တလေး အငြိမ့်လောကမှာ
အောင်မြင်ကျော်ကြား နာမည်ကြီးခဲ့ကြတဲ့
မင်းသမီးကြီး (ဒေါ်)ရွှေမန်းသူမြင့်မြင့်သန်း နဲ့ (ဒေါ်)ထိပ်သီးသန်းသန်း တို့ရဲ့ ဘဝအကြောင်းတွေကို သိခွင့်ရခဲ့တယ်....
ကောင်းကင်ကြိုး ၊ ရတု ၊ တေးထပ် ၊ ဧယဥ်ကျူးငိုခြင်းတွေ စာသားတွေနဲ့ပါ ဝေဝေဆာဆာ ထည့်ရေးထားပါတယ်
အနုပညာဆိုတာ ဘောင်ခတ်လို့ မရဘူး ဆိုတာကို
သက်သေပြသွားတဲ့ မင်းသမီး
မင်းသမီးတို့ တတ်အပ်သော ပညာရပ် (၁၂)ရပ်ကို ၁နာရီကျော် ၂နာရီနီးပါး ကြာကြာ မပျင်းအောင် ကပြဖျော်ဖြေနိုင်တဲ့ မင်းသမီး
အငြိမ့်ခုံပေါ်ကနေ ၈လေးလုံး အရေးတော်ပုံ ဟောပြောပွဲ စင်မြင့်ပေါ် ရောက်ရှိသွားတဲ့ မင်းသမီး
ဧယဥ်ကျူး ပညာရပ်ရဲ့ ခက်ခဲနက်နဲပုံကို ဘဝနဲ့ချီပြီး ရရှိခဲ့တဲ့အကြောင်းတွေ ပြောပြခဲ့တဲ့ မင်းသမီး
စတဲ့ အကြောင်းအရာတွေကို သိခွင့်ရခဲ့တယ်....
မန္တလေး အငြိမ့်လောကအကြောင်းကိုလည်း
ပိုပြီး သိခွင့်ရခဲ့တယ်
မန္တလေး လူရွှင်တော်ကြီးများ ဖြစ်ကြတဲ့
ဦးချစ်စရာ တို့
ဦးထင်ပေါ် တို့ရဲ့ အမှတ်တရစာလေးတွေလည်း ပါတော့ ပိုပြီး ပြည့်စုံသွားတာပေါ့...
မှတ်ချက်။ ။ ကျနော် မန္တလေး အငြိမ့်တွေကို မကြည့်ဖူးပါဘူး။ ဆရာနေဝင်းမြင့်ရဲ့ ပလ္လင်အငြိမ့်၊ ခုတင်အငြိမ့်၊ စင်အငြိမ့် ဆိုတဲ့ စာအုပ်ရယ်
လူရွှင်တော် ဦးချစ်စရာ ရေးတဲ့ ကျွန်တော်သိမီသော လူရွှင်တော်ကြီးများနှင့် ကျွန်တော်နှင့် ခေတ်ပြိုင် လူရွှင်တော်များ ဆိုတဲ့ စာအုပ်ကိုပဲ ဖတ်ဖူးတာပါ
ဒါပေမယ့် ထိုစာအုပ် ၂ အုပ်စလုံးမှာက
မန္တလေး အငြိမ့် လူရွှင်တော်ကြီးများ အကြောင်းပဲ ရေးသားထားတာပါ
အခု ဆရာ မားအလိမ္မာရဲ့
ရွှေမန်းက သန်းနှစ်သန်း စာအုပ်မှာတော့
မန္တလေး အငြိမ့်မင်းသမီးကြီး နှစ်ဦးရဲ့ ဘဝတွေကို ရေးသားထားတာပါ
မင်းသမီးဖြစ်ချင်တဲ့ အနုပညာရွက်ပုန်းသီးလေးများ အတွက်တော့ ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲလို့ ပြောချင်ပါတယ်....
မျက်နှာဖုံးဒီဇိုင်းဟာလည်း စာအုပ်နာမည်လေးနဲ့
လိုက်ဖက်နေလွန်းတယ် ???
နောက်ဆုံး သိခွင့်ရခဲ့တာကတော့
အနုပညာအလုပ်ကို လုပ်တော့မယ်ဆိုရင်
မေတ္တာအရင်းခံပြီးတော့ စေတနာမှန်မှန်နဲ့ လုပ်ရင် ပိုပိုပြီးတော့ အောင်မြင်မယ် ဆိုတဲ့ အသိကို ရခဲ့တာပဲ.....