အဝါရောင်လမ်းကလေး
4000 (ကျပ်)
ညဉ့်အတော်နက်လာသည့်အခါ နယ်မြို့လေး၏ အအေးဓာတ်က အတော်ပင်သိသာလာသည်။ မီးသွေး မီးဖိုလေးသည် မီးထပ်မဖြည့်နိုင်တော့သည့်အခါ တဖြည်းဖြည်းနှင့် အရှိန်ကျဆင်းလာပြီ။ ညဦးက မြင်ခဲ့ရသော နီနီရဲရဲ မီးကျီခဲများသည်လည်း တစ်စတစ်စနှင့် ပြာဖြစ်သွားခဲ့ကြပြီ.. သည်မြင်ကွင်းများသည် တကယ်တော့ ကျော်ကျော်(မြရည်စမ်း) ၏ နိမိတ်ပုံဖန်တီးမှုများသာဖြစ်သည်။
သူ..မည်သည့်ခေတ်ကာလများကို ဖြတ်သန်းလာရကြောင်းကိုတော့ “အဝါရောင် လမ်းကလေး” စာအုပ်ကို ဖတ်ရှုမိလျှင် ထပ်တူခံစားရမည်။ ကက်ဆက်တွင် တိတ်ခွေကလေး ထိုးထည့်၍ ဖွင့်ကာ သီချင်းနားထာင် ရသော .. ရူးသွပ်ရသော စာပေများကို စာအုပ် အငှားဆိုင်တွင်သာ တရှိုက်မက်မက် ငှားရမ်းဖတ်ရှုခွင့် ရကြသော..ခေတ်ကာလများက အဝါရောင်မြေသားလမ်းကလေးတွင် မှတ်တမ်းများစွာရှိခဲ့သည်။
ထိုအကြောင်းများကို ဤစာအုပ်တွင် ဖတ်ရှုကြရမည်။ ပရိသတ်များ တစ်ဖန် စွဲလမ်းကြရဦးမည့် ကျော်ကျော် (မြရည်စမ်း) ၏ စိတ်ဝင်စားဖွယ်ရာဝတ္ထုတစ်အုပ်ဖြစ်သည်။ စာဖတ်ပရိသတ်များကြား ရေးပန်းစားလူကြိုက်များခဲ့သည့် ကျော်ကျော်(မြရည်စမ်း) ၏Railroad Stories စာအုပ်နောက်ပိုင်း ပထမဆုံးပြန်ထွက်လာသော သည်လုံးချင်းဝတ္ထုစာအုပ်လေးတွင် ဆရာမိုးကျော်ဇင်မှ အမှာစာရေးသားပေးထားသည်။
| စာမျက်နှာ | 127 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.2 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2022ဩဂုတ်လ (ပ-ကြိမ်) |
4 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ