တစ္ဆေရထား၊ရထားတစ္ဆေ

( 0 မှတ်ချက်)

5000 (ကျပ်)

ဝိညာဉ်ဆိုသောအရာသည် တစ်ခါတစ်ရံ လူတစ်ဦးထက်ပင် နွေးထွေးဖော်ရွေသည်။တစ်ခါတစ်ရံတွင်မူ သနားစဖွယ်ဖြစ်ပြီး အချို့အခါများ၌ကြမ်းတမ်းရက်စက်လိုသည်။နည်းပညာရပ်တွင် ကျွမ်းကျင်ပြီး မီးရထားစက်ခေါင်းများကို စိတ်မချနိုင်သူ၊အထက်အညာဒေသကို စွဲလမ်းတွယ်တာနေသူ ဂျာမန်ကြီးတစ်ဦးသည်လည်းကောင်း၊အသက်တစ်ချောင်းကို ကယ်တင်ရန်ရထားလမ်းတွင် အသက်ပေးသွားပြီးသည့်တိုင်မူးမေ့မတတ်ရောက်လာသောလူနာကို ဆေးကုသပေးသွားသူ ဆေးစပ်ဆရာတစ်ဦးသည် လည်းကောင်း၊မန္တလေး-မြစ်ကြီးနား လမ်းတစ်လျှောက်မှ ရထားစီးရင်း လိုက်ပါခဲ့ကြသော ခရီးသွားများသည် လည်းကောင်း၊ချစ်စဖွယ်ခွေးလေးတစ်ကောင်နှင့် ဘဝကိုအေးချမ်းစွာ ဖြတ်သန်းခဲ့မည်ဟု ထင်ရသော အရေးပိုင် ဇနီးမောင်နှံသည် လည်း ကောင်း၊စသည်ဖြင့်…ထိုသူတို့အားလုံး၏ ဖြတ်သန်းနေရသော လမ်းသည်မှောင်မိုက်မည်လား…လောကဟင်းလင်း ပွင့်နေမည်လား…သို့တည်းမဟုတ် လေလိုလွင့်ပါးနေမည်လား…မည်သူတစ်ဦးမျှ တပ်အပ်သိနိုင်မည် မဟုတ်။အဖြစ်အပျက် တော်တော်များများသည် ဘူတာရုံများ၊သံလမ်းများ၊မီးရထားအရာရှိကြီးများ နေထိုင်သွားကြသော အဆောက်အဦကြီးများတွင် အခြေခံ ထားသည်။စာရေးသူသည် မီးရထားဌာနတွင်အချိန်အတော်ကြာ ဖြတ်သန်းခဲ့ဖူးသူဖြစ်သည်။ထိုကြောင့်စာရေသူ၏ ငယ်ဘဝအချိန်များသည်မီးရထားရပ်ကွက်များ၊အရာရှိရိပ်သာများ၊မီးရထားအရာရှိ အိမ်ကြီးများတွင် ကုန်လွန်ခဲ့ရသည်။သည်အကြောင်းအရာများအား တွေးတောစူးစမ်းမိလာစေရန် ရေးဖွဲ့ထားပါသည်။

စာမျက်နှာ

143

စာအုပ်အရွယ်အစား

5.5 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2022 ဒီဇင်ဘာလ (ပထမအကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တစ္ဆေရထား၊ရထားတစ္ဆေ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကျော်ကျော်(မြရည်စမ်း) စာအုပ်များ