ဗြဟ္မစိုရ်ငှက်ရဲ့အဖြူရောင်ကောင်းကင်

( 0 မှတ်ချက်)

20000 (ကျပ်)

ဆရာမသန်းမြင့်အောင်၏ မွေးနေ့အထိမ်းအမှတ် အဖြစ် ထုတ်ဝေပြီး၊ ဆရာမ၏ ပရဟိတလုပ်ဆောင်ကြိုးပမ်းမှုနှင့် လူမှုဘဝ၊ စာပေခရီးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါးများ၊ အင်တာဗျူးများ၊ ကဗျာ၊ ဝတ္ထုတို၊ တစ်မျက်နှာဝတ္ထုတို၊ ဝတ္ထုရှည်၊ အမှတ်တရ ဒိုင်ယာရီ စာလွှာများ စသည်ဖြင့် ကဏ္ဍစုံစုံလင်လင် ဖတ်ရှုရမည့် စာအုပ်ဖြစ်ပါသည်။

===

တကယ်တော့ ပရဟိတဆိုတာဘာလဲ ကွဲကွဲပြားပြား မသိခင် ရှေးမဆွကတည်းက ဆရာမရဲ့ အသွေးအသားထဲမှာ ပရဟိတက မွေးရာပါရှိနေတာ။ အခုလို လူသိထင်ရှား ပရဟိတဘဝထဲ စုံးစုံမမြုပ်သေးချိန် ပုဇွန်တောင်ဈေးထဲမှာ မထင်မရှား စက်ကလေးချုပ်၊ သရက်သီးသနပ်ကလေး၊ ပုန်းရည်ကြီးကလေးရောင်းရင်း ဝတ္ထုတိုဆရာမဘဝမှာပဲ ရှိနေသေးချိန်ကတည်းက လာသမျှဒုက္ခသည်ကို ဆရာမက စွမ်းသလောက် ကူညီ ဖြေရှင်းပေးနေခဲ့တာပါ …

အများအတွက် လူဖြစ်ရခြင်းသာနေပျော်တဲ့ဘဝလို့ ခံယူထားတဲ့ ဆရာမအဖို့တော့ ပရဟိတက သူ့ဘဝပါပဲ … ဆရာမက အငြိမ်ဇာတ်ရုပ် မဟုတ်ဘူး၊ အလှုပ်ဇာတ်ရုပ်။ ဆရာမကို ဘယ်တော့မှ ငြိမ်ငြိမ်ကလေး မတွေ့နိုင်ဘူး။ ရောက်လေရာအရပ်မှာ ပရဟိတနဲ့အတူ မနားမနေ လှုပ်ရှားသက်ဝင်နေတာ အဲဒါ ဆရာမ သန်းမြင့်အောင်ပါပဲ … ဆေးကုရင်းစာရေးတဲ့ ဆရာဝန်တွေကို ဆရာဝန်စာရေးဆရာလို့ အမည်တပ်ကြသလို ပရဟိတလုပ်ရင်း စာရေးနေတဲ့ ဆရာမကို ပရဟိ စာရေးဆရာမလို့ အမည်တပ် သင့်ပါတယ်။ ဆရာမ သဘောတူမယ် ဆိုရင်ပေါ့။ ဆရာမသန်းမြင့်အောင်ရဲ့ ပရဟိတစာရေးဆရာဘဝ ယခု ၇၂ နှစ်ပြည့်မှသည် နှစ်တစ်ရာမက သံသရာအဆက်ဆက်တိုင်အောင် ရှင်သန်ထမြောက်ပါစေသော်။

စာမျက်နှာ

274(Woodfree paper)

စာအုပ်အရွယ်အစား

6 × 0.5 × 8.7 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2025 စက်တင်ဘာလ၊ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဗြဟ္မစိုရ်ငှက်ရဲ့အဖြူရောင်ကောင်းကင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သန်းမြင့်အောင် စာအုပ်များ