


ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့အတွက် သင်ခန်းစာ ၂၅ချက်
14000 (ကျပ်)
“အမှားလုပ်တာက အပြစ်မဟုတ်ပါဘူး။ အဲဒီအမှားကနေ သင်ခန်းစာမယူတာကမှ အပြစ်ဖြစ်တယ်။”
လူတိုင်းရဲ့ဘဝမှာ ဘဝသင်ခန်းစာတွေရှိပါတယ်။ အမှားကနေ သင်ခန်းစာယူတတ်တဲ့အကျင့်မရှိတဲ့သူဟာ ကြုံတွေလာတဲ့ ဘဝပြဿနာတွေကို သင်ခန်းစာပေးတယ်လို့မထင်မှတ်တော့ဘဲ မသိချင်ဟန်ဆောင်ပြီး ကျော်သွားကြပါတယ်။
လေးလေးနက်နက် မတွေးတော့ဘဲ ကြုံတွေ့လာတဲ့ပြဿနာကိုပဲ ရင်ဆိုင်မယ်။ ဘာပြဿနာပဲဖြစ်ဖြစ် ဖြစ်လာမှဖြေရှင်းမယ်လို့ သဘောထားနေရင် အမှားကနေ သင်ခန်းစာမယူဘဲ အမှားတွေကိုပဲ ဆက်တိုက်လုပ်မိနေပါလိမ့်မယ်။
အမှားလုပ်တာက အပြစ်မဟုတ်ပါဘူး။ အဲဒီအမှားကနေ သင်ခန်းစာမယူတာကမှ အပြစ်ဖြစ်တယ်။ အမှားမလုပ်ဘူးဆိုရင်လည်း ဘဝရဲ့အခက်အခဲတွေကို ဖြေရှင်းတတ်မှာမဟုတ်ပါဘူး။ အိုင်းစတိုင်းက ပြောတယ်။ တစ်ခါမှ မမှားဖူးတဲ့သူဟာ ဘာကိုမှ မည်မည်ရရ မလုပ်ဖူးသေးတဲ့သူပဲ” တဲ့။
သူပြောသလိုပါပဲ။ အမှားကို မကြုံဖူးတဲ့သူဟာ ဘာမှမလုပ်ဖူးလို့ပဲ။ မလုပ်တာကလည်း မှားမှာကြောက်လို့ပါပဲ။ မှားမှာကြောက်ပြီးဘာမှမလုပ်ဘဲ ထိုင်နေမယ့်အစား တစ်ခုခုကိုထပြီး လုပ်ကြည့်လိုက်လို့ မှားသွားတာက ပိုကောင်းပါတယ်။
လူတိုင်း အမှားလုပ်တတ်ကြပါတယ်။ အောင်မြင်သူတွေလည်း အမှားတွေလုပ်ပြီးမှ အောင်မြင်လာကြတာပါ။ သင်လည်းအောင်မြင်တဲ့သူဖြစ်ချင်ရင် အမှားလုပ်ရမှာကို မကြောက်ပါနဲ့။ အမှားလုပ်ပြီးရင်လည်း အမှားကနေ သင်ခန်းစာယူတတ်ဖို့တော့ လိုပါတယ်။
ကိုယ့်ရဲ့ အလုပ်နဲ့ ဘ၀ တိုးတက်ပြောင်းလဲဖို့အတွက် အခြေခံကျတဲ့ သင်ခန်းစာ ၂၅ ချက်ကို ဖတ်ရှုရမယ့် စာအုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 167 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.1 x 0.3 x 7.5 inches |
| ပုံနှိပ်မှတ်တမ်း | စာပေလမ်း 2025 ဇန်နဝါရီလ (ပထမအကြိမ်) |
Out of stock
မြင့်မြင့်ခင် [Golden Ideas] စာအုပ်များ
-
မြင့်မြင့်ခင် [Golden Ideas]မိမိကိုယ်ကို တန်ဖိုးမြှင့်တင်ခြင်း
20000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြင့်မြင့်ခင် [Golden Ideas]Positive Attitude
14000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြင့်မြင့်ခင် [Golden Ideas]တစ်နာရီရဲ့ စွမ်းအား
13500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မြင့်မြင့်ခင် [Golden Ideas]မိမိကိုယ်ကိုသတိပေးခြင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ