မိမိကိုယ်ကိုသတိပေးခြင်း

( 0 မှတ်ချက်)

15000 (ကျပ်)

အခြားသူတွေကို မေ့တာထက် ပိုကြောက်ဖို့ကောင်းတာက ကိုယ့်ကိုယ်ကိုယ် မေ့နေတာပါပဲ”

နေ့စဉ်ဘဝရဲ့ ရုန်းကန်မှုတွေ၊ အလုပ်အကိုင်နဲ့ မိသားစုအရေးတွေကြားမှာ သင့်ကိုယ်သင် လျစ်လျူရှုထားမိသလား။ တစ်ခါတလေမှာ ကျွန်မတို့ဟာ နေ့ရက်တွေကို ရည်ရွယ်ချက်မရှိဘဲ ‘ဖြစ်သလို’ ဖြတ်သန်းနေမိတတ်ကြပါတယ်။ ဒီလိုအချိန်မှာ သင့်စိတ်ကို ပြန်လည်နိုးထစေပြီး ဘဝကို အဓိပ္ပာယ်ရှိရှိ ရှင်သန်နိုင်ဖို့အရေးကြီးပါတယ်။
Remind Your Self (မိမိကိုယ်ကို သတိပေးခြင်း)” စာအုပ်ဟာ ခက်ခဲနက်နဲတဲ့ အတွေးအခေါ်တွေထက် ဘဝကို အေးအေးဆေးဆေးနဲ့ မှန်မှန်ကန်ကန် ရှေ့ဆက်နိုင်မယ့် “လက်တွေ့ကျတဲ့ သတိပေးချက်တွေ” ကိုပဲ အလေးပေးထားပါတယ်။ ဒီစာအုပ်က သင့်ကို ဘာတွေ ပြောင်းလဲပေးနိုင်မလဲ?

စိတ်ကို အနားပေးတတ်လာမယ် – သတိပေးချက်(၁၀၀ )က သင့်ကို လောဘ၊ ဒေါသ၊ မောဟတွေကြားကနေ ခဏလောက် ရုန်းထွက်ပြီး စိတ်အေးချမ်းမှုကို ရှာဖွေတတ်အောင် လမ်းပြပေးမှာပါ။

ကိုယ့်အနားကလူတွေကို ပိုနားလည်တတ်လာမယ် – “မိသားစုဆိုတာ “အိမ်”ဆိုတာထက် စိတ်အေးချမ်းရာနေရာ ဖြစ်လာပါလိမ့်မယ်” ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ အနီးစပ်ဆုံးလူတွေနဲ့ ဘယ်လို နားလည်မှု တည်ဆောက်ရမလဲဆိုတာကို သိမြင်လာပါလိမ့်မယ်။

လူငယ်တွေအတွက် ဘဝလမ်းညွှန်ဖြစ်မယ် – ကျောင်းသားတွေ၊ လူငယ်တွေအတွက် ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့နဲ့ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ Action Steps တွေနဲ့ သေချာ လမ်းညွှန်ပေးထားပါတယ်။

ဒီစာအုပ်ထဲမှာ စိတ်ဖိစီးမှု လျှော့ချနည်း၊ ကိုယ်ကျင့်တရားနဲ့ လူ့ကျင့်ဝတ်ကအစ မိသားစုဆက်ဆံရေးအထိ နေ့စဉ်လိုက်နာနိုင်တဲ့နည်းလမ်းတွေကို ဖတ်ရှုရမှာ့ဖြစ်သလို တစ်ဆင့်ချင်း လိုက်လုပ်လို့ရတဲ့ Action Steps (၅၀) ပါဝင်လို့ သင့်ဘဝမှာ သိသိသာသာ ပြောင်းလဲမှုကို ခံစားရမှာပါ။

စာမျက်နှာ

125(Woodfree paper)

စာအုပ်အရွယ်အစား

6.1 x 0.3 x 9 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2026 ၊ မတ်လ(ပထမအကြိမ်)

17 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မိမိကိုယ်ကိုသတိပေးခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မြင့်မြင့်ခင် [Golden Ideas] စာအုပ်များ