စစ္စလီကျွန်းသား

( 0 မှတ်ချက်)

8000 (ကျပ်)

ဤစာအုပ်သည် နာမည်ကျော် ဂေါ့ဒ်ဖားသား (The Godfather) ၀တ္ထုကြီးကို ရေးသားခဲ့သူ စာရေးဆရာကြီး မာရီယိုပူဇို (Mario Puzo) ၏ လက်ရာပင်ဖြစ်ပါသည်။ ထို့ပြင် *ဂေါ့ဒ်ဖားသား * ၀တ္ထုဇာတ်လမ်းနှင့်လည်း တိုက်ရိုက်ဆက်စပ်ပေါသည်။ ဂေါဒ်ဖားသား (ခေါ်) ဒွန်ကော်လီယွန် အမည်ရှိ အဘိုကြီး၏ သားသုံးယောက်အနက် အငယ်ဆုံးသားဖြစ်သူ မိုက်ကယ်လ်သည် ဖခင်ကြီး၏ ရန်သူ ဆိုလိုဇို ဆိုသူနှင့် ရဲအရာရှိတစ်ဦးအား နယူးယောက်မြို့တွင် သုတ်သင်ကွပ်မျက်လိုက်ပြီးနောက် ချက်ချင်းပင် သင်္ဘောတစ်စင်းဖြင့် အီတလီနိုင်ငံ စစ္စလီကျွန်းသို့ သွားရောက် တိမ်းရှောင်နေခဲ့သည်ကို စာဖတ်သူများ မှတ်မိကြပါလိမ့်မည်။ မိုက်ကယ်လ်သည် စစ္စလီကျွန်းတွင် အချိန်ကာလ နှစ်နှစ်ခန့်နေထိုင်ခဲ့ပြီးမှ အမေရိကန်နိုင်ငံသို့ ပြန်လာခဲ့ပုံကိုလည်း မူရင်း ဂေါ့ဒ်ဖားသား ၀တ္ထုတွင် ဖော်ပြထားပါသည်။ ဤ ၀တ္ထုဇာတ်လမ်း ဖြစ်ပျက်ရာ အချိန်ကာလမှာ မိုက်ကယ်လ် အနေဖြင့် စစ္စလီကျွန်းမှ အမေရိကန်နိုင်ငံသို့ ပြန်လာခါနီး အချိန်ကာလဖြစ်ပါသည်။ စစ္စလီကျွန်းသား ဟု အမည်ပေးထားခြင်းအကြောင်းမှာ အစ္စလီကျွန်း ဇာတိ *ဂီလီယာနို* အမည်ရှိ လူငယ်တစ်ဦး၏ ဘ၀ဖြစ်စဉ်နှင့်တကွ သူ၏တစ်မူထူးခြားသော အယူအဆ အတွေးအခေါ်များ၊ စွန့်စားလှုပ်ရှားမှုပုံများ၊ အထူးသဖြင့် မာဖီယား(ခေါ်) ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်များကို သတ္တိရှိစွာဖြင့် အာခံကာ ယှဉ်ပြိုင် တိုက်ခိုက်ပုံများကို ဖော်ပြထားခြင်းကြောင့်ဖြစ်ပါသည်။

အီတလီနိုင်ငံ၏ တစ်စိတ်တစ်ဒေသဖြစ်သော စစ္စလီကျွန်းမှ ဒေသခံတိုင်းရင်းသား လူမျိုးတို့၏ အတွေးအခေါ်၊ အယူအဆများ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ စသည်တို့ကိုလည်း ဤစာအုပ်တွင် ပြည့်စုံစွာတင်ပြထားပါသည်။

စာမျက်နှာ

593

စာအုပ်အရွယ်အစား

5.2 x 0.6 x 8.2 inches

ပုံနှိပ်မှတ်တမ်း

တကောင်းစာပေ ၊ 2022 ဧပြီလ (တတိယအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စစ္စလီကျွန်းသား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

တက္ကသိုလ်နေဝင်း စာအုပ်များ