
ဂေါ့ဖားသား ( The Godfather)
5000 (ကျပ်)
“ဂေါ့ဒ်ဖားသား” (GOD FATHER) ဟူသော အင်္ဂလိပ်ဘာသာဝေါဟာရ၏ အဓိပ္ပာယ်မှာ ခရစ်ယာန်ဘာသာဝင်တို့၌ မိမိ၏ ဖင်အရင်းအပြင် မွေးစားဖခင်သဘောဆန်ဆန် နောက်ထပ် ဖခင်တစ်ဦးအဖြစ် တရားဝင် တာဝန်ယူ စောင့်ရှောက်သူဟူ၍ပင် ဖြစ်၏။ ကလေးတစ်ယောက် မွေးခါစအချိန်မှစ၍ ပုဂ္ဂိုလ်တစ်ဦးဦးက “ဂေါ့ဒ်ဖားသား” သို့မဟုတ် မွေးစားဖခင်အဖြစ်လူသိရှင်ကြားတာဝန်ယူတတ်ကြ၏ ။ ထို့နောက် ယင်းကလေးအား ထို “ဖခင်” က တောက်လျှောက် ကြည့်ရှုစောင့်ရှောက်သွားတော့၏ ။ အခက်အခဲ အကျပ်အတည်းများကို ဖြေရှင်းပေး၏။ ဘေးအန္တရယ်ရှိလျှင်လည်း ကာကွယ်ပေး၏။
အမေရိကန် မားဖီးယားလူဆိုးဂိုဏ်း လောကတွင်လည်း အဆိုပါ “ဂေါ့ဒ်ဖားသား” ကဲ့သို့ပင် မိမိတို့ဂိုဏ်းသား လူငယ်များအား “ဖခင်” သဖွယ် တာဝန်ယူစောင့်ရှောက်သူများ ရှိကြ၏ ။ ထို့ကြောင့် အဆိုပါ ပုဂ္ဂိုလ်မျိုးကို “ဂေါ့ဒ်ဖားသား” ဟုတင်စား ခေါ်ဝေါ်ကြခြင်းပင် ဖြစ်၏ ။
ယခု မာရီယို ပူဇို၏ ၀တ္ထုထဲမှ “ဂေါ့ဒ်ဖားသား” ကား ဒွန်ကော်လီယွန် ( Don Corleone ) ဆိုသူ အဘိုးကြီးပင်ဖြစ်၏၊ သူသည် “မာဖီးယား ” ခေါ် အီတလီလူမျိုးအနွယ် လူဆိုးဂိုဏ်းဝင်များအပေါ် အလွန် ဩဇာကြီးမား၏။ ဒေါ်လာငွေတွေ သန်းချီ ချမ်းသာကြွယ်၀၍လည်း အခက်အခဲပြဿနာ ဟူသမျှကို ငွေနှင့်ပေါက်၍ ဖြေရှင်းနိုင်၏ ၊ သူ၏ဩဇာအာဏာကို ဖီဆန်သူ၊ သစ္စာဖောက်သူများအား အလွန်ပိရိစွာ ဖျောက်ဖျက် သုတ်သင်ပစ်နိုင်၏ ။ သို့သော် သူ့အား ရဲနှင့် စုံထောက်အဖွဲ့ကတရားဥပဒေအရ မည်သို့မှ အရေးမယူနိုင်အောင်လည်း အလွန်လိမ္မာပါးနပ်စွာ စီစဉ်လုပ်ကိုင်တက်၏ ။ အမေရိကန်ပြည် လောင်းကစားဝိုင်းကြီးများကိုလည်း ကြိုးကိုင် ဩဇာညောင်း၏ ။ တစ်နည်းအားဖြင့် သူသည် အမေရိကန်နိုင်ငံတွင် အာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်နေတော့၏ ။
မူရင်း၀တ္ထုကား ရုပ်ရှင်ကားထက် မာဖီးယား လူဆိုးလောကအကြောင်းကို ကွက်ကွက်ကွင်းကွင်း အသေးစိတ် သရုပ်ဖော် တင်ပြနိုင်ပါသည်။ မာဖီးယား လူဆိုးလောကအတွင်း မိသာစုများ နေထိုင်ပြုမူကြပုံ၊ သူတို့၏ ကိုယ်ရေးကိုယ်တာအတွင်းရေးကိစ္စများကို စီစဉ်ဖြေရှင်းကြပုံ၊ ရန်သူများအား တိုက်ခိုက်ချေမှုန်းကြပုံတို့ကို အလွန် ရဲတင်းပွင့်လင်းစွာ ရေးသားတင်ပြထား၏။
တစ်ဖက်တွင်မူကား အမေရိကန်ပြည် တရားဥပဒေစိုးမိုးရေးစနစ်၏ အားနည်းချက်၊ ပျော့ကွက်၊ ဟာကွက်များသည်လည်း ပေါ်လွင်ထင်ရှားစေသဖြင့် သင်ခန်းစာယူဖွယ်၊ တရားရဖွယ်အချက်များသည် ဤ၀တ္ထုကြီးတွင်ပါရှိ၏။ စာဖတ်သူအနေဖြင့် လေးလေးနက်နက် တွေးတောဆင်ခြင်စရာ၊ ဝေဖန် သုံးသပ်ကြည့်စရာများလည်း ပါရှိနေ၏ ။
စာမျက်နှာ | 356 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 1 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | တကောင်းစာပေ၊ 2017 မတ်လ၊ (တ-ကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 1.5.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 5000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
4 in stock
Ko Zwe –
Good
Phyo Thuzar (verified owner) –
အရမ်းဖတ်လို့ကောင်းပါတယ်… စိတ်ဝင်စားအောင်ရေးတတ်လို့ “မ” ထ တန်းဖတ်ရတဲ့ စာအုပ်ကောင်းပါ
Phyo Thuzar (verified owner) –
စိတ်ဝင်စားဖို့ကောင်းပြီး တကယ်ဖတ်လို့ကောင်းပါတယ်
ဆရာမ –
ဒီစာအုပ် ဖတ်ချင်ပါရေ။