ပင်လယ်ပြာနှင့်တံငါအို

( 5 မှတ်ချက်)

10000 (ကျပ်)

၁၉၃၆ခုနှစ် ဧပြီလတွင် အမေရိကန်ပြည်ထုတ် အက်စ်ကွိုင်းယားမဂ္ဂဇင်းအတွက် ရေးသားပေးပို့သော “ရေပြင်ပေါ်မှာ” အမည်ရှိ ပင်တိုင်ဆောင်းပါး၌ သူသည် ကျူးဘားကျွန်းနှင့် မြောက်အမေရိကတိုက် တောင်ဘက်အစွန်းတစ်ဝိုက်၌ ငါးဖမ်းရသည်မှာ နှစ်သက်ဖွယ်၊ စိတ်ဝင်စားဖွယ်ရှိပုံရေးသားခဲ့သည်။ ထိုဒေသတွင် ကျက်စားသော မာလင်ငါးကြီးများအကြောင်းလည်းပါသည်။ ဆောင်းပါးတစ်နေရာတွင် ငါးဖမ်းရင်းကြားသိခဲ့ရဖူးသော ဇာတ်လမ်းတစ်ခုအကြောင်းကို ဖော်ပြသော စာတစ်ပိုဒ် ပါဝင်လေသည်။

တစ်ကြိမ်သောအခါက အဘိုးအိုတစ်ဦးသည် တံငါလှေလေးတစ်စင်းဖြင့် ပင်လယ်ထဲသို့ တစ်ကိုယ်တည်း ငါးဖမ်းထွက်ခဲ့ဖူးသည်။ မာလင်ငါးကြီးတစ်ကောင်ကို ငါးမျှားချိတ်တွင် ချိတ်မိ၍ ပင်လယ်နက်ထဲသို့ ပါသွားသည်။ ထိုအချိန်မှ နှစ်ရက်ကြာပြီးနောက် အခြားတံငါတို့သည် အဘိုးအိုအား ကမ်းခြေအရှေ့ဘက် မိုင်၆၀ဝေးသောနေရာတွင် သွားတွေ့၍ ပြန်လည်ခေါ်ဆောင်လာကြရသည်။ သူ့ကိုတွေ့သောအချိန်၌ ငါးကြီး၏ခေါင်းပိုင်းနှင့် ရင်ပိုင်းအချို့သာကျန်တော့သည်။ သူသည် ငါးကြီးကို ​လှေနှင့်တွဲ၍ ချည်လာခြင်းဖြစ်သည်။ ကြွင်းကျန်သော ငါးကြီး၏အသားများမှာ ပေါင်ချိန်ရှစ်ရာထွက်သည်။ အဘိုးကြီးသည် ငါးကြီးနှင့်အတူ တစ်နေ့နှင့်တစ်ည ၊ ပြီးတော့ နောက်ထပ်တစ်နေ့နှင့် တစ်ညမျှ အတူနေရင်း ငါးကြီးဆွဲရာသို့ ပါသွားခဲ့သည်။ ငါးကြီးပေါ်လာသောအခါ လှေနားသို့ဆွဲ၍ မှိန်းနှင့် ထိုးပြီး သတ်ခဲ့ခြင်းဖြစ်သည်။ ငါးသေကောင်ကြီးကို လှေနှင့်တွဲ၍ ချည်လာသောအခါ ငါးမန်းများနှင့် တွေ့၍ အဘိုးအိုသည် ငါးမန်းများကို ရှိရာလက်နက်ဖြင့် တစ်ကိုယ်တည်း ထိုးခုတ်၊ ရိုက်ပုတ်၍ တိုက်ခိုက်လာခဲ့သည်။ တံငါများက သူ့ကိုတွေ့သောအချိန်၌ အဘိုးအိုသည် လှေပေါ်တွင် ငိုကြွေးလျက်ရှိပြီး ငါးမန်းများမှာလည်း လှေအနီးတွင် ရစ်ဝဲလျက်တွေ့ရသည်။ ” ဟုရေးသားထားသည်။

ထိုဆောင်းပါးထဲတွင် သာမာန်မျှသာတင်ပြခဲ့သော အဖြစ်အပျက်ဇာတ်လမ်းကလေးသည် စာရေးဆရာ၏စိတ်ထဲတွင် ၁၅နှစ်မျှ  ကိန်းအောင်းနေခဲ့သည်။ ထိုအဖြစ်အပျက် ဇာတ်လမ်း၏ လျှို့ဝှက်ဆန်းကြယ်မှုသဘောကို သဲကွဲစွာ အဖြေထုတ်ယူမိပြီးနောက်တွင် “ပင်လယ်ပြာနှင့်တံငါအို” ဇာတ်လမ်းသည် အသက်ဝင်လာခဲ့ရလေသည်။

စာမျက်နှာ

253

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ 2023 မတ်လ (ပဉ္စမအကြိမ်-နှစ်ဘာသာဖြင့်ထုတ်ဝေခြင်း)

စာအုပ်အရွယ်အစား

5.7 x0.4 × 8.7 inches

စျေးနှုန်းအပြောင်းအလဲ

27.12.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 10000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

6 in stock

ပင်လယ်ပြာနှင့်တံငါအို အား ဝေဖန်သုံးသပ်မှု 5 ရှိပါသည်။

  1. Min Han

    Good

  2. nwayhtwe

    အရမ်းကောင်းသော စာအုပ်ပါ

  3. U Pyae Phyo Paing

    အရမ်းကောင်းပါတယ်

  4. Thet Naing Aung (verified owner)

    📖 ဆရာမဂျူး ကတော့ ဒီ ” ပင်လယ်ပြာနှင့်တံငါအို ” စာအုပ်ဟာ လောကဓံကိုသင်ပေးတဲ့စာအုပ်လို့ ညွှန်းဆိုထားပါတယ်။

    📖တကယ်လည်း ဒီစာအုပ်ထဲက အဓိကဇာတ်ကောင် အဘိုးအိုကြီးဟာ ပင်လယ်ပြင်မှာ တယောက်တည်း ငါးကြီးကိုဖမ်းရင်း ဒုက္ခရောက်ခဲ့ရတာတွေကို ကြံ့ကြံ့ခံကာ ကျော်ဖြတ်ခဲ့ရပုံ အဆင့်ဆင့်ကို စိတ်လှုပ်ရှားစွာဖတ်ရပါတယ်။

    📖 တွေးမိတာလေးတခုကတော့ ကျနော်တို့ဘဝမှာ ဒုက္ခတွေ ၊ အရှူံးတွေနဲ့ ရင်ဆိုင်ကြရတဲ့အခါ ဘာလို့စိတ်ဓာတ်ကျနေရဦးမှာလဲ အနိုင်တိုက်ကြရမှာပဲမဟုတ်ဘူးလား။ ဒီဝတ္တုကို မှီးပြီးပြောရရင် ကျနော်တို့ဘဝမှာလည်း( ၈၅ )ရက်မြောက်နေ့ဆိုတာ ရရှိလာနိုင်တာပဲလေ။

    📖စာပေဖတ်ရှူ့ရင်း ခွန်အားရကြပါစေ။

  5. Anonymous

    အရမ်းကောင်းပါတယ် ဒီစာအုပ်ရဲ့ရသက အရမ်းအဆင့်မြင့်တယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မောင်ဆုရှင် စာအုပ်များ