နှောင်ကြိုးများဖြင့်ချည်ပါသော်လည်း

( 7 မှတ်ချက်)

10000 (ကျပ်)

ယခုဝတ္ထုတွင် လူတစ်ယောက်နှင့်တစ်ယောက်အကြား တွယ်ငြိသွားတတ်သော ဖြူစင်မွန်မြတ်သည့် သံယောဇဉ်အကြောင်းဖြစ်သည်။ လူမျိုး၊ ဓလေ့ဘာသာ၊ အသားအရောင်၊ ကိုးကွယ်မှုများနှင့် ကင်းလွတ်လျက် သီးခြားဖြစ်တည်သော မုဒိတာတရားအကြောင်း ဖြစ်သည်။ ခန္တီစတရားသည် လိုရာရောက်ဖို့ အားကိုးထိုက်သည့် အဆောင်ကောင်းတစ်ခုဖြစ်သည် ဆိုသောအကြောင်း ဖြစ်သည်။ ရည်ရွယ်ချက်ကို မဆုတ်မနစ် ခိုင်ခိုင်ကျည်ကျည် လက်မလွှတ်တမ်း ဆုပ်ကိုင်ထားသည့် ကေဆိုသော မိန်းမငယ်လေး တစ်ယောက်အကြောင်းဖြစ်သည်။

ကေ၏ ရဲဝံ့စွန့်စားစိတ်အကြောင်း ဖြစ်သည်။ ကေသည် ယုံကြည်ရာအတွက် ဘဝကိုရွက်လွှင့်ရဲသည့် မျက်မှောက်ခေတ်လူငယ်များကို ကိုယ်စားပြုသည်ဆိုသည့်အကြောင်း ဖြစ်သည်။ ထို့ပြင် ကေသည် သူ့ဘဝဇာတ်ကြောင်းထဲ ကျွန်တော်တို့ကို အလိုက်အလျားသင့် ဆွဲခေါ်ရင်း နှောင်ကြိုးများဖြင့် ချည်နှောင်ခဲ့သည်ဆိုသည့်အကြောင်းများဖြစ်ပါသည်။

စာမျက်နှာ

156(Woodfree paper)

စာအုပ်အရွယ်အစား

5.4 x 0.3 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2025 ဇူလိုင်လ (ပထမအကြိမ်)

9 in stock

နှောင်ကြိုးများဖြင့်ချည်ပါသော်လည်း အား ဝေဖန်သုံးသပ်မှု 7 ရှိပါသည်။

  1. Aung

    စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုပြသသွားတယ်နော်

  2. Aeri Myat

    “တစ်ဦးစေတနာ တစ်ဦးမေတ္တာ ဆိုတာဟာလည်း ပေးတဲ့လူနဲ့ လက်ခံတဲ့သူ…
    သာတူညီမျှ မေတ္တာစိတ်ရင်း ကိန်းအောင်းနိုင်မှသာလျှင် တန်ပြန်သက်ရောက်ခြင်းမျိုး ဖြစ်နိုင်ပေလိမ့်မည်”

    ဖတ်ပြီးသွားတဲ့အချိန် “We are family”
    ငါတို့က မိသားစုတွေပဲ ဆိုတဲ့ စကားလုံးက စိတ်ထဲမှာ စွဲကျန်နေခဲ့တယ်။

    ဆယ်ကျော်သက်အရွယ် ကေနဲ့ အတူတူ
    သူဌေးရဲ့ မေတ္တာတရားကိုလည်း လိုက်ပါခံစားမိတယ်။

    အဘွားရဲ့ ဂျီကျမှု၊အလိုမကျမှု၊အထီးကျန်မှုတွေကိုလည်း ဆယ်ကျော်သက်အရွယ် ကေက ပင်ပန်းဒဏ်တွေကြားက ကြိုးစားပြီး ဖြေရှင်းရှာတယ်။

    ထိုင်းနိုင်ငံမှသည် မလေးရှား၊ မလေးရှားမှသည် အမေရိကအထိ သွားဖို့ ကေတစ်ယောက်ကို အဘယ်သို့သော ကြိုးကချည်နှောင်ထားလေသလဲ…။

    သူဌေးနဲ့(သူဌေးအမေ)အဘွားတို့ကတော့ ကေ့အတွက် အပြန်အလှန် စီးဆင်းတဲ့ မေတ္တာရေကြည်ရေပေါက်ကလေးတွေပါပဲ🤍

    သွေးမတော်သားမစပ်ပေမယ့် လေးစားချစ်ခင်စရာ ကောင်းတဲ့ နှောင်ကြိုးကလေးကိုလည်း ကေတစ်ယောက်အတွက်တင်မက စာဖတ်သူရဲ့ နှလုံးသားထဲမှာပါ ချည်သွားခဲ့လေရဲ့…။

    #ဟေသာ
    #နှောင်ကြိုးများဖြင့်ချည်ပါသော်လည်း
    #ရွှေခွန်းချိုစာပေ
    #July2025
    #reviewbyaerimyat

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဟေသာ စာအုပ်များ