အမေ ကျွန်မကိုချစ်ခဲ့ပါသလား…
6000 (ကျပ်)
သားသမီးတွေဟာ
မိဘတွေကို
ရွေးချယ်ခွင့် မရှိကြဘူး၊
မိဘတွေကသာ
မလိုချင်ရင်
စွန့်ပစ်သွားခွင့် ရှိတာပါ ။
ကျွန်မတို့တွေဟာ သားသမီးတွေအနေနဲ့ဆိုရင် မိဘကို ရွေးချယ်ခွင့်မရှိဘူး။ ကံစီမံရာအတိုင်း လက်ခံရင်း မိသားစုဘ၀တစ်ခုထဲ ရောက်လာကြတယ်။ မိဘမေတ္တာဟာ မြင့်မိုရ်တောင်ကြီးလောက် ကြီးမားတယ်လို့ ငယ်ရွယ်စဉ် ပညာစသင်ရကတည်းက ခေါင်းထဲ စွဲခဲ့တာမို့ မေတ္တာမပေးနိုင်ဘဲ သားသမီးကို စွန့်ပစ်ခဲ့တဲ့ မိဘတွေကိုရော ဘယ်အရာနဲ့ နှိုင်းယှဉ်အပြစ်ဆိုကြရမလဲ။
“မိဘကိုစိတ်အား နှုတ်အား အမူအရာအားဖြင့်ပစ်မှားရင် အပါယ်ငရဲကျတတ်တယ်ဆိုရင် ကျွန်မဘ၀အဆက်ဆက် သံသရာမှာ ငရဲခန်းက ပြန်မတက်ချင်တော့ဘူး” ဆိုပြီး စာရေးသူရဲ့ စိတ်ခံစားချက်တွေကို စာမျက်နှာတိုင်း၊ စာကြောင်းတိုင်းမှာ စိတ်ဒဏ်ရာတွေ နာကျင်စရာတွေ၊ ခက်ထန်နာကျင်နေတဲ့ သူ့စိတ်တွေကို ထင်ရှားပေါ်လွင်စွာ ဖတ်ရှုရမဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
===
စာအုပ်မှ ကောက်နှုတ်ဖော်ပြချက်
ဒီစာအုပ်ဟာ သမီးတစ်ယောက်က သူ့မိခင်ကို မကျေနပ်ချက်တွေ၊ သူ့ခံစားချက်တွေ လွတ်လွတ်လပ်လပ်ဖော်ထုတ် ဖွင့်ဟထားတဲ့ ဒိုင်ယာရီငယ် စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 77(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.2 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2025 ဇန်နဝါရီလ (ပထမအကြိမ်) |
12 in stock








Thee Mhway –
ကိုယ်ကတော့ဒီကဝယ်ဖတ်တာမဟုတ်ပါဘူး ဒါမဲ့စာအုပ်လေးတွေ့တော့လမ်းကြုံဝင်ရေးလိုက်တာ ဝယ်ဖတ်မဲ့သူတွေဖို့ တကယ်ရင်နင့်စရာဇာတ်လမ်းလေးပါ
Yoon Nadi –
စွန့်ပစ်ခဲ့တာတော့မဟုတ်ပေမဲ့ မိသားစုရဲ့အပာယ်ခံလိုဘဝမျိုး ဘဝမှာ ကိုယ်တောင်းဆိုဖူးတဲ့အရာတွေကိုအခြားသူကမတောင်းဆိုပါဘဲရတယ် ငိုပီးတောင်းပန်တဲ့ကိုယ့်ကိုတော့လှည့်မကြည့်ခဲ့ဘူး ကျောင်းတက်ချင်လို့ပြောခဲ့တုန်းက အခွင့်အရေးတကြိမ်ဘဲရတဲ့ကိုယ့်ကို တစက်တောင်လှည့်မကြည့်ခဲ့ဘဲ သူတို့သမီးကိုဘဲ ဘော်ဒါသုံးနှစ်ဆက်တိုက်ထားပေးခဲ့တာ