The Brand in You

( 2 မှတ်ချက်)

5000 (ကျပ်)

စာမျက်နှာ

565

စာအုပ်အရွယ်အစား

5 x 0.3 x 7.5 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2019 အောက်တိုဘာလ (ပ-ကြိမ်)

Out of stock

The Brand in You အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. မအိမ့်အိမ့်ထူးအောင်

    #BrandYou
    #HtetYie
    #Price-3500MMK

    လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့နှလုံးသားကို balance ဖြစ်စေဖို့ ရသ၊သုတ မျှဖတ်ရမယ်။ တချို့သူတွေပြောတာတော့လည်း သုတ
    တွေသိပ်မဖတ်ရင်တောင် ရသစာအုပ်တွေထဲကနေ စိတ်ဓာတ်ခွန်အားတွေ ရယူနိုင်တယ်ဆိုပဲ။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် စာအုပ်တွေက ကျွန်မတို့ဘဝတွေကို မြှင့်တင်ပေးနိုင်တယ်ဆိုတာတော့ ကျွန်မအခိုင်အမာ ပြောရဲပါတယ်။

    ရသစာပေတွေထဲ နှစ်မြုပ်နေရင်း “ငါ့ဘဝကို
    ပုံသေကားချပ်တွေထဲကနေ လွတ်မြောက်ပြီး
    ထူးထူးခြားခြား တိုးတက်အောင် လုပ်ချင်လိုက်တာ”လို့ ခံစားမိလာတဲ့အခါ သုတစာပေတွေဘက်ကို ကျွန်မပြန်လှည့်တတ်ပါတယ်။
    ခုတစ်ခေါက်မှာတော့ ကျွန်မဖတ်လိုက်တဲ့ စာအုပ်လေးက ကျွန်မလိုချင်နေတဲ့ ကျေနပ်မှုမျိုးကို အချိန်အခါသင့် ပေးစွမ်းနိုင်ခဲ့ပါတယ်။
    စာအုပ်လေးရဲ့ နာမည်ကတော့ “#The Brand in You”ပါ။ ဒီစာအုပ်လေးကို ဖန်တီးရေးသားသူကတော့ Brand You Academy ကို စတင်တည်ထောင်ခဲ့သူဖြစ်တဲ့အပြင် ကမ္ဘာကျော်ဟောပြောပို့ချသူများနဲ့ ဆွေးနွေးပွဲတွေ စီစဥ်ခဲ့ဖူးတဲ့ Image Consultant ဆရာမထက်ရည်ပဲ ဖြစ်ပါတယ်။

    ဒီစာအုပ်လေးကို 14.2.2020 ကတည်းက မွေးနေ့လက်ဆောင်လေးအဖြစ် ရရှိခဲ့တာကြာပြီဖြစ်ပေမယ့် တကယ်ဖတ်ဖြစ်တာက 6လပိုင်း၊ စာအုပ်ထဲက exercise လေးတွေကို လိုက်လုပ်ဖြစ်တာက 8လပိုင်း၊ …စာအုပ်လေးအပေါ်အားရကျေနပ်မှုတွေကလည်း များနေတော့ အစတည်းက မဖတ်မိတာ နောက်ကျလေခြင်းလို့တောင် စိတ်မကောင်းဖြစ်မိပါသေးတယ်။

    ကမ္ဘာပေါ်မှာ ကိုယ့်Brandနဲ့ကိုယ် ခွဲထွက်ရပ်တည်နေတဲ့ အရာတော်တော်များများက
    တန်ဖိုးလည်းကြီးပြီး လူကြိုက်များခြင်းလည်း ခံရပါတယ်။ တကယ်တော့ အရာဝတ္ထုမှမဟုတ်ပါဘူး ၊ လူတွေမှာလည်းပဲ ကိုယ့်personal brandနဲ့ကိုယ် ရပ်တည်ရှင်သန်နိုင်ရင် အရမ်းကောင်းပါတယ်။ ဒီတော့ personal brand ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာအတွက် ဒီမေးခွန်းလေးတွေ အရင်စဥ်းစားဖြေကြည့်ရအောင်။

    ?Personal Brand ဆိုတာ ဘာလဲ။
    (သင်တို့ သိပါသလား။ ကျွန်မကတော့ လူတစ်ယောက်အတွက် brand တစ်ခုရှိဖို့ကလည်း အဓိကအရေးကြီးတယ်ဆိုတာကို ဒီစာအုပ်လေးဖတ်ပြီးမှ သိခဲ့ပါတာပါ။)

    ?Brand & Image ကောင်းဖို့ ဘယ်အရာတွေနဲ့ တည်ဆောက်ရမလဲ။

    ?Brand ဘယ်နှမျိုးရှိလဲ။

    ?အလုပ်တစ်ခုသွားလျှောက်တဲ့အခါ အဓိကအရေးကြီးတဲ့ First impression ဆိုတာကရော Personal brand & Image နဲ့ ဘယ်လိုဆက်စပ်သလဲ။

    ?Communication ကောင်းခြင်းကလည်း
    Persinal brand ကောင်းခြင်းနဲ့ တူတူပဲလား။

    ?လူတွေမသိသေးတဲ့ Life skills တွေက ဘာတွေဖြစ်မလဲ။

    ?Internetပေါ်မှာ ကိုယ့်ရဲ့brandကို ဘယ်လိုတည်ဆောက်မလဲ။

    ?Personal brand ကို ရေရှည်တည်တံ့စေဖို့ ဘယ်လိုထိန်းသိမ်းမလဲ။

    ဒါတွေကိုသိရဲ့လား။ သိတဲ့အချက်တွေကိုရော လက်တွေ့ လုပ်ဖြစ်ရဲ့လား။ ကျွန်မလို ဘာမှ မသိခဲ့သူဆိုရင်တော့ ဒီစာအုပ်လေးကို
    ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

    ဒီစာအုပ်လေးဟာ ကျွန်မဖတ်ဖူးတဲ့ အခြားအောင်မြင်ရေးစာအုပ်တွေနဲ့မတူဘဲ အရမ်းထူးခြားကောင်းမွန်တယ်လို့ ခံစားရပါတယ်။

    အောင်မြင်ချင်ပေမယ့် အောင်မြင်ချင်တဲ့စိတ်သာရှိပြီး တကယ်မကြိုးစားဖြစ်ကြတဲ့သူတွေ၊ Planတွေသာချပြီး အချိန်ဆွဲတဲ့အကျင့် ရှိနေသေးတဲ့သူတွေ၊ လူမှုဆက်ဆံရေးကောင်းမွန်ချင်ပေမယ့် ဘယ်လိုကောင်းအောင်လုပ်ရမလဲ မသိတဲ့သူတွေ၊ First Impression ကောင်းချင်ပေမယ့် လိုက်လုပ်ရမယ့်အချက်တွေကိုရော ဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုရော မသိသေးတဲ့သူတွေ၊ knowledge တွေအများကြီး သိနေပေမယ့် ဘာကိုမှ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်မြောက်အောင် မလုပ်ဖူးသေးတဲ့သူတွေ၊ ကိုယ်က ဒီလိုလူအမျိုးအစားတွေထဲ ပါဝင်နေပြီဆိုရင်တော့ ဒီစာအုပ်ကိုဖတ်ကြည့်ဖို့ အရမ်းတန်နေပါပြီ။ (ကျွန်မအတွက်ကတော့ အရမ်းကို ဖတ်ရကျိုးနပ်ခဲ့ပါတယ်။)

    ဒီစာအုပ်မှာ အကြိုက်ဆုံးကတော့ exercise လေးတွေ ထည့်ပေးထားတာပါပဲ။ (ကျောင်းစာ ကျက်တာ၊တွက်တာလို exerciseမျိုးကို
    ပြောတာမဟုတ်ဘူးနော်)။ ကိုယ့်ကိုယ်ကိုယ်
    ဆန်းစစ်ဖို့၊ ကိုယ့်စိတ်ကိုယ်သိဖို့၊ ကိုယ့်ရည်ရွယ်ချက် ကိုယ့်တန်ဖိုးထားမှု ကိုယ့်အားသာချက် ကိုယ့်အားနည်းချက် တွေကို သိဖို့
    အရမ်းကောင်းတဲ့ မေးခွန်းတွေကို မေးပေးထားတဲ့ exercise မျိုးတွေပါ။

    လူဆိုတာ တခြားသူတွေအကြောင်းကို သိဖို့ထက် ကိုယ့်အကြောင်းကိုယ် သိဖို့က ပိုအရေးကြီးပါတယ်။ ကိုယ့်ကိုယ့်ကိုယ်တောင် မနိုင်သေးဘဲနဲ့ သူများကို သွားအနိုင်ယူနိုင်ဖို့
    ဆိုတာ အဝေးကြီးပဲမဟုတ်လား။ ကျွန်မကတော့ ဒီထဲက exercise လေးတွေကို လိုက်ဖြေကြည့်ပြီး ကိုယ့်အားသာချက်တွေကိုလည်း ဂုဏ်ယူဝံ့ကြွားစွာ ချရေးပြီး ကိုယ့်အားနည်းချက်တွေကိုလည်း အားမနာလျှာမကျိုး ချရေးခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရှင်းရှင်းလင်းလင်း ဂဃနဏ သိလိုက်သလိုပဲမို့ ရှေ့ဆက်အကောင်အထည်ဖော်သွားရမယ့် အိပ်မက်တွေအတွက်လည်း တွန်းအားတစ်ခု ရလိုက်သလိုပါပဲ။

    စာအုပ်ထဲက exercise လေးတွေကိုရော၊ ကျွန်မကိုယ်တိုင် လိုက်လုပ်ထားတဲ့ note bookထဲက exercise လေးတွေကိုပါ
    ဥပမာအနေနဲ့ ပုံရိုက်ပြထားပါတယ်။

    #ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး soft skill သင်တန်းတွေ တက်ဖြစ်နေပါသလား။
    တက်ချင်နေပါသလား။အဲ့ဒါဆိုရင်တော့ အဲ့ထက်လည်း အဆပေါင်းများစွာ ဈေးချိုပြီး နာမည်ကြီး soft skill 3 ခုစာလောက် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေကို လေ့လာကြည့်နိုင်တဲ့ နည်းလမ်းတစ်ခုကို ပြောပြချင်ပါတယ်။
    အဲ့ဒါကတော့ ဆရာမထက်ရည်ရေးသားတဲ့ “The Brand in You”ဆိုတဲ့ စာအုပ်လေးကို
    ဖတ်ကြည့်ပြီး စာအုပ်ထဲက exercise လေးတွေကိုလည်း လိုက်လုပ်ကြည့်တဲ့နည်းပါပဲ?။

    ?ကိုယ့်ရဲ့ ဘဝမှာ ဘယ်လိုလူတစ်ယောက်အဖြစ် ဖြတ်သန်းချင်တာလဲ။
    ?ကိုယ်က နောက်တစ်နှစ်မှာ ဘာဖြစ်ချင်တာလဲ။
    ?ကိုယ်စကားတစ်ခွန်းပြောလိုက်တာနဲ့ ထိ‌ရောက်တာမျိုး၊ လိုက်လုပ်ကြတာမျိုး ရှိလား။ လိုချင်လား။
    ?ကိုယ့်ဘဝမှာ…ဘယ်နယ်ပယ်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုအနေအထားအထိ အောင်မြင်ချင်တာလဲ။
    ?ကိုယ်ကိုယ်တိုင် စံတစ်ခုသတ်မှတ်ပြီး အဲ့ဒီစံထက် အောက်မကျအောင် သတိထားနေထိုင်တာမျိုး ရှိပြီလား။
    ?ကိုယ်အောင်မြင်ချင်တဲ့ နယ်ပယ်၊ ကိုယ်တိုးတက်ချင်တဲ့ စွမ်းရည်ပေါ်မူတည်ပြီး သက်ဆိုင်ရာနယ်ပယ်တွေမှာ idolတွေ ရွေးချယ်သတ်မှတ်ထားတာမျိုး လုပ်ဖူးပြီလား။
    ?ကိုယ်ဟာ ဘယ်လိုလူလဲ၊ ဘယ်လိုအကျင့်စရိုက်တွေ ရှိသလဲ။ သေသွားတဲ့အခါ ဘယ်လိုနာမည်မျိုး ကျန်ခဲ့စေချင်သလဲ။
    ?First Impression ကောင်းခြင်းနဲ့ပါတ်သတ်ပြီး ကိုယ့်အပေါ် မြင်မြင်ချင်း တခြားသူတွေက ဘယ်လိုမြင်စေချင်သလဲ။
    ?ကိုယ်က ငြင်းရမှာ ကြောက်တဲ့သူလား၊ သူများဘာပြောပြော အပြစ်မြင်တတ်တဲ့သူလား။
    ?ကိုယ့်မှာ ဘာအရည်အချင်းတွေရှိလဲ။

    ကဲ…ဒါတွေကတော့ exercise ထဲကမဟုတ်တဲ့ စာပိုဒ်တွေထဲက self-awareness နဲ့ဆိုင်တဲ့ မေးခွန်းအကောင်းစားတွေပါ။

    ဒီလောက်ဆို ဒီစာအုပ်လေးရဲ့ တန်ဖိုးကြီးမှုကို သိလောက်ရောပေါ့။ ကိုယ့်အတွက် လုံးဝအသုံးဝင်မယ်လို့ရော ယုံကြည်လောက်ရောပေါ့။ ဒါကြောင့် The Brand in You စာအုပ်လေးကို ကိုယ့်ရဲ့ mentor တစ်ယောက်လို သဘောထားကာ သူမေးတဲ့ မေးခွန်းတွေနဲ့ သေချာဆွေးနွေးပြီး ကိုယ့်ရဲ့ personal brand ကို အများကြီးပိုကောင်းအောင် တည်ဆောက်နိုင်ကြပါစေ။ အောင်မြင်ချင်စိတ်ရှိတဲ့အတိုင်းလည်း တကယ်လက်တွေ့ကြိုးစားဖြစ်ကြတဲ့သူတွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်။
    .
    .
    .
    #ချစ်ခင်လေးစားစွာဖြင့်
    #အိမ့်
    Sat, Aug 22, 2020

  2. Myat Noe Lin

    The Book what it will take brilliant mindset for teenagers.

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ထက်ရည် (Htet Yie) စာအုပ်များ