ချည်နှောင်ထားသောဆက်ထုံးများ
14000 (ကျပ်)
ကိုယ့်ကိုယ်ကိုယ် ရစ်ပတ်ထားတဲ့ ကြိုးဆက်ထုံးတွေက သူများလာချည်နှောင်ထားတဲ့ ကြိုးတွေထက် ပိုခိုင်ခံပါတယ်။
ငယ်ဘ၀ရဲ့ ပြန်ရင်မဆိုင်ချင်တဲ့ အတွေးတွေက ကိုယ့်ကိုမလှုပ်နိုင်အောင် ရစ်ပတ်ထားတာလား။ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်လျှောက်မှာ ကြုံတွေ့ရတဲ့ လိမ်ညာမှုတွေ၊ နာကျင်မှုတွေ၊ ဒဏ်ရာတွေ၊ နောင်တတွေက တမြည့်မြည့်နဲ့ ကိုယ့်နှလုံးသားကို သတ်နေတာလား။
ဘ၀ဆိုတာ အကောင်းရှိရင် အဆိုးရှိမယ်၊ အမြင့်ရှိရင် အနိမ့်ရှိမယ်၊ အချစ်ရှိရင် အမုန်းရှိမယ်လို့ သီအိုရီအရ သိနေပေမယ့် မကျော်လွှားနိုင်သေးဘဲ ဆက်ထုံးတွေကြား အသက်မရှုနိုင်အောင် ကြေကွဲ ဝမ်းနည်းနေရတာလား။
ကြုံဖူးမှသိနိုင်မယ့် ဒဏ်ရာတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မေ့နေမယ်။ အသက်၀၀ ရှုဖို့တောင် အင်အားမရှိတော့ဘူး။ ရှေ့ဆက်သွားဖို့ ကြောက်နေတယ်ဆိုရင် ..
ဒီစာအုပ်လေးက တစ်နည်းနည်းနဲ့ အဖော်ပြုနိုင်လိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့နိုင်လိမ့်မယ်။ အမှီအခိုကင်းကင်းနဲ့ ကိုယ့်ကိုယ့်ကိုယ် ချစ်နိုင်လိမ့်မယ်။ ကိုယ့်ရဲ့တန်ဖိုးတွေကို ပြန်ရှာတွေ့ပြီး လက်ခံနိုင်လိမ့်မယ်…
| စာမျက်နှာ | 196(Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.7 x 0.4 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2025 စက်တင်ဘာလ၊ (ပထမအကြိမ်) |
36 in stock










ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ