တစ်ကိုယ်တည်းနေထိုင်ခြင်းအနုပညာ
8000 (ကျပ်)
ကိုယ့်ကိုယ်ကိုယ် ပိုင်ဆိုင်တတ်ဖို့ သင်ယူပါ’
ကျွန်မတို့နေထိုင်ရာ ကမ္ဘာကြီးထဲမှာ ဘယ်သူကမှ၊ ဘယ်အရာကမှကျွန်မတို့နဲ့ အမြဲထာဝရအတူရှိနေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ဟာအလုပ်အလွန်အကျွံလုပ်ရတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။ ဥပမာပြောရရင် သင့်သူငယ်ချင်းတွေဟာ ပိုကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် တခြားမြို့ကိုပြောင်းရွှေ့ရနိုင်သလိုသင်ကိုယ်တိုင်ဟာလဲ ပညာသင်ကြားဖို့အတွက် မိသားစုနဲ့ခွဲခွာရနိုင်ပါတယ်။ ဒီလိုအမြဲတစေပြောင်းလဲနေတဲ့ စံနမူနာပုံစံကြီးထဲမှာ သင်နားလည်ထားရမဲ့ အချက်တစ်ခုကတော့ “တစ်ယောက်တည်းဖြစ်နေတာဟာ အထီးကျန်တာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အဖော်ပြုနေခြင်းသာဖြစ်တယ်” ဆိုတာပါပဲ။
သင့်ရဲ့အထီးကျန်မှုကို ‘သီးသန့်နေထိုင်မှု’ အဖြစ်ဘယ်လိုပြောင်းလဲရမယ်၊ တစ်ယောက်တည်း ပျော်ရွှင်စွာနေတတ်တဲ့အနုပညာကို ဘယ်လိုကျွမ်းကျင်အောင် လုပ်ရမယ်ဆိုတာနဲ့ တစ်ဆက်တည်းမှာပဲ သင့်ရဲ့ ‘လက်ရှိဘဝ’ ကို ‘အိပ်မက်ဘဝ’ဖြစ်လာအောင် ဘယ်လိုပြောင်းလဲရမယ်ဆိုတာတွေကိုသင်ကြားပေးပါလိမ့်မယ်။
စာအုပ်ထဲမှာ သင်ဟာ-သင့်ရဲ့အထီးကျန်မှုကို သီးသန့်နေထိုင်မှုအဖြစ် ပြောင်းလဲပြီးကိုယ့်ပုံစံအတိုင်း နေထိုင်နည်း၊ ကိုယ့်ကိုယ်ကိုယ်နဲ့ ပိုတူတဲ့လူတစ်ယောက်ဖြစ်လာအောင်ပြုလုပ်နည်း၊အထီးကျန်မှုကိုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းကို ရှင်းလင်းဖယ်ရှားခြင်းအားဖြင့်အထီးကျန်မှာကြောက်တဲ့စိတ်ကို ဖယ်ရှားနည်း၊ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာစေဖို့အတွက် ကိုယ့်ရဲ့အနက်ရှိုင်းဆုံး အတွင်းစိတ်ကို သိမြင်နားလည်အောင်ပြုလုပ်နည်းတန်ဖိုးထားနည်း၊တစ်ယောက်တည်းရှိတဲ့အချိန်တွေကိုစွဲလမ်းမက်မောနေအောင်ပြုလုပ်နည်းနဲ့ အဲဒီအချိန်ကိုကိုယ့်ရဲ့တိုးတက်မှုအချိန်ကာလအဖြစ် ပြောင်းလဲနည်း စတာတွေကိုရှာဖွေတွေ့ရှိရပါလိမ့်မယ်။
သင့်ရဲ့အစစ်အမှန်လမ်းပြမီးအိမ်ဟာ ‘သင်ကိုယ်တိုင်’ပဲဖြစ်ကြောင်းနဲ့သင့်နှလုံးသားက ဘာတွေလုပ်ရမယ်ဆိုတာကို သိနေပြီး သင့်စိတ်က ဘယ်လိုလုပ်ရမယ်ဆိုတာကို ရှာဖွေနိုင်စွမ်းရှိကြောင်း ဒီစာအုပ်ကနားလည်သဘောပေါက်စေပါလိမ့်မယ်။ သင့်ကို ကိုယ်ကိုယ်တိုင်နဲ့အတူရှိချင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာအောင် ပြောင်းလဲပေးပါလိမ့်မယ်။
| စာမျက်နှာ | 136 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.8 × 0.2 × 8.3 inches |
| ပုံနှိပ်မှတ်တမ်း | သားငယ်စာပေ၊ 2025 ဇူလိုင်လ (ပထမအကြိမ်) |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ