
ပျော်ရွှင်အောင်နေနည်းလျှို့ဝှက်ချက်များ
11000 (ကျပ်)
လူတိုင်းက ပျော်ရွှင်ချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ အဲဒီ “ပျော်ရွှင်မှု” ကို ဘယ်မှာရှာရမလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ တစ်ယောက်နဲ့တစ်ယောက် တူညီကြမှာ မဟုတ်ပါဘူး။ တချို့က အောင်မြင်မှုနောက်ကို လိုက်ကြတယ်၊ တချို့က ငွေကြေးချမ်းသာမှုကို ရှာဖွေကြတယ်၊ တချို့ကတော့ စိတ်အေးချမ်းမှုကို တန်ဖိုးထားကြပါတယ်။
ဒီစာအုပ်မှာတော့ ပျော်ရွှင်မှုဆိုတာ ကြီးကြီးမားမား အောင်မြင်မှုတွေဆီကမှ ရနိုင်တာမဟုတ်ဘဲ နေ့စဉ်လူနေမှုဘဝထဲက အသေးအဖွဲအပြုအမူလေးတွေကို ပြောင်းလဲလိုက်ရုံနဲ့တင် ရရှိနိုင်တယ်ဆိုတာကို သိပ္ပံနည်းကျ လေ့လာမှုတွေ၊လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့သက်သေပြထားတာဖြစ်ပါတယ်။
ဒီစာအုပ်ကိုဖတ်ကြည့်ရင် ပျော်ရွှင်ဖို့အတွက် ဘဝကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲစရာမလိုဘဲ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ အပြုအမူနဲ့ အတွေးအခေါ်လေးတွေကို နည်းနည်းလေးစီပြုပြင်ရုံနဲ့ စိတ်အခြေအနေက သိသိသာသာ ပြောင်းလဲသွားနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာပါတဲ့ အချက်တိုင်းက သင့်အတွက် အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်ပတ်ကို နည်းလမ်းတစ်ခုလောက်ပဲ စမ်းကြည့်ပြီး မိမိနဲ့ကိုက်ညီတဲ့ နည်းလေးတွေကို ရှာဖွေရင်း ကိုယ့်ရဲ့နေ့စဉ်ဘဝကို ပိုမိုတောက်ပလာအောင်ဖန်တီးနိုင်ကြမှာ ဖြစ်ပါတယ်။
| စာမျက်နှာ | 188 (𝐖𝐨𝐨𝐝𝐟𝐫𝐞𝐞 𝐏𝐚𝐩𝐞𝐫) |
|---|---|
| စာအုပ်အရွယ်အစား | 5.8 x 0.3 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ 2026 ဧပြီလ (ပထမအကြိမ်) |
7 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ