
သိဒ္ဓတ္ထ
3000 (ကျပ်)
“သိဒ္ဓတ္ထ” သည် သစ္စာတရားကိုရှာမှီးသောလူသားတစ်ဦး၏ အကြောင်းကို အောင်မြင်စွာသရုပ်ဖော်ထားသော စာပေနိုဘယ်ဆုရ ဝတ္တုရေးဆရာကြီး ဟာမန်ဟက်၏ ကမ္ဘာကျော် ဒဿနဝတ္တုဖြစ်သည်။ဤဝတ္တု၏ဂုဏ်သတင်းသည် ကမ္ဘာ့စာပေလောက၌ ဟိုးလေးတကျော်ဖြစ်သွားခဲ့ရာ နိင်ငံအရပ်ရပ်မှ ဘာသာပေါင်းများစွာမှ ဘာသာပြန်ဆိုခဲ့ကြသည်။ရုပ်ရှင်အဖြစ် ဖန်တီးသည့်အခါတွင်လည်း အောင်မြင်မှုရရှိခဲ့ပေသည်
.
လုလင်တစ်ယောက်၏ ဘဝအမှန်တရားကိုစူးစမ်းရှာဖွေပုံ၊ ဗုဒ္ဓနှင့်တွေ့ပြီး ဗုဒ္ဓထံမှ တရားဒေသနာကို နာကြားရသည့်တိုင် နောက်ဆုံးရည်မှန်းချက်ကို မတွေ့ရပဲ သူ့နည်းသူ့ဟန်ဖြင့် ဘဝအမှန်တရားကိုတွေ့မြင်သိရှိသွားပုံကို နက်နဲသောအတွေးအခေါ်များ၊ ခက်ခဲသော ဒဿန အယူအဆများဖြင့် ဘဝသည်သာအကြီးအကျယ်ဆုံးသောဆရာဖြစ်ကြောင်း ကိုယ်စပိုင်အတွေးအခေါ်နှင့် ရေးသားထားတဲ့ ဒဿနဝတ္တုပင်ဖြစ်တာကြောင့် အတွေးအခေါ် ဝါသနာပါသူတိုင်း လက်မလွတ်တမ်းဖတန်ထိုက်သည့် ဝတ္ထုဖြစ်ပေသည်။
စာမျက်နှာ | 185 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.4 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2017 ဇန်နဝါရီလ |
5 in stock
soe win –
ဤစာအုပ်ကို ယခုခေတ်လူငယ်များ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုသိမြင်သင့်ပါသည်။ ထိုသို့ဖြစ်ရန်အတွက် ၂၅၀၀ ကျပ်ဖြင့် စာအုပ်အသွင်ဖြင့် ရောင်းသည်သာမက e-book version ဖြင့်လည်း အခမဲ့ download လုပ်ခွင့် ပေးသင့်ပါသည်။ စာအုပ်စာပေ လူ့မိတ်ဆွေပါ။ စာပေမြင့်မှ လူမျိုးမြင့်မယ်လေ။ ဒါက ကျွန်တော့ အတွေးအမြင်ပါ။