သီပေါ၏မဟေသီ
9000 (ကျပ်)
သီပေါ၏မဟေသီစာအုပ်သည် မြန်မာရှင်ဘုရင် မင်းဆက်၏ နောက်ဆုံးမင်းဆက်၊ နောက်ဆုံး ရှင်ဘုရင် စိုးစံခဲ့သည့်ကာလက အဖြစ်အပျက်ကို ရေးသားထားသည့် စာအုပ်ဖြစ်သည်။ ယခုစာအုပ်၏ အဓိကဇာတ်ဆောင်မှာ သီပေါဘုရင်၏ မိဖုရား စုဖုရားလတ်ဖြစ်သည်။ စုဖုရားလတ်၏အကြောင်းကို အနောက်နိုင်ငံ စာရေးဆရာများက စိတ်ဝင်စားကြပြီး စာတစ်စောင် ပေတစ်ဖွဲ့ ရေးကြသည်။
ယခုစာအုပ်တွင် စုဖုရားလတ်ထံတွင် ခစားခဲ့ဖူးသော အပျိုတော်ကလေးတစ်ဦးက ဇာတ်ကြောင်းပြန်ပြောသည်ကို တစ်ဆင့်ရေးပြသည့်အနေဖြင့် ရေးသားထားသည်။ စုဖုရားလတ်နှင့် သီပေါဘုရင်တို့အကြောင်းအပြင် မန္တလေးနန်းတွင်းအခြေအနေများ၊ ထီးရေး၊ နန်းရေး၊အချစ်ရေး၊ စစ်ရေး များကို စိတ်ဝင်စားဖွယ်ရေးသားဖော်ပြထားသည်။
သီပေါ၏မဟေသီစာအုပ်သည် ၀တ္ထုအနေနှင့် ခံစား၍လည်းရသည်။ သမိုင်းအတွက်လည်း အကိုးအကားအထောက်အထားရနိုင်သည်။ အတ္ထုပတ္ထိတစ်စောင်တစ်ဖွဲ့ လည်း ဖြစ်နေသည်။
| စာမျက်နှာ | 345 |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.6 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2024 ဖေဖော်ဝါရီလ |
2 in stock





Ko Nay –
ကြိုက်လို့ပါ