သပိတ်မှောက်ကျောင်းသား

( 0 မှတ်ချက်)

5500 (ကျပ်)

ကျောင်းသားများ သပိတ်မှောက်ရခြင်း၏ အကြောင်းရင်းမှာ စင်စစ်ကားတစ်ခုသာလျှင်ရှိသည်။ တစ်ခုတည်းသော အကြောင်းသည်သာ အသွင်အမျိုးမျိုးဆောင်လျက် ဖြစ်ပေါ်လာခဲ့လေသည်။
ထိုတစ်ခုတည်းသောအကြောင်းမှာ ကျွနုပ်တို့အား တိုင်းရေးပြည်ရေးဖြင့် ချုပ်ချယ်လျက် ကျွန်ုပ်တို့ စီးပွားရေးကြီးပွားရေးတွင် အညွှန့်ခူးနေသော ဗြိတိသျှ အင်ပီရီရယ်လစ်တို့သည် ကျွန်ုပ်တို့အား ကျွန်အဖြစ်ဖြင့် ရှည်ကြာစွာ ထားလို၏။ ကျွန်ုပ်တို့ ကျောင်းသားတစ်စုသည် အတန်ငယ် နိုးကြားလာသည်နှင့်တစ်ပြိုင်နက် ကိုယ့်စီးပွားရေး ကြီးပွားရေးကို ကိုယ်ကြိုက်သလို ခြယ်လှယ်စီမံနိုင်ရန် တိုင်းပြည်လွတ်လပ်ရေးတွင် လွတ်လပ်ခွင့် လိုကြသည်။ ကျွန်အဖြစ်မှ လွတ်မြောက်၍ သခင်ဖြစ်ချင်ကြသည်။ ထိုသို့ ကန့်လန့်တကျင် ဆန့်ကျင်လျက်ရသော လိုလားချက်နှစ်ခု ထိမှုခိုက်မှု ရန်ဖြစ်မှုမှ သပိတ်မှောက်ခြင်း ဖြစ်ပေါ်လာခဲ့လေသည်။
မြန်မာဂန္ထဝင်စာပေ နိုင်ငံရေးနောက်ခံ ဝတ္ထုကောင်းတစ်အုပ်အဖြစ် သတ်မှတ်ခံရပြီး စာပေဂုဏ်သတင်းမွှေးကြိုင်လှသည်။ စာရေးဆရာသိန်းဖေမြင့် အကောင်းဆုံးလက်ရာစာအုပ်များထဲမှ တစ်အုပ်အဖြစ် ညွှန်းဆိုခဲ့ကြပေသည်…

စာမကျြနာ

557

စာအုပ်အရွယ်အစား

5.1 x 0.9 x 7.4

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2020 မတ်လ

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သပိတ်မှောက်ကျောင်းသား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သိန်းဖေမြင့် စာအုပ်များ

သင့်အတွက်ရွေးချယ်ပေးထားသည့်စာအုပ်များ