
တောင်ပံများနဲ့မြစ် (မိဘမေတ္တာဖွဲ့ကဗျာများ)
8000 (ကျပ်)
‘ငယ်ငယ်က ကစားတဲ့အခါ ဓားမကိုင်ရဘူးလို့ အမေကပြောတယ်။
ကျွန်တော်က ခိုးကိုင်တယ်
လှည်းကလေးလုပ်တယ်
နွားရုပ်ကလေးတွေ ခုတ်တယ်
ခိုးကိုင်တော့ ဓားက ခိုးရှတယ်
ရှတဲ့လက်မှာ ထမင်းစားရင်စပ်တယ်
စပ်တဲ့အခါမှာတော့ အမေကသားကိုအပြစ်မတင်ဘူး
ဓားကိုအပြစ်တင်တယ်’
(ဓားအပြစ်ပါ-ကဗျာမှ)
ယခုကဗျာစာအုပ်မှာ မန္တလေးအမေနေ့အဖေနေ့ကျင်းပရေးအဖွဲ့ကကြီးမှူးကျင်းပတဲ့ အမေကဗျာ၊ အဖေကဗျာပြိုင်ပွဲတွေမှာ ဆုရရှိခဲ့တဲ့ ကဗျာရှည်(၂)ပုပ်နဲ့အတူ မိဘမေတ္တာဖွဲ့ကဗျာတွေကို စုစည်းထားပါတယ်။ မိဘကိုချစ်မြတ်နိုးတန်ဖိုးထားသူတိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 89 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.2 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဆောင်းစုရတီစာပေ၊ 2025 ဒီဇင်ဘာလ (စတုတ္ထအကြိမ်) |
46 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ