
ပုဏ္ဏေးမလေးသို့
8000 (ကျပ်)
လူတွေနဲ့ငါ
လမ်းမှာ လူးတယ်သစ်ရွက်တွေ ကြွေသလို
ဘဝတွေကြွေကျတာပါပဲ၊ကြွေသွားတဲ့ သစ်ရွ့က်တွေကို
သိမ်းဆည်းမယ့်သူမှ မရှိဘဲလေ၊ကြွေသွားတဲ့ သစ်ရွက်တွေလည်း
ကြွေကျသွားတာပါပဲ…။နွေ မဟုတ်
ဆောင်း မဟုတ်
မိုး မဟုတ်
ဝေချင်တဲ့အခါ ဝေပြီး
ကြွေချင်တဲ့အခါ
ကြွေကျသွားတတ်တာသစ်ခက်မှာ ရပ်ထားလို့မှမရတာ
မြေပြင်ကို ဒူးထောက်လို့
အကြိမ်ကြိမ် ချစ်ရေးဆိုနေမိတာ…
ရွက်စိမ်းတွေမှ မသိတာ။ ။
ဆရာနေမျိုးအမှာစာမှ ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါသည်။
ကျွန်တော်သည် အထက်အညာ မန္တလေးသားတစ်ယောက်ဖြစ်ပါသည်။ မန္တလေးသားမို့ ကိုယ်မကျင်လည် မရောက်ဖူးသော အောက်ပြည်အောက်ရွာနယ်ဒေသ၏ သဘာဝနှင့် အောက်သူ အောက်သားတို့၏ ခံစားမှုများကို စိတ်ဝင်စားမိကြောင်း ဝန်ခံရပေမည်။ ယခုစာအုပ်တွင် အောက်ပြည်အောက်ရွာလာ ခံစားမှုအချို့ကို မြင်တွေ့ဖတ်ရှုခွင့် ရခဲ့သဖြင့် ကျေနပ်ဝမ်းမြောက်ကာ အာသီသပြေရကြောင်း ပြောလိုပါသည်။
တို့ထိကိုင်တွယ်လို့ မရတဲ့အခါ
ရေကိုပဲ အပြစ်တင်တယ်
မြစ်ကိုကြ မေ့ထားရက်တယ်…။
(မြစ်ရေကဗျာ မှ) ယခု ကဗျာက အောက်ပြည်အောက်ရွာမှာ ပြုလုပ်သည်ဟူသော အမှတ်တံဆိပ်ပါရှိသည့် ကဗျာဖြစ်သည်။ “မြစ်ကို မေ့ထားရက်တယ်” ဟူသော စာသားက အဓိပ္ပာယ်များ တငြိမ့်ငြိမ့်စီးဆင်းသွားနေပါသည်။ ကျွန်တော်သည် ရေကို အပြစ်မတင် ချစ်ခင်စိတ်ဝင်လာပါသည်။မြစ်ကို မမေ့ အချစ်ကို တွေ့ရသလို ရှိပါသည်။
နေရစ်သော် (ဟင်္သာတ) က ချစ်မေတ္တာ သီကျူးပုံမှာ အချို့နေရာများတွင် တုန်လှုပ်စရာကောင်းသည်ဟုပင် ကျွန်တော်က ထင်မိသည်။ သူ၏ ချစ်အဘိဓမ္မာက အနိုင်ယူဖို့မဟုတ်ဘဲ၊ ချစ်နေမြဲရှိဖို့သာဟု ကျွန်တော့်ကို စဉ်းစားမိစေခဲ့ပါသည်။ သူ၏ဝါကျများက သစ်လွင်လတ်ဆတ်ပြီး စာဖတ်သူကို ဖျတ်ခနဲ ပုတ်၍ လှုပ်နှိုးလိုက်သလိုရှိ၏။
မြေပြင်ကို ဒူးထောက်လို့
အကြိမ်ကြိမ် ချစ်ရေးဆိုနေမိတာ
ရွက်စိမ်းတွေမှ မသိတာ…။
(ရွက်စိမ်းတို့ငိုသံ ကဗျာမှ)
နှလုံးသားဆီက လာပြီး နှလုံးသားဆီ သွားတဲ့ ကဗျာတွေကို ဒီစာအုပ်ထဲမှာ အေးအေးငြိမ့်ငြိမ့် ဖတ်ရှုရမှာဖြစ်ပါတယ်။
| စာမျက်နှာ | 94 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.2 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဆောင်းစုရတီစာပေ၊ 2025 ဒီဇင်ဘာလ (စတုတ္ထအကြိမ်) |
47 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ