SOUL
4500 (ကျပ်)
ဒီဇာတ်လမ်းလေးကို အွန်လိုင်းပလက်ဖောင်းတစ်ခုမှာ စရေးတော့ လူကြိုက်များလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ မမျှော်လင့်ရဲခဲ့တာဆို ပိုမှန်မယ်။ နန္ဒဦးမော်ဆိုတဲ့ အမျိုးသားက Expect ဖတ်ဖူးတဲ့ လူတွေအတွက် စိမ်းမနေခဲ့ပေမယ့် ဒါ ကိုယ့်ရဲ့ ပထမဆုံး သဘာ၀လွန် စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်နေခဲ့လို့ စာဖတ်သူတွေရဲ့ တုံ့ပြန်မှုအတွက် များစွာ စိတ်လှုပ်ရှားခဲ့ရတယ်။ သာမန်အမျိုးသား၊ အမျိုးသမီး ချစ်ကြိုက်တဲ့ပုံစံနဲ့ ကွဲထွက်ရုံမက ကိုယ်တို့နဲ့ အလှမ်းဝေးနေတဲ့ မြန်မာပြည်အထက်ပိုင်းမှာ အခြေတည်ထားခဲ့တော့ ကိုယ်အများကြီး အားထုတ်ခဲ့ရတယ်။ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေ မသွေဖီအောင်၊ အကျိုးသင့် အကြောင်းသင့်တဲ့အခါတိုင်း ရိုးရာတွေကို ဖော်ထုတ်ပြနိုင်အောင် ကြိုးစားခဲ့ပါတယ်….
| စာမျက်နှာ | 136 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.4 x 8 inches |
| ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2023 ဖေဖော်ဝါရီလ၊ (ဒုတိယအကြိမ်) |
Out of stock









Līan Coral –
ကိုယ်က blထက် normal ကိုပိုသဘောကျတာအမှန်
ဒါဖတ်တုန်းကဆို ငိုပါငိုခဲ့ရတယ်
ဦးမော်ကိုလေ လျန်းနဲ့ သူစိတ်ကူးထဲကအတိုင်းဖြစ်စေချင်တာရယ်
ဒါပေမဲ့ မဖြစ်နိုင်တော့တဲ့အခြေအနေကိုပဲအပြစ်တင်ရမယ်ထင်ပါရဲ့
ဒါလေးဖတ်ပြီး အချစ်ဆိုတာ ပိုင်ဆိုင်နေရမှမဟုတ်ပဲ ကိုယ်ချစ်ရသူပျော်ရွှင်နေရင် ကျေနပ်ပြီး ကိုယ်ချစ်တာသိနေရင်ရပါပြီဆိုတဲ့ ရောင်ရဲမှုလေးကို နန္ဒဆီကသိလိုက်ရတယ်
ပထမဆုံးနဲ့နောက်ဆုံးအချစ်က ဇာတ်သိမ်းမလှပေမဲ့
ချစ်ရသူကို ချစ်နေရင်းနဲ့ပဲ သူ့ကိုအောင်းမေ့နေတာပဲ ကိုယ့်အချစ်တွေကိုထာဝစဉ်နှလုံးသားထဲသိမ်းထားလိုက်တယ်
ကိုယ်တော့ဒါလေးဖတ်ပြီးအဲ့လိုနားလည်တယ်
အရမ်းလည်းကြိုက်တယ်