SOUL

( 16 မှတ်ချက်)

4500 (ကျပ်)

ဒီဇာတ်လမ်းလေးကို အွန်လိုင်းပလက်ဖောင်းတစ်ခုမှာ စရေးတော့ လူကြိုက်များလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ မမျှော်လင့်ရဲခဲ့တာဆို ပိုမှန်မယ်။ နန္ဒဦးမော်ဆိုတဲ့ အမျိုးသားက Expect ဖတ်ဖူးတဲ့ လူတွေအတွက် စိမ်းမနေခဲ့ပေမယ့် ဒါ ကိုယ့်ရဲ့ ပထမဆုံး သဘာ၀လွန် စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်နေခဲ့လို့ စာဖတ်သူတွေရဲ့ တုံ့ပြန်မှုအတွက် များစွာ စိတ်လှုပ်ရှားခဲ့ရတယ်။ သာမန်အမျိုးသား၊ အမျိုးသမီး ချစ်ကြိုက်တဲ့ပုံစံနဲ့ ကွဲထွက်ရုံမက ကိုယ်တို့နဲ့ အလှမ်းဝေးနေတဲ့ မြန်မာပြည်အထက်ပိုင်းမှာ အခြေတည်ထားခဲ့တော့ ကိုယ်အများကြီး အားထုတ်ခဲ့ရတယ်။ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေ မသွေဖီအောင်၊ အကျိုးသင့် အကြောင်းသင့်တဲ့အခါတိုင်း ရိုးရာတွေကို ဖော်ထုတ်ပြနိုင်အောင် ကြိုးစားခဲ့ပါတယ်….

စာမျက်နှာ

136

စာအုပ်အရွယ်အစား

5.5 x 0.4 x 8 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2023 ဖေဖော်ဝါရီလ၊ (ဒုတိယအကြိမ်)

Out of stock

SOUL အား ဝေဖန်သုံးသပ်မှု 16 ရှိပါသည်။

  1. aung_htzt –

    အရမ်းဖတ်လို့ကောင်းတဲ့စာအုပ်လေးတအုပ်ပါ

  2. အမည်မသိ –

    အရမ်း ကြိုက်တဲ့ စာအုပ်လေး😘😘😘

  3. Smile –

    မဆုငယ်ရဲ့ စာပေတွေကို Soul ကနေ အစပြုပြီး သိခဲ့ရတာပါ
    ၂၀၂၀ ခုနှစ် ၈ လပိုင်းမှာမှ Yangon book plaza ကနေ ကိုယ်ရယ် မဖတ်ဖူးပါပဲနဲ့ ဆုခြည်ကို ဆိုတဲ့ စာရေးသူနာမည်ကို မြင်ဖူးရုံမျှလေးနဲ့ ဝယ်ပြီး မြည်းစမ်းကြည့်ခဲ့မိတာ SOUL က တကယ်ကိုယ်နဲ့ မဆုငယ်တို့ရဲ့ ရေစက်အစပါပဲ

  4. May Hnin Phyu –

    ဖတ်လိုကောင်းတဲ့စာအုပ်လေးတစ်အုပ်ပါအရမ်းသဘောကျရပါတယ်

  5. Aeri Myat (verified owner) –

    ထပ်တလဲလဲ ထပ်လာသော ပုံရိပ်တချို့။အနက်ရောင်ဝတ်စုံ တစ်ခု။
    ငွေသတ္တုအချင်းချင်း ပွတ်တိုက်သံ တချွင်ချွင်၊ ရေစီးသံ တသွင်သွင်…။

    စိမ်းညို့ညို့တောင်တန်းတွေ အလယ်မှာ
    တွေ့ဆုံခဲ့ရတဲ့ “နန္ဒဦးမော်”နဲ့
    ဂျိန်းဖောသူလေး”လျန်း”

    စတင်တွေ့ဆုံပုံကလည်း အဆန်းတကြယ်…

    လျန်းက စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ မိန်းကလေး။

    နောက်ပြီး “ကဝေမလေး”တဲ့လေ…။

    “နန္ဒဦးမော်”က “လျန်း”နဲ့ တွေ့ဆုံခဲ့တာ
    လူခန္ဓာမပါဘဲ ဝိညာဥ်လွင့်မျောနေချိန်မှာ တွေ့ခဲ့ကြတာရယ်။

    “ဦးမော်”ကို “လျန်း”ခေါ်တာအစ်ကို(သို့)လှပတဲ့ Soulလေးတဲ့…။

    “ဘယ်သူက ဘယ်သူ့ကို ဘယ်လိုချစ်ခဲ့ရတယ်ဆိုတာ ပြောခွင့်မရလိုက်ဘဲ ဝေးကွာခဲ့ရတဲ့ ဘဝတွေအတွက် ဘယ်သူ့ကို စွဲချက်တင်ရပါ့မလဲ။”

    ဘုံလွှာခြားနေကြပေမဲ့ အေးမြတဲ့ မေတ္တာဓါတ်ကို သတ္တဝါတိုင်း ခံစားနိုင်ကြသတဲ့။

    ချစ်တယ်ဆိုတာ ချစ်ရတဲ့သူကို ပျော်ရွှင်စေချင်တာမျိုး၊ အိမ်မက်တွေကို
    အကောင်အထည်ဖော်ခွင့် ပေးလိုက်တာမျိုးတွေက သဘောထားပြည့်ဝပြီး နွေးထွေးလွန်းတဲ့ ချစ်ခြင်းမေတ္တာတွေပေါ့💗

    “လက်ပြ ကျန်မနေရစ်ခဲ့ပါဘူး။
    ရပ်မငေးနေပါဘူး။

    လည်ပြန်လှည့်ကြည့်တဲ့ ကျွန်တော့်ကိုမှ
    အားမနာ။လမ်းလေးအတိုင်းသာ ခြေရာလေးတွေ ထားခဲ့တာ။

    အဆင်ပြေနေရင်၊လုပ်ချင်တာတွေ လုပ်ခွင့်ရလို့ ပျော်နေရင်၊နောက်ပြီး ကိုယ်ချစ်တယ်ဆိုတာ သိနေရင် ပြန်ဆုံနိုင်ဖို့
    ဘယ်လောက်ကြာတယ် မသိရင်တောင် ကိုယ်ပျော်ပါတယ်💗”

    …..နန္ဒဦးမော်…..

    #Soul
    #ဆုခြည်ကို
    #reviewby하은
    #9Oct2023

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆုခြည်ကို စာအုပ်များ