ပျော်နိုင်ပါရဲ့နဲ့ပျော်ဖို့မေ့နေသူများ

( 4 မှတ်ချက်)

3500 (ကျပ်)

စာမျက်နှာ

179

စာအုပ်အရွယ်အစား

5.5 x 0.7 x 8.5 inches

ပုံနှိပ်မှတ်တမ်း

စာပေလောက(၆)၊ 2019 စက်တင်ဘာလ (ဒု-ကြိမ်)

9 in stock

ပျော်နိုင်ပါရဲ့နဲ့ပျော်ဖို့မေ့နေသူများ အား ဝေဖန်သုံးသပ်မှု 4 ရှိပါသည်။

  1. Wai Wai Hnin

    ကျမတို့လိုလူငယ်တွေအတွက် အကျိုးရှိတဲ့စာအုပ်ကလေးပါ
    ပျော်အောင်နေဖို့ကိုတောင် ခက်ခဲတဲ့နေ့တွေရှိပါတယ်
    ရှိနေတဲ့အရာတွေကို မေ့ထားပြီး မရှိသေးတဲ့အရာတွေအတွက်တွေးပူပြီးပျော်ဖို့မေ့နေတဲ့အဖြစ် စာအုပ်ကလေးကိုဖတ်ပြီးနေ့ရက်တိုင်းကိုပျော်အောင်နေတော့မယ်။

  2. Thiri Thet Mon Aung

    Very good read!

  3. Kyaw Zaww

    ဆရာတော်ရဲ့ တရားတော်တွေ ကို စုစည်း တည်းဖြတ်ထားတဲ့ ဒီစာအုပ်လေးကို ဖတ်ပီး
    အကောင်းမြင်တတ်တဲ့စိတ် (မုဒိတာစိတ်)လေး ကြောင့် နေ့ရက်တိုင်း အချိန် တိုင်း ပီတ ဖြစ်ရပါတယ် ။??????

  4. Soe Sandi Linn

    ဆရာတော်ဒေါက်တာအရှင်ဓမ္မသာမိ
    (အောက်စဖို့ဒ်ဆရာတော်)ရဲ့”ပျော်နိုင်ပါရဲ့နဲ့ပျော်ဖို့မေ့နေသူများ”စာအုပ်အတွေးတစ်စ
    ????????????????
    ခုတလောမှာလည်း ဆယ်တန်းစာမေးပွဲအောင်စာရင်းတွေထွက်ထားတော့…အောင်တဲ့သူပဲဖြစ်ဖြစ် ကျတဲ့သူပဲဖြစ်ဖြစ်…..emotion တွေ အမျိုးမျိုးဖြစ်နေကြမှာပါ….ဆရာတော်ရဲ့”ပျော်နိုင်ပါရဲ့နဲ့ပျော်ဖို့မေ့နေသူများ”စာအုပ်ကိုဖတ်ရင်းနဲ့ ကျွန်မရဲ့ အတိတ်ဖြစ်ရပ်တစ်ခုကို ပြန်အမှတ်ရပြီး အသိတရားတစ်ခုရလိုက်ပါတယ်….ကျွန်မဆယ်တန်းအောင်တော့…..ပျော်ရွှင်မှု(မုဒိတာ)အရသာကို မခံစားခဲ့မိဘူး….ကျွန်မကြိုးစားအားထုတ်ခဲ့တာတွေကို အသိအမှတ်မပြုဘဲ ကျွန်မရခဲ့တဲ့ 80%ကိုမေ့နေပြီး မရခဲ့တဲ့ 20% အတွက်ကိုပဲ ကိုယ့်ကိုယ်ကိုမကျေနပ်နိုင် မုဒိတာမပွားနိုင်ဘဲ ပျော်ရွှင်ဖို့ မေ့နေခဲ့မိတယ်…..ဒါကတော့ကျွန်မအတွေ့အကြုံပါ..

    တချို့လူတွေမှာလည်း ကိုယ်အောင်မြင်ခဲ့တဲ့အရာလေးတွေကို မေ့နေတတ်ပြီး ကိုယ်မရခဲ့တဲ့တဲ့အရာ..မရသေးတဲ့အရာအတွက်….ပူပန်သောကတွေဖြစ်ပြီး ပျော်ဖို့မေ့နေတဲ့သူတွေလည်း ရှိတတ်မှာပါ(လူတိုင်းကိုပြောခြင်းမဟုတ်ပါ) အထူးသဖြင့် ဆယ်တန်းအောင်တဲ့သူပဲဖြစ်ဖြစ် ကျတဲ့သူပဲဖြစ်ဖြစ်”စာမေးပွဲ”ဆိုတဲ့ မှတ်တိုင်မရောက်မီ အတိုင်းအတာတစ်ခုလောက်ထိ ကြိုးစားခဲ့ကြမှာပါ…အောင်ပြီး ဂုဏ်ထူးနည်းတဲ့သူတွေ အမှတ်ကောင်းတဲ့သူတွေလည်း ရလဒ်ကိုလက်ခံပြီး ကိုယ်ကြိုးစားအားထုတ်ခဲ့တာလေးတွေကို မုဒိတာပွားမယ်ဆိုရင် “ပျော်ဖို့မမေ့တဲ့သူတွေ”ဖြစ်သွားမှာပါ ပျော်ရွှင်ခြင်းကိုအပြည့်အ၀ခံစားပါ☺☺☺☺(ကျွန်မတုန်းကမခံစားခဲ့မိလို့ပါ)

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ စာအုပ်များ