Share လွန်းတဲ့မိဘ

( 0 မှတ်ချက်)

15000 (ကျပ်)

ကလောက်ဆာဗာတွေပေါ် ရောက်ရှိနေတဲ့ ရင်သွေးငယ်တွေ ရဲ့ ဓာတ်ပုံတွေကနေ အထက်တန်းကျောင်း စီစီတီဗွီစနစ်တွေအထိ အရွယ်ရောက်သူတွေက ကလေးတွေရဲ့ အွန်လိုင်း ကိုယ်ရေးလုံခြုံမှုကို  ဘယ်လိုချိုးဖောက်နေကြသလဲ….

ကျွန်တော်တို့ကလေးတွေရဲ့ ပထမဆုံး ဒီဂျစ်တယ်မှတ်တမ်းတွေဟာ သူတို့လမ်းမလျှောက်တတ်ခင်၊ သူတို့မမွေးဖွားခင် အချိန်တွေကတည်းက ဖြစ်တည်နေကြပါပြီ။ မိဘတွေက ကိုယ်ဝန်ရယူဖို့ အကူအညီပေးတဲ့ မျိုးဥကြွေခြင်းထောက်လှမ်းမှု အပ်(App)တွေကို အသုံးပြုကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ် အာထရာဆောင်း ပုံရိပ်တွေကို အွန်လိုင်းပေါ် တင်ကြပါတယ်။ ပြီးတော့ ကလေးမွေးဖွားချိန် မွေးခန်းထဲက ပုံရိပ်တွေကိုပါ ရိုက်ကူးကြပါတယ်။ အဲဒီနောက်မှာတော့ ကလေးပုံရိပ်တွေ ၊ AI အသုံးပြု ကလေးစောင့်ကြည့်ရေး ကိိရိယာတွေရဲ့ သတင်းအချက်အလက်တွေနဲ့ကလေးထိန်းကျောင်းတွေက အချိန် နဲ့ တစ်ပြေးညီ သတင်းအချက်အလက်ပေးပို့မှုတွေက  ကလောက်ဆာဗာတွေပေါ်မှာ တယ်ရာဘိုက် ပမာဏလောက်အထိ သိုလှောင်ထားမဲ့ ဒေတာတွေအဖြစ် လျင်လျင်မြန်မြန် ဖြစ်ပေါ် လာပါတယ်။

မိဘတွေ၊ ဆရာတွေ နဲ့ အခြားယုံကြည်ရတဲ့ အရွယ်ရောက်သူတွေက ကလေးတွေရဲ့ ဒီဂျစ်တယ်မှတ်တမ်းတွေကို မိတ်ဆွေတွေ၊ အလုပ်ရှင်တွေ၊ ဥပဒေ စိုးမိုးရေးအဖွဲ့ဝင်တွေနဲ့ လူတိုင်းနီးပါး အမြဲလိုလို အသုံးပြုနိုင်အောင် သတိမမူမိဘဲ ပြုလုပ်နေကြပါတယ်။

ဒီစာအုပ်မှာ ကလေးတွေရဲ့ ဒေတာကို အရွယ်ရောက်သူတွေ အလွန်အကျွံမျှဝေခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ ပြဿနာတွေကို လေ့လာသုံးသပ်ထားပါတယ်။ ဒီစာအုပ်မှာ ကလေးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ပတ်သက်ပြီး အရွယ်ရောက်သူတွေ ပြုလုပ်တဲ့အမှား၊ အဲဒီလို အမှားတွေကြောင့် ဖြစ်ပေါ် လာတဲ့ အန္တရာယ်တွေ နဲ့ ဒီလိုမျှဝေခြင်းကို ဖြစ်ပေါ် စေတဲ့ ဥပဒေ စနစ်ရဲ့ မပြည့်စုံမှုတွေကို လေ့လာသုံးသပ်ထားပါတယ်။

စာမျက်နှာ

264 ( Woodfree Paper)

စာအုပ်အရွယ်အစား

5.8 × 0.4 × 8.3 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာပေ၊ 2025 ဇွန်လိုင်လ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“Share လွန်းတဲ့မိဘ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ရဲမင်းဝင်း စာအုပ်များ