ဒေးကာနက်ဂျီ၏ ဒီဂျစ်တယ်ခေတ် လူမှုဆက်ဆံရေးလမ်းညွှန်

( 1 မှတ်ချက်)

14000 (ကျပ်)

Dale Carnegie ရဲ့ How to Win Friends and Influence People စာအုပ်ဟာ နိုင်ငံတကာမှာ သမ္မာကျမ်းစာအုပ်ပြီးရင် အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ဦးနုက မိတ္တဗလဋီကာ ဆိုပြီး မြန်မာပြန်ဆိုထုတ်ဝေခဲ့ပါသေးတယ်။

ကမ္ဘာပေါ်မှာ ရှိသမျှ အထင်ကရ ဘာသာစကားအားလုံးနီးပါးနဲ့ ဘာသာပြန်ဆိုခြင်း ခံရတဲ့အထိ ဩဇာတိက္ကမကြီးမားပါတယ်။ အဆိုပါ စာအုပ်ရဲ့ အစွမ်းဟာ ကြီးမားလွန်းတဲ့အတွက် Dale Carnegie Training ဆိုပြီး စာအုပ်ပါ အကြောင်းအရာတွေကို အခြေခံပြီး သင်တန်းတွေ ဖွင့်လှစ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် မိတ္တဗလဋီကာစာအုပ်ဟာ ထွက်ရှိခဲ့တာ နှစ် ၈၀ ကျော်သွားပါပြီ။ အဆိုပါ စာအုပ်ထွက်ခဲ့တုန်းက
အင်တာနက်မပြောနဲ့ ကွန်ပြူတာတောင် မရှိသေးပါဘူး။ ဒါကြောင့် အခုလိုနည်းပညာခေတ်အတွက် အဆိုပါ စာအုပ်ကို ပုံစံသစ် တည်းဖြတ်ပြီး နိုင်ငံတကာမှာ ထုတ်ဝေခဲ့ပါတယ်။ စာအုပ်နာမည်ကိုလည်း How to Win Friends and influence People in The Digital Age လို့ပေးခဲ့ပါတယ်။ အားလုံး သိတဲ့အတိုင်းပါပဲ။ ဒီဂျစ်တယ်ခေတ်မှာ လူသားအားလုံးဟာ တမဟုတ်ချင်း နာမည်ကျော်သွားနိုင်သလို နာမည်ပျက်ဖို့ကလည်း အလွန်မြန်ပါတယ်။

အခုစာအုပ်ဟာ မိတ္တဗလဋီကာစာအုပ်ကို ဖတ်ဖူးသူတိုင်း ထပ်မံဖတ်ရမယ့် စာအုပ်တစ်အုပ်ပါပဲ။ အထူးသဖြင့် ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ မိမိတို့ရဲ့ ဂုဏ်သတင်းကျော်ဇောမှုကို တိုးပွါးချင်သူတွေ၊ တိုးပွါးပြီးရင်လည်း တည်တံ့ချင်သူတွေ လက်စွဲထားဆောင်ထားရပါလိမ့်မယ်။ မူရင်းရသမပျက်အောင် ဘာသာပြန်ဆိုသူကတော့ ဆရာ ရဲမင်းဝင်း ဖြစ်ပါတယ်။

စာမျက်နှာ

379

စာအုပ်အရွယ်အစား

5.6 x 0.6 x 8.4 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2024 ဩဂုတ်လ (ပထမ-ကြိမ်)

3 in stock

ဒေးကာနက်ဂျီ၏ ဒီဂျစ်တယ်ခေတ် လူမှုဆက်ဆံရေးလမ်းညွှန် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. MG MG KHANT

    ဒီစာအုပ်ကိုဖတ်ချင်လျှင် ဦးနု ‌ဘာသာပြန်ထားတာကိုအရင်ဖတ်ပါ အဲဒါမှ ဒီစာအုပ်ရဲ့ အနှစ်အရသာကို အမှန်ရပါလိမ့်မယ် ကိုရဲမင်းဝင်းဘာသာပြန်ထားတာကို ဖတ်ဖို့အားမပေးပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ရဲမင်းဝင်း စာအုပ်များ