
စီမံခန့်ခွဲမှုလုပ်ငန်းတွေအောင်မြင်စေမယ့်လျှို့ဝှက်ချက်များ
8000 (ကျပ်)
စီးပွားရေးလုပ်ငန်းတစ်ခု၊ သို့မဟုတ် လုပ်ငန်းဌာနတစ်ခု၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏စည်းလုံးညီညွတ်မှု ရှိ မရှိ ဆိုသည်မှာ ထိုလုပ်ငန်းဌာန အဖွဲ့အစည်းကို စီမံခန့်ခွဲနေသောပုဂ္ဂိုလ်အပေါ်မှာ များစွာမူတည်ပါသည်။ စီမံခန့်ခွဲသူ (မန်နေဂျာ) များအနေဖြင့် မိမိလက်အောက်ရှိ ဝန်ထမ်းများအတွက် စံပြပုဂ္ဂိုလ်ဖြစ်ရမည် ဖြစ်သကဲ့သို့ မိမိအထက်အရာရှိ (အလုပ်ရှင်) များကိုလည်း မိမိမှာ စီမံခန့်ခွဲမှုအရည်အချင်းပြည့်၀ကြောင်း သက်သေပြရန် လိုအပ်ပါသည်။ သို့မှသာ အထက်အရာရှိ (အလုပ်ရှင်) များက မိမိကို ယုံကြည်မှုရှိလာပြီး လုပ်ငန်းနှင့်ပတ်သတ်သော လုပ်ပိုင်ခွင့်၊ ပုံဖော်ခွင့် အပြည့်အ၀ရှိမှသာ မိမိလုပ်ငန်းဌာနအဖွဲ့အစည်းကို အောင်မြင်သောအသင်းတစ်သင်းအဖြစ် ပုံဖော်နိုင်မှာ၊ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါသည်။ ထိုသို့အောင်မြင်သော အသင်းတစ်သင်းဖြစ်ရန် ဝန်ထမ်းကောင်းများ လိုအပ်သကဲ့သို့ ထိုဝန်ထမ်းများကိုလည်း ယုံယုံကြည်ကြည်ဖြင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းရပါမည်။ မိမိဝန်ထမ်းများ၏ စိတ်ဓာတ် တက်ကြွလာစေရန်၊ ပိုမိုကြိုးစားလာစေရန် ကောင်းစွာ စီမံခန့်ခွဲနိုင်ဖို့ လိုပါသည်။ သို့မှသာ မိမိတို့အသင်းအဖွဲ့၏ ရည်ရွယ်ချက်ဖြစ်သော အောင်မြင်မှုပန်းတိုင်ဆီကို မလွဲမသွေ ရောက်ရှိမှာဖြစ်ပါသည်။
Michael Heath ၏ Management Secrets စာအုပ်သည် စီမံခန့်ခွဲသူ (မန်နေဂျာ) များအတွက် အမှန်တကယ် လိုအပ်သော အရည်အချင်းများကို အခန်း ခုနှစ်ခန်း၊ ခေါင်းစဉ်ခွဲ ၇၄ ခုဖြင့် ဖော်ပြထားပါသည်။ ထိုစာအုပ်ကို ဘာသာပြန်ပြီး CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းတွင် လစဉ်ဖော်ပြခဲ့ပါသည်။ စီမံခန့်ခွဲသူ (မန်နေဂျာ) များ၏စီမံခန့်ခွဲမှုအရည်းအချင်းများ တိုးတက်စေရန်အတွက် တစ်ထောင့်တစ်နေရာက အထောက်အကူပြုစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။
| စာမျက်နှာ | 225(Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.1 x 0.4 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | တူဒေးစာပေ၊ 2020 ဇူလိုင်လ၊ (ဒု-ကြိမ်) |
4 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ