နိုင်ငံတကာစတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံရေးနည်းဗျူဟာ လျှို့ဝှက်ချက်များ

( 0 မှတ်ချက်)

17000 (ကျပ်)

တချို့က နိုင်ငံတကာစတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံခြင်းကို စီးပွားရေးပညာတတ်မှ၊ ဘွဲ့ရမှ၊ MBA ရမှ လုပ်၍ရသည်ဟု ထင်မြင်ကြသည်။ မမှန်ပါ။ MBA ဘွဲ့မရလည်း သေချာစနစ်တကျ လေ့လာသင်ယူပါက ငွေကြေးဖောင်းပွမှုကြောင့် တန်ဖိုးလျော့ကျသွားသော မိမိ၏ပိုင်ဆိုင်မှုဥစ္စာဓနများကို စတော့ရှယ်ယာစျေးကွက်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

စတော့ရှယ်ယာအကြောင်း ဘာမှနားမလည်သော အခြေခံအဆင့်မှ ပရော်ဖက်ရှင်နယ်တစ်ယောက်ကဲ့သို့အရောင်းအဝယ် လုပ်နိုင်သောအဆင့်ထိ ရေးသားထားသောကြောင့် ယခုစာအုပ်တွင်ပါဝင်သောအခန်းများကို အစီစဉ်အတိုင်း ဖတ်သွားစေလိုပါသည်။ စာအုပ် တစ်အုပ်လုံးဖတ်ပြီးသွားသည့်အခါ  နိုင်ငံတကာစတော့ရှယ်ယာစျေးကွက်တွင် ပရော်ဖက်ရှင်နယ်ကျကျ ရင်းနှီးမြှုပ်နှံနိုင်သွားမှာဖြစ်ပါသည်။

ဤစာအုပ်တွင် စတော့ရှယ်ယာဆိုတာဘာလဲမှ စတော့ရှယ်ယာရောင်းထုတ်တဲ့ ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ အခြေနေများ ကောင်းမကောင်း၊ အကြွေးများခြင်းရှိမရှိ၊ ကုမ္ပဏီထဲသို့ စီးဝင်လာသော Cashflow များ၊ ရောင်းရငွေ Revenue များ၊ အမြတ်ငွေများကို သိရှိနိုင်ရန် Website များထဲမှ Income Statement, Cash Flow, Balance Sheet များရှာဖွေဖတ်ရှုခြင်းတို့ကို ရုပ်ပုံနှင့်တကွ ဖော်ပြပေးထားသည့်အပြင် စီးပွားရေးနှင့်ပတ်သက်သော ဘောဂဗေဒပညာရပ်ဆိုင်ရာစကားလုံးများကိုလည်း နားလည်လွယ်အောင်ရေးသားထားပါသည်။

ကုမ္ပဏီ၏ အနာဂတ်အလားအလာကို တွက်ချက်စဉ်းစားပြီး ဝယ်ယူရင်းနှီးမြှုပ်နှံရန်သင့်မသင့် တွက်ချက်နည်းများ၊ စျေးကွက်တွင်ပေါက်နေသောစျေးသည် ရှိသင့်၊ ဖြစ်သင့်သောစျေးအောက်ရောက်နေခြင်းရှိမရှိ၊ ဝယ်ယူရင်းနှီးမြှုပ်နှံရန် တန်မတန် သိနိုင်သည့် Intrinsic value တွက်ချက်နည်းများနှင့် တစ်နှစ်လျှင် ပျမ်းမျှ ၁၀ % မှ ၁၄% ခန့် အမြတ်ပြန်ရနိုင်သော နည်းဗျူဟာ၊ တစ်နှစ်လျှင် ပျမ်းမျှ ၂၀% ခန့် အမြတ်ပြန်ရနိုင်သော နည်းဗျူဟာ၊ တစ်နှစ်လျှင် ပျမ်းမျှ ၂၅% နှင့်အထက် အမြတ်ပြန်ရနိုင်သော နည်းဗျူဟာ စသဖြင့်နည်းဗျူဟာ သုံးမျိုးကိုလည်း အသေးစိတ် ဖော်ပြပေးထားရာ လက်တွေ့လေ့ကျင့်နိုင်မည်ဖြစ်ပါသည်။

ထို့ပြင် စျေးကွက်ထဲ ဝယ်လိုအား၊ ရောင်းလိုအားပေါ်မူတည်၍ ဖြစ်ပေါ်နေသော စျေးနှုန်းများကို နည်းပညာအကူညီဖြင့် တွက်ချက်စဉ်းစားသည့် နည်းလမ်းများလည်း ထည့်သွင်းဖော်ပြပေးထားရာ စတော့ရှယ်ယာတစ်ခုကို ဝယ်ယူသည့်အခါ Fundamental ရော Technical အရပါ တွက်ချက်စဉ်းစားကာ ဝယ်ယူရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ပါသည်။

ဤစာအုပ်သည် ဘာသာပြန်စာအုပ်မဟုတ်ပါ။ စာရေးသူ၏ နိုင်ငံတကာစတော့ရှယ်ယာစျေးကွက်မှာ ၁၀ နှစ်နီးပါးရင်းနှီးမြှုပ်နှံခဲ့သော အတွေ့အကြုံများ၊ ဖတ်မှတ်ခဲ့ သောစာအုပ်များ၊ YouTube video များ၊ Website များမှ လေ့လာသိရှိခဲ့ရသော အဆီအနှစ်များကို ထုတ်နုတ်တင်ပြထားသော စာအုပ်ဖြစ်ပါသည်။

စာမျက်နှာ

228

စာအုပ်အရွယ်အစား

5 .5 x 0.4 x 8.3 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2024 စက်တင်ဘာလ (ပထမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

18.11.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 17000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နိုင်ငံတကာစတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံရေးနည်းဗျူဟာ လျှို့ဝှက်ချက်များ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

စည်သူ(zero to professional) စာအုပ်များ