Road To Financial Freedom (ငွေကြေးလွတ်မြောက်သောဘဝဆီသို့)

( 0 မှတ်ချက်)

14500 (ကျပ်)

ငွေကြေးလွတ်မြောက်မှု (Financial Freedom) ဆိုတာ ပစ္စည်းဥစ္စာချမ်းသာမှုတစ်ခုတည်းအတွက်မဟုတ်ဘဲ ငွေကြေးနဲ့ပတ်သက်လို့ ပူပန်မှုကင်းကင်းနဲ့ လွတ်လပ်စွာရွေးချယ်နိုင်တဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့ပါ။

ငွေကြေးရှာဖွေရတဲ့ဘဝက လွတ်မြောက်သွားပြီး ဘဝရဲ့လက်ကျန်အချိန်တွေမှာ မိမိလုပ်ချင်ရာ ဝါသနာပါရာတွေကို အေးအေးချမ်းလုပ်ခွင့်ရဖို့ဆိုတာ လူတိုင်းရဲ့အိပ်မက်ပါ။ အသက်အရွယ် တစ်ခုရလာခဲ့ရင် တောင်ပေါ်မြို့လေးတစ်မြို့က ခြံကျယ်ကြီးတစ်ခုထဲမှာ ပန်းချီလေးဆွဲလိုက်၊ စာအုပ်လေးဖတ်လိုက်၊ တရားလေးထိုင်လိုက်နဲ့ နေရာင်နုနုလေးတွေဖြာကျနေတဲ့မနက်ခင်းမှာ ခြံထဲရှိ ကိုယ်တိုင်ပျိုးထောင်ထားတဲ့ အပင်လေးတွေကို ကော်ဖီပူပူလေးသောက်ပြီး တစိမ့်စိမ့်ကြည့်ရှုရင်း မနက်ခင်းတိုင်းကို အေးအေးလူလူ ဖြတ်သန်းချင်တဲ့ အိမ်မက်လေးရှိခဲ့ပါတယ်။ အိပ်မက်ကို အလွယ်တကူအကောင်အထည် ဖော်နိုင်ဖို့ဆိုတာကလည်း လွယ်ကူတဲ့အရာတော့မဟုတ်။ အလုပ်လုပ်စရာမလိုဘဲ စီးဝင်နေတဲ့ ဝင်ငွေလမ်းကြောင်းရှိဖို့ ငွေကြေးပညာရပ်ဆိုင်ရာ ဗဟုသုတ၊ တိကျတဲ့ စည်းကမ်း၊ စိတ်ရှည်မှုနဲ့ မှန်ကန်တဲ့ အလေ့အကျင့်တွေလည်း လိုအပ်ပါသေးတယ်။

Financial Freedom နဲ့ ချမ်းသာကြွယ်၀မှု အိပ်မက်ရှိသူတွေ၊ ငွေကြေးဆိုင်ရာပူပန်မှုကင်းကင်းနဲ့ ကိုယ်လိုချင်တဲ့ လူနေမှုပုံစံနဲ့ဖြတ်သန်းချင်သူတွေ၊ ငွေရှာနည်း၊ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှုပညာကို လေ့လာလိုသူတွေအတွက် အထောက်အကူပြုမယ့်စာအုပ်ဖြစ်ပါတယ်။

Road to Financial Freedom (ငွေကြေးလွတ်မြောက်သောဘ၀ဆီသို့)စာအုပ်ဟာ စာဖတ်သူတို့ရဲ့ ငွေကြေးလွတ်မြောက်တဲ့ဘဝကိုရှာဖွေတဲ့ ခရီးလမ်းမှာ လမ်းပြမြေပုံလေးတစ်ခုအဖြစ် ရည်ရွယ်ပါတယ်။ ဒီစာအုပ်ထဲမှာ ငွေကြေးလွတ်မြောက်ရာလမ်းခရီးကို ကိုယ်တိုင်လျှောက်လှမ်းခဲ့ပြီး ၅ နှစ်အတွင်း အမှန်တကယ် လွတ်မြောက်သွားသူတစ်ယောက် ကျင့်သုံးခဲ့တဲ့ ရိုးရှင်းလွယ်ကူတဲ့ လက်တွေ့နည်းလမ်းများကို အစ်ကိုကြီးတစ်ယောက်က ညီလေးတစ်ယောက်ကို ပြောပြနေသကဲ့သို့ ဖတ်ရှုလေ့လာရမှာဖြစ်လို့ ငွေကြေးပညာရပ်ဆိုင်ရာ ကြီးကြီးကျယ်ကျယ်စကားလုံးများကိုတွေ့ရမှာ မဟုတ်ဘဲ အရိုးရှင်းဆုံး ဖတ်ရှုရမှာဖြစ်ပါတယ်။ (စာရေးသူ၏ အမှာစာမှ)

စာမျက်နှာ

136(Woodfree paper)

စာအုပ်အရွယ်အစား

5.1 x 0.3 x 7.4 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2025 ၊ ဇူလိုင်လ (ပထမအကြိမ်)

9 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“Road To Financial Freedom (ငွေကြေးလွတ်မြောက်သောဘဝဆီသို့)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

စည်သူ(zero to professional) စာအုပ်များ