ပင်လယ်ပျော်စင်ရော်

( 0 မှတ်ချက်)

2000 (ကျပ်)

ယခုစာအုပ်တွင် အင်္ဂလိပ် – မြန်မာနှစ်ဘာသာပါဝင်ပြီး ဤဝတ္ထုမျိုးကို ပုံဆောင်ဝတ္ထု (Allegory) ဟု ခေါ်ဆိုနိုင်မည်ထင်ပါသည်။ ယင်းဝတ္ထုမျိုးတွင် ဖြစ်ရပ်များ၊ ဇာတ်ဆောင်များသည် မည်သည့်နေရာ၊ မည်သည့်အချိန်ကာလက မည်သူများဖြစ်သည်ဟု အဆိုမူ၍ သဘောသဘာဝကိုသာပြလျက်၊ သတ္တလောကမှ သက်ရှိ သို့မဟုတ် ဩကာသလောကမှ သက်မဲ့တို့ဖြင့် ဖွဲ့လေ့ရှိသည်။

ဤဝတ္ထုသည် “ပင်လယ်ပျော်စင်ရော်” တို့လောကဖြင့် ပုံဆောင်ပြသည်။ သဘောသဘာဝကို လေ့လာလျှင် လူ့လောကရှိ လူတို့၏ သဘောသဘာဝနှင့် အတူတူပင် ဖြစ်သည်။ စင်ရော်၌တင်စားထားသော အခြင်းအရာတို့သည် လူတို့၌လည်းရှိသည်။ ဤပုံဝတ္ထုကို ဖတ်သောသူသည့် မိမိ၏ လောကတွင် အလားတူ အခြင်းအရာများကို ဆင်ခြင်၍ သဘာဝယုတ္တိကို ရှာကြည့်နိုင်သည်။  ဤဝတ္ထုပါ စွန့်စားခန်းများကို လူ့လောကစွန့်စားခန်းများနှင့် ထင်ဟပ်၍ ကြည့်လိုသူများသည် နယ်သစ်ရှာ အာဇာနည်များ၊ တောင်ဝင်ရိုးစွန်း၊ မြောက်ဝင်ရိုးစွန်း၊ တောနက်ကြီးများ၊ သဲကန္တာရများနှင့် ကမ္ဘာပေါ်တွင် အမြင့်ဆုံးတောင်ထိပ် တောင်ထွတ်များ၌ ခြေချရန် စွန့်စားခဲ့သူများကို တွေ့မြင်နိုင်သည်။

စာရေးသူ၏ အမှာစာမှ ကောက်နှုတ်ဖော်ပြထားပါသည်။

စာမျက်နှာ

166

စာအုပ်အရွယ်အစား

5.1 x 0.3 x 7.3 inches

ပုံနှိပ်မှတ်တမ်း

ပန်းရွှေပြည်စာပေ၊ 2022 ဇန်နဝါရီလ၊ (တ – ကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပင်လယ်ပျော်စင်ရော်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ထင်လင်း စာအုပ်များ