ပလိပ်

( 1 မှတ်ချက်)

5000 (ကျပ်)

ယခုစာအုပ်မှာ ၀၉၄၀ပြည့်နှစ် အယ်လ်ဂျီးရီးယားပြည်နယ် အိုရန်မြို့တွင် ပလိပ်ကပ်ရောဂါ ဖြစ်ပွားသည့်အကြောင်းဖြစ်သည်။ ပလိပ်ကပ်ရောဂါကျရောက်နေသည့် အိုရန်မြို့အတွင်း၌ ဖြစ်ပျက်သမျှတို့ကို ၀တ္ထုဇာတ်လမ်းပြု၍ရေးသားထားသည့် မှတ်တမ်း၀တ္ထုဖြစ်သည်။ ကပ်သင့်ကာလ၏ကြောက်မက်ဖွယ်အခြေအနေမျိုးတွင် မြို့တံခါးများကိုပိတ်ဆို့ကာ ပြင်ပလောကနှင့် အဆင်အသွယ်အားလုံးလိုလိုပင် လုံး၀ဖြတ်တောက်ထားသည့် အိုရန်မြို့တွင်း၌ တွေ့မြင်ရသော စရိုက်အမျိုးမျိုးနှင့်လူအမျိုးမျိုး တို့ မည်ကဲ့သို့ တုံ့ပြန်လှုပ်ရှားသည်ကို စေ့စပ်သေချာစွာ ဖော်ပြထားပြီး၊သတိချပ်ဖွယ် အရေးကြီးသည့် အကြောင်းအရာများကိုလည်း သိသာမြင်သာအောင် ညွှန်ပြထားပါတယ်။

စာမျက်နှာ

379

စာအုပ်အရွယ်အစား

6.1 x 0.7 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ပန်းရွှေပြည်စာပေ၊ 2020 ဇွန်လ၊ (တတိယ – ကြိမ်)

Out of stock

ပလိပ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Kyaw Hlaing Oo

    ဆရာထင်လင်းဟာ တခြားစာအုပ်တွေမှာ ဘာသာပြန် တော်တောင်ကောင်းပါတယ်။ တစ်ကျွန်းစံ၏အပြန်လမ်း၊ စည်းအပြင်ကလူ၊ အဆိပ် အဲဒါတွေအားလုံး ဘာသာပြန်ကောင်းပါတယ်
    ဒီစာအုပ်မှာတော့ ဘာသာပြန်တာ တော်တော်လေးကို ထောက်နေတာတွေ့ရပါတယ်။ ဘာသာပြန်တဲ့နေရာတွေမှာ တော်တော်ကို ထောက်နေတာပါ။ ကမူးက ပြင်သစ်လိုရေးတာကို အင်္ဂလိပ် ဘာသာပြန်တဲ့နေရာမှာ အင်္ဂလိပ်ဘာသာပြန်က မပီပြင်ဘူးထင်တာပဲ၊ အဲဒီကနေ မြန်မာဘာသာ တစ်ဆင့်ပြန်တဲ့အချိန်မှာ အဆင်မပြေတာဖြစ်မယ်ထင်ပါတယ်။ ဘာသာပြန် အတောင်ထောက်ပါတယ်။ စာအုပ်ကတော့ စာအုပ်ကောင်းပါ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ထင်လင်း စာအုပ်များ