နှင်းဆီသွေး

( 0 မှတ်ချက်)

10000 (ကျပ်)

နှင်းဆီဆိုတာ ဟိုအရင်ကတည်းက မသဘာဝနဲ့ ဆက်စပ်နေသတဲ့။ ရှေးကျတဲ့ နတ်ဘုရားမ ကိုးကွယ်မှုဝါဒတွေမှာ နှင်းဆီရဲ့ ပွင့်ချပ်ငါးခုက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ အဓိကကျတဲ့ မှတ်တိုင် ငါးခု ဖြစ်တဲ့ မွေးဖွားခြင်း၊ ရာသီပန်းပွင့်ခြင်း၊ မိခင်ဘဝရောက်ရှိခြင်း၊ သွေးဆုံးခြင်း၊ ကွယ်လွန်ခြင်းကို ကိုယ်စားပြုသတဲ့။ မြင့်မြတ်သောဣတ္ထိယ၊ မေရီမာဂဒလရဲ့ ဝမ်းကြာတိုက်၊ ဂရေးလ်ခွက်တော်နှင့် ယေရှုခရစ်တော်ရဲ့ ဘဝဖြစ်စဥ်များထဲက လူသိနည်းတဲ့ အကြောင်းအရာများစွာကို ဝတ္ထုဇာတ်ကြောင်းတစ်လျှောက် ချက်ကျလက်ကျ ထောင့်စေ့အောင် ​ရေးဖွဲ့ထားပါတယ်။

၁၀၉၉ ခုနှစ်မှာ ဆော်လမွန်ဘုရင် တည်ထောင်ခဲ့တဲ့ ဆိုင်ယွန်အသင်းတော်ရဲ့ ကာကွယ်စောင့်ရှောက်မှု၊ ဂိုဏ်ချုပ်များ ဖြစ်ကြတဲ့ ဆန်ဒရိုဘော်တစ်ချယ်လီ၊ လီယိုနာဒိုဒါဗင်ချီ၊ ဗစ်တာဟူဂိုးတို့ အပါအဝင် ဂိုဏ်းချုပ်အသီးသီးရဲ့ အစဥ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြတဲ့ ခရစ်တော်ရဲ့ တော်ဝင်မျိုးဆက်သွေး။

တော်ဝင်သွေး၊ မြင့်မြတ်သော ခွက်တော်၊ ဟိုးလီးဂရေးလ်တို့ဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေကြပြီး လီယိုနာဒိုဒါဗင်ချီရဲ့ “ခရစ်တော်၏ နောက်ဆုံးညစာ” ပန်းချီကား၊ ယေရှုရဲ့ တော်ဝင်သွေးမျိုးဆက်နဲ့ မေရီမာဂဒလတို့ရဲ့ ဆက်စပ်ပုံကို တစ်ခုချင်း ချိတ်ဆက်ပြထားခြင်းက ဒီဝတ္ထုကို လက်က မချတမ်း ဖတ်ဖြစ်သွားစေမယ့် အဓိက အချက်ပါပဲ။ “မိုနာလီဇာ” ပန်းချီကား၊ “ကျောက်ဆောင်ပေါ်က မက်ဒေါနား” ပန်းချီကားတို့ရဲ့ နောက်ကွယ်က သမိုင်းဝင် အချိတ်အဆက်များ၊ ဝှက်စာဖော်နည်းလမ်းများ၊ မှတ်တမ်းဓာတ်ပုံများ ဝေဝေဆာဆာ၊ ဆရာလင်းတင့်သီဟရဲ့ ချောမွေ့ပြေပြစ်တဲ့ မြန်မာပြန် အရေးအသားဖြင့် ဖတ်ရှုရမယ့် စာအုပ်။

စာရေးဆရာ Dan Brown ကလည်း “သမိုင်းကြောင်းများ၊ အနုပညာလက်ရာများ၊ အဆောက်အအုံများ၊ မှတ်တမ်းမှတ်ရာများ၊ လျှို့ဝှက်အဖွဲ့အစည်းများ၊ အစီအရင်များ အားလုံးမှာ ဖြစ်ရပ်မှန်ပါ” လို့ အာမခံထားလေတော့ အငြင်းပွားစရာများဖြင့် အောင်မြင်တဲ့ စာအုပ်တစ်အုပ်ပါ။

စာမျက်နှာ

743

စာအုပ်အရွယ်အစား

6.1 × 1.2 × 8.8 inches

ပုံနှိပ်မှတ်တမ်း

ဆုရောင်စဉ်စာပေ ၂၀၂၀၊ ဩဂုတ်လ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နှင်းဆီသွေး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

လင်းတင့်သီတ စာအုပ်များ