ဗုဒ္ဓအလိုကျ စားသောက်နည်း

( 0 မှတ်ချက်)

6000 (ကျပ်)

ယနေ့ခေတ် မော်ဒန်လူသားတွေရဲ့ စားမှုသောက်မှုကိစ္စတွေဟာ အိမ်ထဲက အိမ်ပြင်တောင် ထွက်စရာမလိုဘဲ ကိုယ်စားချင်တာ မှာစားလို့ ရနိုင်နေသလို၊ အော်ဂဲနစ်အစားအစာတွေ၊ လူလုပ်အစားအစာမျိုးစုံတွေနဲ့ စားစရာတွေဆိုတာ အလွန်ပဲ ပေါများလွန်းလှပါတယ်။ စားချင်စရာကောင်းလောက်အောင် မီဒီယာတွေ၊ တီဗွီ၊ ဖေ့စ်ဘွတ်ခ်တွေမှာ ​မြှူဆွယ်နေတာတွေကလည်း ကံကောင်းလွန်းတာလား၊ ကျိန်စာတိုက်ခံနေရတာလား မကွဲပြားတော့အောင် သွားရည်ယိုချင်စရာတွေချည်းပါ။ ပျင်းလို့စားတာ၊ ဆာလို့စားတာ၊ လူမှုရေးအရ စားတာ၊ စိတ်ခံစားမှုအရ စားတာနဲ့ “သေအောင် စားစမ်း” ဆိုသလို အစားအသောက်တွေကြောင့် လူဝတုတ်ကြီးတွေ၊ အစားနောက်ဆက်တွဲရောဂါသည်ကြီးတွေနဲ့ တပုံကြီးပါ။

ဒီစာအုပ်ထဲက နည်းလမ်းတွေကတော့ “အစားတွေကို ပုံစံဇယားတွေနဲ့ လျှော့စားခိုင်းတာ၊ အားကစားလုပ်ခိုင်းတာ၊ Gym ဆော့ခိုင်းတာ” မျိုးတွေ မဟုတ်ပါဘူး။ ၂၂၇ သွယ်သော သိက္ခာပုဒ်တွေထဲ၊ ရှစ်ပါးသီလထဲမှာ ဗုဒ္ဓက ပညတ်ပေးခဲ့တာက “နေလွဲညစာ မစားရ” တဲ့။ အရသာခံစားမှုကို လေ့လာတဲ့ သုတေသီတွေ၊ နိုင်ငံတကာတက္ကသိုလ်တွေက ပြုလုပ်တဲ့ အစားအသောက်နဲ့ ပတ်သက်တဲ့ နောက်ဆုံး လေ့လာတွေ့ရှိချက်တွေအရ “မသင့်သောအခါများတွင် စားသောက်ခြင်းကို ရှောင်ကြည်ခြင်း” ဆိုတဲ့ နည်းလမ်းဟာ “အချိန်ကန့်သတ် စားသောက်ခြင်း” ဆိုတဲ့ ဗုဒ္ဓ ဟောကြားချက်နဲ့ ကိုက်ညီမှုရှိနေတာကို အံ့သြစရာ သိလာရပါတယ်။

အစားအသောက်စားခြင်းဟာ ပျော်စရာကိစ္စပဲ ဖြစ်သင့်ပါတယ်။ အစားအစာ (အာဟာရဖြစ်မှု၊ ကောင်းကျိုး၊ ဆိုးကျိုး)၊ စိတ်အနေအထား (လိုအပ်လို့ စားတာ၊ စိတ်အဆာပြေချင်လို့ စားတာ၊ စားသောက်ရာမှာလည်း အကျင့်ဆိုတာ ပျိုးထောင်ဖို့ လိုအပ်ပုံ – ဥပမာ ရေချိုးခါနီးတိုင်း၊ မနက်အိပ်ရာထတိုင်း သွားတိုက်ခြင်းအကျင့်မျိုး)၊ ခန္ဓာကိုယ်ကို အကျိုးသက်ရောက်မှု (အိပ်နေစဥ် နှလုံးခုန်နေတာ အဆီဓာတ်ကြောင့်၊ သင့်တော်တဲ့ အဆီဓာတ်ဟာ မရှိမဖြစ် လိုအပ်ပုံ) တို့ကို ခန္ဓာကိုယ်ဇီဝဖြစ်စဥ်တွေ၊ သဘာဝလိုအပ်ချက်တွေနဲ့လိုက်ပြီး ချိန်ညှိတဲ့ ဗုဒ္ဓရဲ့ နည်းလမ်းနဲ့ အစားအသောက်နဲ့ အဝလွန်မှုအကြား ဆက်စပ်နေတဲ့ သိပ္ပံပညာက တွေ့ရှိလာခဲ့တဲ့ အချက်အလက်တွေကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။

အိမ်ထောင်ရှင်မတွေ၊ ကလေးမေမေတွေအဖို့လည်း ကိုယ့်သားသမီးတွေကို၊ ကိုယ်တမိသားစုလုံးကို တဘဝလုံးစာ စားသောက်မှုပုံစံအမှားမျိုးတွေ မပေးမိစေဖို့ ရှင်းပြထားတဲ့ သုတေသနအချက်အလက်တွေလည်း ပါဝင်ပါတယ်။

“ဗုဒ္ဓအလိုကျစားသောက်နည်း” အတိုင်း ရေရှည်လိုက်နာကျင့်သုံးသွားမယ်ဆိုရင် အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲရောဂါတွေ ကင်းဝေးပြီး ကျပြီးသားကိုယ်အလေးချိန်ကို ထိန်းညှိကာ အစာအာဟာရ မျှတကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကို ဘဝတစ်သက်တာ ရရှိသွားမှာ ဖြစ်ပါတယ်။

ပါရီမြို့၊ လပ်ဇင်ဘတ်ပန်းခြံထဲက ရှေးဟောင်းပေါင်းချိန်စက်တစ်ခုမှာ ရေးထားတဲ့ စာသားလေးက ဒီလိုပါတဲ့။
“ပုံမှန်ပေါင်ချိန်သောသူသည် မိမိကိုယ်မိမိ ကောင်းစွာ သိ၏။ မိမိကိုယ်မိမိ ကောင်းစွာ သိခြင်းဖြင့် အသက်ရှည်စွာ နေရ၏။”

စာမျက်နှာ

197

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဆုရောင်စဉ်စာပေ၊ 2023 မေလ၊ (ပထမကြိမ်)

24 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဗုဒ္ဓအလိုကျ စားသောက်နည်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

လင်းတင့်သီဟ စာအုပ်များ