ပျော်ရွှင်အောင်မြင် ဘဝနှင့်လုပ်ငန်းခွင်
6000 (ကျပ်)
ဒေးလ်ကာနက်ဂျီ၏ How to enjoy your life & your Jobs စာအုပ်ကို အကျဉ်းပြန်ဆိုပေးထားသည့် စာအုပ်ဖြစ်သည်။ လူသည် မိမိ၏ဘဝ ရပ်တည်မှုအတွက် လုပ်ငန်းခွင်အသီးသီးတွင် ပုံစံ အမျိုးမျိုးနှင့် ပါဝင်ရသည့်အခါ မိမိရောက်ရှိရာ လုပ်ငန်းခွင်နှင့် သဟဇာတဖြစ်ရန် လိုအပ်သလို ပျော်ရွှင်မှုရှိရန်လည်း လိုအပ်ပေသည်။ စိတ်ဝင်တစား ပျော်ပျော်ရွှင်ရွှင်နှင့် မိမိ၏ အလုပ်ခွင်ကို ဖြတ်သန်းခြင်းကသာလျှင် အောင်မြင်သော ဘဝတစ်ခုကို တည်ဆောက်နိုင်ရေးကို အထောက်အကူပြုမည် ဖြစ်ပေသည်။ ယခုစာအုပ်က ငြိမ်းချမ်းပျော်ရွှင်စေမည့် နည်းလမ်းခုနစ်သွယ်ကို ဖော်ပြထားပြီး လုပ်ငန်းခွင်အတွင်း အများနှင့် ဆက်ဆံပေါင်းသင်း ပူးတွဲလုပ်ဆောင်ရသည့်အခါ ကျင့်သုံးအပ်သော နည်းလမ်းများကိုလည်း ပူးတွဲဖော်ပြထားပါသည်။ စာအုပ်မှာ များစွာ မထူလှသော်လည်း လူတစ်ဦးချင်းစီအတွက် နေပျော်သော လုပ်ငန်းခွင်၊ အောင်မြင်သောဘဝ တည်ဆောက်နိုင်ရေး အထူးတလယ် လမ်းပြပေးနိုင်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။
| စာမျက်နှာ | 130 |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2023 ဒီဇင်ဘာလ (ဒုတိယအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 9.10.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 6000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
3 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ