ခက်ခဲသောအချိန်တို့က တာရှည်မခံ အခက်အခဲဒဏ်ခံနိုင်သူတို့သာ တာရှည်ခံစမြဲ

( 0 မှတ်ချက်)

7500 (ကျပ်)

အမေရိကန်တရားဟောဆရာ၊ စာရေးဆရာ Robert Harold Schuller ရေးပြီး ဆရာဇေရတု မြန်မာပြန်ဆို ထုတ်ဝေတဲ့ ဘဝ အခက်အခဲဒဏ် ကြံ့ကြံ့ခံနိုင်သူတွေအကြောင်းနဲ့ သူတို့ ဘယ်သို့ ဘယ်ပုံ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပုံတွေကို ရှင်းလင်း ဖွင့်ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ စာအုပ်အဖွင့်မှာ စာရေးသူက သူ ကလေးဘဝ မိဘနှစ်ပါးနဲ့ နေရစဥ် ခက်ခဲလှတဲ့ အခြေအနေ ဖြစ်ရပ်ဆိုးတွေကို သူ့ဖခင်ကြီး ဘယ်လိုကျော်လွှား ဖြတ်သန်းခဲ့ရတယ်ဆိုတာ မိုးခေါင် ရေရှား မှုဒဏ် အကြီးအကျယ် ကြုံတွေ့နေတဲ့ လယ်သမားတွေကို အားတက်ဖွယ် တွန်းအားပေးစကားနဲ့ လှုံ့ဆော်ရေးသားချက်ကိုဖတ်ရပါမယ်။ ဒီအရေးအသားကပဲ စာဖတ်သူကို ဆွဲဆောင်စေခဲ့ပြီး စာအုပ်ပြီးဆုံး သွားတဲ့အထိ ဖတ်ရှုမိပါလိမ့်မယ်။

ဖော်ပြပါ စာအုပ်အခန်းငယ်လေးတွေမှာလည်း ” လုပ်သင့်လုပ်ထိုက်သော အရာတစ်ခုအား လုပ်ကြည့်ရဲသူဖြစ်လျှင် လုံးဝ ရှုံးနိမ့်သူဟု မဆိုနိုင်၊ ကြိုးစားရဲလျှင် လုံးလုံး ဆုံးရှုံးသွားစရာ အကြောင်းမရှိ၊ ကြံ့ကြံ့ခံနိုင်သည့် လူတစ်ယောက် ဖြစ်အောင် လုပ်ဆောင်ပုံ၊ ပြဿနာတွေကို အကြောင်းပြချက်တစ်ခု ဖြစ်လာအောင် မလုပ်ပါနဲ့၊ ဘာမှ မလုပ်ဘဲ အပြစ်အနာအဆာ ကင်းကင်းနေခြင်းထက် တစ်ခုခု လုပ်၍ ချို့ယွင်းချက် များဖြစ်ခြင်းကသာ ကောင်း၏၊ မစတင်ဘဲ အနိုင်မရနိုင်၊ စတင်ခြင်းသည် တစ်ဝက်ပြီးမြောက်ခြင်းပင် “အစရှိတဲ့ အဆိုအမိန့်လေးတွေနဲ့ စာဖတ်သူ နားလည်လွယ်အောင် ရေးထားပါတယ်။

စာအုပ်အဖွင့်မှာ မမျှော်လင့်ဘဲ လေဆင်နှာမောင်းနဲ့ ကြုံတွေ့ခဲ့ရပြီး ပိုင်ဆိုင်မှုတွေအားလုံး ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဖခင်အကြောင်း ပြန်ပြောင်း ပြောပြရာမှာ ” ခင်ဗျားတို့တစ်တွေ ခက်ခဲတဲ့အချိန်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောတယ်။ ကျွန်တော့်အဖေ ကြုံခဲ့ရတဲ့အခြေ အနေ ထက်များ ပိုပြီးခက်ခဲနေကြသလား၊ ခင်ဗျားတို့ လောင်စာအတွက် ပြောင်းဖူးရိုးတွေကို သုံးနေရသလား။ လေဆင်နှာမောင်းတိုက်လို့ အရာ အားလုံးကို ဆုံးရှုံးခဲ့ဖူးသလား။ အပေါင်စာချုပ်ကရက်စေ့သွားပြီး ပေးစရာ ငွေမရှိတာ ကြုံဖူးလား။ ကိုယ့်လယ် ကိုယ့်မြေကို ထိုးရောင်းရမယ့်အဖြစ်မျိုးနဲ့ ကြုံဖူးပါသလား။ ဒါဆိုရင် ခက်ခဲတဲ့ အချိန်တွေဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် တစ်ခုပြောပြမယ်။ ကျွန်တော်ဟာ ဒီလမ်းကို လျှောက်ခဲ့တယ်။ ခက်ခဲတဲ့ အချိန်တွေအကြောင်း မှတ်ချက်ပြုဖို့ အခွင့်အရေးလည်း ကျွန်တော့်မှာရှိတယ်လို့ ယုံကြည်တယ်။ ဒီတော့ တစ်ခု ပြောပါရစေ၊ ခက်ခဲတဲ့ အချိန်ဆိုတာ တာရှည်မခံပါဘူး။ အခက်အခဲဒဏ် ခံနိုင်တဲ့လူတွေသာ တာရှည်ခံစမြဲပါ “လို့ ဆိုထားပါတယ်။
===

ယခုစာအုပ်မှာ ခက်ခဲလှတဲ့ဘ၀အခြေအနေ၊ မထင်မှတ်ထားပဲ ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ကြောင့် ကျဆုံးသွားမယ့်အဆင့်ထိရောက်သူတွေကိုပင် စိတ်ဓာတ် တက်ကြွခိုင်မာစေတဲ့ စိတ်ခွန်အားပေး စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အောင်မြင်ချင်သူ၊ အခက်အခဲကြီးကြီးမားမားနဲ့ရင်ဆိုင်နေသူ၊ လဲကျတိုင်း ပြန်ထချင်သူတွေအတွက် ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

189 (Woodfree paper)

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2025 နိုဝင်ဘာလ (ဒုတိယအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ခက်ခဲသောအချိန်တို့က တာရှည်မခံ အခက်အခဲဒဏ်ခံနိုင်သူတို့သာ တာရှည်ခံစမြဲ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဇေရတု စာအုပ်များ