



ပျော်ရွှင်ခြင်းကမ္ဘာတစ်ဖက်ခြမ်းမှာမင်းနေပါ
3000 (ကျပ်)
“ပျော်ရွှင်ခြင်းကမ္ဘာတစ်ဖက်ခြမ်းမှာမင်းနေပါ”ဆိုတဲ့စာအုပ်လေးဟာ စာရေးဆရာသံစဥ်သစ်ရဲ့လှပသေသပ်တဲ့ရေးဟန်များနဲ့ထပ်မံထွတ်ရှိလာတဲ့စာအုပ်လေးဖြစ်ပါတယ် ဘဝမှာစိတ်မပျော်ရွင်တဲ့အခါတိုင်း မိမိစိတ်နဲ့မိမိကိုယ် အဆင်မပြေတဲ့အခါတိုင်း စိတ်ညစ်ညူးနေတဲ့အခါတိုင်းမှာအကြိမ်ကြိမ်ဖတ်ရှုသင့်သောစာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်လူတစ်ယောက် ဟာ ဘယ်လိုဘဝမျိုးမှာပဲရှင်သန်ရပ်တည်နေပါစေ ပျော်ရွှင်တဲ့စိတ်နဲ့ရှင်သန်မယ် အကောင်းမြင်စိတ်နဲ့အတူ မိမိတို့ရဲ့ဖြစ်တည်မူတိုင်းကို ချစ်မြတ်နိုးမယ်ဆိုရင် ဘယ်လိုအခက်အခဲ ဘယ်လိုအတားအဆီးမျိုးမဆိုဖြတ်ကျော်ရဲတဲ့သတ္တိတွေရှိလာပါလိမ့်မယ် ရဲရင့်တဲ့စိတ်တွေနဲ့မိမိတို့ဘဝကိုတည်ဆောက်နိုင်ပါလိမ့်မယ်။ဒါကြောင့် မိမိတို့ဘဝမှာမရှိမဖြစ်အရေးပါတဲ့ပျော်ရွင်ခြင်းတွေကိုပိုင်ဆိုင်ဖို့အတွက်ပျော်ရွင်တဲ့စိတ်ကိုမွေးမြူရပါမယ်ပျော်ရွင်တဲ့လူသားအဖြစ်မိမိတို့ပုံရိပ်တွေကိုမြှင့်တင်ရပါမယ် လူတိုင်းအားကျရတဲ့ပျော်ရွင်စရာလူသားအဖြစ်ရှိနေရပါမယ်။တကယ်လို့ ကမ္ဘာကြီးဟာ နှစ်ခြမ်းကွဲသွားရင်တောင် မိမိတို့ဟာပျော်ရွင်စရာကမ္ဘာတစ်ခြမ်းမှာရပ်တည်နိုင်ဖို့ မိမိတို့စိတ်တွေဟာအဆင်သင့်ရှိနေရပါမယ်။ပျော်ရွင်စရာလူသားအဖြစ်မိမိတို့မှတ်တိုင်ကိုမိမိတို့ကိုယ်တိုင်လှလှပပရေးထိုးရပါမယ် ဒါမှသာ ပျော်ရွင်ကြည်နူးဖွယ်ကောင်းတဲ့ဘဝပိုင်ရှင်တွေအဖြစ်မိမိရဲ့ရှင်သန်မူဟာတောက်ပနေမှာဖြစ်ပါတယ်…။
စာမျက်နှာ | 94 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | မိုးထက်မြင့်မိုရ်စာပေ ၊ 2023 ဖေဖော်ဝါရီလ (ပထမအကြိမ်) |
6 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ