မင်းဘယ်လောက်တော်တော် အောင်မြင်ခြင်းဟာ မင်းရှေ့လာပြီး ဒူးမထောက်ဘူး

( 0 မှတ်ချက်)

5000 (ကျပ်)

စာရေးဆရာ သံစဉ်သစ်ရဲ့ဒုတိယအကြိမ် ပြန်လည်ထွတ်ရှိလာတဲ့စာအုပ်လေးဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဘယ်လိုဘဝတွေကြားထဲမှာမွေးဖွားလာခဲ့ပါသလဲ?
ကျွန်တော်တို့ဟာဘယ်လိုအ‌ခြေအနေမျိုးတွေနဲ့ကြီးပြင်းလာခဲ့ပါသလဲ?
ကျွန်တော်တို့ဟာဘယ်လိုပုံစံမျိုးတွေနဲ့ရှင်သန်နေပါသလဲ?

တကယ်တော့ဒါဟာကျွန်တော်ဘဝမှာသိပ်ပြီးအရေးပါတဲ့အရာမဟုတ်ပါဘူး ဆိုပြီး “အရူံးထဲကနေရုန်းထသူ “ခေါင်းစဉ်နဲ့စတင်ရေးသားခဲ့တဲ့ စာရေးဆရာသံစဉ်သစ်ရဲ့စိတ်ခွန်အားစာအုပ်လေးဖြစ်ပါတယ်။ ဒီစာအုပ်ထဲပါတဲ့ခေါင်းစဉ်တစ်ခုချင်းစီရဲ့စကားလုံးများဟာ ယခင်စာအုပ်များနဲ့မတူ ကွဲပြားခြားနားတဲ့ ရသတစ်မျိုးစီကိုပေးစွမ်းနိုင်ပါတယ်။ဒါကြောင့်လည်းစာဖတ်သူတို့ရင်ထဲကိုပုံစံတစ်မျိုးနဲ့စိတ်ခွန်အားများရောက်ရှိစေမှာဖြစ်ပါတယ်။

တကယ်တော့ အောင်မြင်ချင်းဆိုတဲ့အရာဟာကျွန်တော်တို့ဘယ်လောက်တော်နေသလဲဆိုတဲ့မေးခွန်းပေါ်မှာအခြေခံပြီးကျွန်တော်တို့ဘဝထဲကိုရောက်လာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ဘယ်လောက်တော်ပါစေ အောင်မြင်ချင်းဆိုတဲ့အရာကိုကိုယ်တိုင်ရယူပိုင်ဆိုင်ဖို့မကြိုးစားဘူးဆိုရင်ဘယ်တော့အခါမှအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ခွင့်ရမှာမဟုတ်ပါဘူး။

ဒါကြောင့် ဘဝမှာအောင်မြင်မူကိုလိုချင်ရင် ကိုယ်ဆီရောက်လာမဲ့အောင်မြင်မူကိုထိုင်စောင့်နေလို့မရပါဘူး။ ကိုယ်ကိုယ်တိုင်အောင်မြင်မူတွေရရှိဖို့ကြိုးစားရပါမယ် ရုန်းကန်ရပါမယ် ကျွန်တော်တတ်ထား သိထားတဲ့အတတ်ပညာ အသိပညာတွေနဲ့အောင်မြင်လမ်းကိုလျှောက်လှမ်းရပါမယ်။ ဒါမှသာအောင်မြင်တဲ့လူသားအဖြစ်ရှင်သန်နိုင်မှာဖြစ်ပါတယ်

စာမျက်နှာ

96

စာအုပ်အရွယ်အစား

5.2 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မိုးထက်မြင့်မိုရ်စာပေ ၊ 2023 မေလ (ပထမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

28.4.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 5000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

10 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မင်းဘယ်လောက်တော်တော် အောင်မြင်ခြင်းဟာ မင်းရှေ့လာပြီး ဒူးမထောက်ဘူး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သံစဉ်သစ် စာအုပ်များ