ပွင့်တစ်ချို့ကြွေတစ်ချို့

( 1 မှတ်ချက်)

9000 (ကျပ်)

…

စာမျက်နှာ

287

စာအုပ်အရွယ်အစား

4.8 x 0.5 x 7 inches

ပုံနှိပ်မှတ်တမ်း

စာပေလောက၊ 2013 မေလ (စတုတ္ထ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

28.4.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 9000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

19 in stock

ပွင့်တစ်ချို့ကြွေတစ်ချို့ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat –

    လောကမှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ
    ဆိုတာ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။

    ချစ်ခြင်းမေတ္တာ လို့ ခေါင်းစဥ်တပ်ပြီး
    တန်ဖိုးမဲ့တဲ့ လုပ်ရပ်တွေ လုပ်တတ်တဲ့
    လူတစ်ချို့ကြောင့်လည်း
    ချစ်ခြင်းမေတ္တာတွေဟာ
    တန်ဖိုးမဲ့သလို ဖြစ်ရပြန်တယ်။

    ဒီစာအုပ်လေးက
    (ယူတတ်ရင်)သင်ခန်းစာ ရစေမဲ့
    စာအုပ်လေးလို့လည်း ပြောလို့ရတယ်။

    မိန်းကလေးတွေရော ယော်ကျားလေးတွေရော အကုန်ဖတ်သင့်တဲ့
    စာအုပ်လေးပါ။

    ဖတ်ပြီးတဲ့အခါ
    ကျွန်မကတော့ “ခိုင့်”အတွက်
    စိတ်မကောင်း ဖြစ်မိတယ်။

    “အမကြီး အမိအရာ”ဆိုသလို
    မိသားစုဝင်တွေအတွက် “ခိုင်”ဟာ
    ကြိုးစား ရှင်သန်ခဲ့တယ်။

    ငွေကြေးအဆင်မပြေတဲ့ အခြေအနေမှာ
    စိတ်ရှိတိုင်း ပြတ်သားဖို့ မတတ်နိုင်ခဲ့ဘူး။

    “ခိုင့်”ရဲ့ မပြည့်စုံမှုတွေကို
    အခွင့်ကောင်းယူသွားတဲ့
    “ကိုထွန်းကျော်”လို
    “မောင်မောင်ဦး”လို လူမျိုးတွေ
    လည်း လက်တွေ့ဘဝထဲမှာ ရှိနေမှာပါပဲ။

    “ပေးတိုင်းလည်း မယူနဲ့
    ကျွေးတိုင်းလည်း မစားနဲ့” ဆိုတဲ့
    စကားလေးလိုပေါ့။

    မိန်းကလေးတွေ
    ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး
    ထိန်းသိမ်းတတ်ဖို့လည်း လိုပါတယ်။

    ဆရာမ မိုးမိုး(အင်းလျား)
    စာအုပ်တွေဖတ်ရတာ သဘောကျတဲ့အချက်က ဆင်ခြင်စရာ
    မှတ်သားစရာတွေ ရစေတာပါပဲ။

    ဒီစာအုပ်လေးကို ဖတ်ပြီးရင်တော့
    စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ
    တကယ် ရှိရဲ့လားလို့တောင်
    တွေးမိကောင်း တွေးမိလိမ့်မယ်။

    အပူမရှာချင်တဲ့ ကျွန်မလို
    လူတွေအတွက်တော့ ဒီစာအုပ်ကိုဖတ်ပြီး စုပ်တသပ်သပ် ဖြစ်စေရမယ်
    (သံဝေဂ ရမိမယ်)လို့ အာမခံပါတယ်။😁

    ကြုံကြိုက်တဲ့အခါ ဖတ်ကြည့်ပါနော်✨️

    #မိုးမိုးအင်းလျား
    #ပွင့်တချို့ကြွေတချို
    #bookno12
    #하은

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မိုးမိုး(အင်းလျား) စာအုပ်များ