ဂျိုး

( 1 မှတ်ချက်)

12000 (ကျပ်)

…

စာမျက်နှာ

322

စာအုပ်အရွယ်အစား

4.8 x 0.5 x 7 inches

ပုံနှိပ်မှတ်တမ်း

စာပေလောက၊ 2019 ဩဂုတ်လ (တ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.8.2024 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 8000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

17 in stock

ဂျိုး အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Yoon Shwe Yee –

    #ဂျိုး
    နောက်တစ်ခေါက် ဘယ်တော့မှ ပြန်မဖတ်တော့ဘူးရယ်လို့ ဆုံးဖြတ်ထားတဲ့ ဂျိုး….။
    ကိုယ်မှတ်မိတဲ့ စိတ်ဆင်းရဲစရာ အတိနဲ့ ဂျိုး..။
    မောနေရတဲ့ ဂျိုး..။
    ဝမ်းနည်းနေရတဲ့ ဂျိုး..။
    သူ့ကိုယ်သူ အဝိစိ ချိုးကပ်မဲ့ သူ ရယ်လို့ ခံယူပြီး နာမည်ဂျိုး ကို မြတ်နိုး နေတဲ့ တလွဲ ဂျိုး..။

    ပြန်ဖတ်မိပါတယ် ဂျိုး ရေ..။
    မောနေတဲ့ ဂျိုး ဟာ ကိုယ့်ကို မောစေတဲ့ ဂျိုး ဖြစ်လာတယ်..။
    ဝမ်းနည်းနေတဲ့ ဂျိုး ကို မိုက်မဲလိုက်တာ လို့ပဲ မြင်လာတယ်..။
    ဂျိုး ရေ ပြောင်း လဲ ပါ တော့ လို့ စာမျက်နှာ တိုင်းမှာ ရေရွတ်ခဲ့ မိတယ်..။
    လွန်ခဲ့တဲ့ ၁၂ နှစ် မှာ ဖတ်ဖြစ်ခဲ့တဲ့ ဂျိုး ဟာ ခုလဲ ဒီ အတိုင်းပါပဲ…။
    ၁၂ နှစ်တာ ကိုယ့် အမြင် ဟာပဲ ဂျိုး အပေါ် ပြောင်းခဲ့ ရတယ်..။
    လိမ္မာပါတော့ ဂျိုး…..။

    #မိုးမိုး(အင်းလျား)ရဲ့ ဂျိုး

    ဂျိုး က တစ်အိမ်လုံး ရဲ့ အညှာ၊အဖေ့ အသည်းကျော်။
    အဲ့တော့ ဆိုးတယ်၊ဗိုလ်ကျတယ်၊အနိုင်ကျင့်တယ်။ အိမ်ကျယ်လေး ဂျိုး…အရွယ်ရောက်၊ အပေါင်းအသင်း မင် လာတယ်။ ဆိုးမြဲဆိုး နေတဲ့ ဂျိုး၊ တစ်သက်လုံး အလိုလိုက်ခံခဲ့ ရတဲ့ ဂျိုး၊ မွေးစားခံရတယ်လို့ သိလိုက်တဲ့ အချိန် နာကျည်းတယ်၊ ဝမ်းနည်းတယ်၊လမ်းတွေ မှားတယ် ပေါ့ လေ..။
    အသက်ငယ်ငယ် နဲ့ ပညာစုံ နေတဲ့ ဂျိုး။ အရက်သောက်၊ဖဲ ရိုက် အတတ်စုံ နေတဲ့ ဂျိုး။
    ဂျိုး ကြောင့် ဒုက္ခ တွေ အမျိုးမျိုး ရောက်ခဲ့ ရတဲ့ မိသားစု။
    နိမ့်ချည် မြင့်ချည် လောက အမို့အမောက် တွေနဲ့ မောဟိုက်နေတဲ့ ဂျိုး..။
    ဂျိုးတစ်ယောက်များ လိမ္မာ လားမလား မျှော်လင့်ချက် နဲ့ မောခဲ့ ရပါတယ်။

    ဟုတ်ကဲ့။
    မော ခဲ့ ရ ပါ တယ်။ ဒါပေမဲ့ ပြီးအောင်ဖတ်ဖြစ်ခဲ့ပါတယ်။ ပြင်မရတဲ့ ဘဝပေး အခြေအနေ တချို့ကို ရိုးမယ်ဖွဲ့ ရင်း ဆိုး နေတဲ့ ဂျိုး ကို ကြည့် ပါတယ်။ ရွေးချယ်လို့ မရတဲ့ အကြောင်းတရား တွေ ကြောင့် ကိုယ့်ကိုကိုယ် ဖျက်စီးနေတဲ့ ဂျိုး ကို မြင်ပါတယ်။

    ဒါကြောင့်…

    မကောင်းမှု ကို မကောင်းမှန်း သိသော ပထမ အဆင့် ကိုပင် ဂျိုး မြင်ပါစေ…။
    ကျေးဇူးရှင် အဖေ ကို စိတ်ချမ်းသာမှုပေးနိုင်ပါစေ..။
    ဘဝ သစ် တဖန် ပြန်လည် ရှင်သန်လာပါစေ… ဆုတောင်းရင်း။

    ဒီစာအုပ်လေး ကိုဖတ်ရင်း… တွေးမိခဲ့တယ်။
    ပြင်လို့မရတဲ့ အခြေအနေ တွေ ကြောင့်
    ကိုယ်လျှောက်ရမဲ့လမ်းမှာ အတားအဆီး ဖြစ်နေခဲ့တယ် ဆိုရင်..
    ပြင်မရမှတော့ မတတ်နိုင်တာမို့ မေ့ပြီး၊လက်ခံပြီး ခုပဲ ထလျှောက်လိုက်ပါ။
    ပြောချင်တာကတော့…
    စာအုပ်ကောင်းလေး မို့ မော ရပေမဲ့ ဖတ်ရကျိုးနပ်စေလို့ ဖတ်ကြည့်ပါလို့ ညွှန်းရင်း……။

    ယွန်းရွှေရည်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မိုးမိုး(အင်းလျား) စာအုပ်များ